Daily Activities and Thoughts

Today I woke up at 6:15 am. However, because of the cold weather, I couldnt get up right away and stayed in bed for about half an hour. I know its a bad habit, but its one that Im having a hard time breaking. I heard in a YouTube video yesterday that its a lie that our brains tell us. Its a system that stimulates the brain to conserve energy. Its said that it was passed down from our ancestors. Many years ago, our ancestors used most of their energy for food. So, to conserve brain energy, they thought about themselves. So some habits just came naturally without us having to cultivate them.

IMG_20260212_115050.jpg

At 10 am, I picked the young leaves from the Ga Yat tree in the backyard. Im going to pickle these young Ga Yat leaves. Then an idea popped into my head. I thought it would be great if all the creatures on earth did not eat meat but only ate vegetables. If that were the case, no living creature would have to fight for its survival, and no creature would have to kill another for food. How great would that be, I thought to myself calmly. But I also thought on the other side. If all creatures only ate leaves and plants, the trees would eventually die. Without trees, it would be difficult for us to get the air we breathe. Without air, we would die. Thinking like this, everything that happens in this world is in balance. I thought more deeply that if something goes wrong, it will have negative consequences.

IMG_20260212_171620.jpg

IMG_20260212_171703.jpg

IMG_20260212_171614.jpg

I went for a walk in the evening. The fields were changing rapidly. One flower field, then another crop field, then a dry field, then a green field again, and so on. I was experiencing various paintings with different feelings.

IMG_20260212_172136.jpg

IMG_20260212_172100.jpg

IMG_20260212_171955.jpg

IMG_20260209_182346.jpg


Thanks for Reading

#KoKoMoeHein
@myanmarkoko


Myanmar Language

တစ်နေ့တာ လှုပ်ရှားမှုနှင့် အတွေးများ

ဒီနေ့တော့ မနက်ခင်း ၆း၁၅ လောက်မှာ အိပ်ယာက နိုးသည်။ သို့ပေမဲ့ ရာသီဉတုက အေးတာကြောင့် ချက်ခြင်းအိပ်ယာမထနိုင်ပဲ နာရီဝက်ခန့် အိပ်ယာထဲမှာနေသည်။ ဒါဟာ မကောင်းတဲ့အလေ့ကျင့်မှန်း သိပေမဲ့ ကျွန်တော်ဖျောက်ဖျက်ဖို့ ခက်ခဲနေသော အကျင့်ဆိုးတစ်ခုဖြစ်ပါသည်။ ဒါဟာ ကျွန်တော်တို့ရဲ့ ဉီးနှောက်က လိမ်ညာထားတဲ့ အရာတစ်ခုဖြစ်ကြောင်း မနေ့က Youtube video တစ်ခုမှာ နားထောင်ခဲ့ရသည်။ အဲ့တာဟာ အင်အားချွေတာဖို့ ဉီးနောက်မှာ လှုပ်ဆော်ပေးတဲ့ စနစ်တစ်ခုဟု သိရသည်။ ဒါဟာ ရှေးဘိုးဘေးတွေကနေ လက်ဆင့် ကမ်းခဲ့ရသည်ဟုဆိုသည်။ ရှေးနှစ်ပေါင်းများစွာက ကျွန်တော်တို့ ဘိုးဘေးတွေဟာ အစားအစာအတွက် အားအင်ကို အများဆုံးအသုံးပြုခဲ့ရသည်။ ဒါကြောင့် ဉီးနှောက် အင်အားကို ချွေတာဖို့ မိမိကိုယ်ကို သက်ညာတဲ့ အတွေးများကို ထဲ့ပေးသည်။ ဒါကြောင့် တချို့အကျင့်တွေကို ကျွန်တော်တို့က မမွေးမြူပဲ အလိုလိုပါလာခြင်းဖြစ်သည်။

မနက် ၁၀ နာရီလောက်တွင် အိမ်နောက်ဖေးက ဂရက်ပင်ပေါ်က နုထွတ်နေသော ဂရက်ညွန့်များကို ခူးသည်။ ဒီဂရက်ညွန့်များကို အချဉ်တည်မည် ဖြစ်သည်။ ထို့နှင့် အတွေးတစ်ခု ခေါင်းထဲတွင်ပေါ်လာသည်။ ကမ္ဘာပေါ်က သတ္တဝါတွေအားလုံး အသားမစားကြပဲ အသီးအရွက်တွေကိုပဲ စားကြရင် သိပ်ကောင်းမှာပဲ ဟုကျွန်တော်တွေးမိသည်။ ထိုသို့ဆိုလျှင် သက်ရှိများမည်သူမျှ အသက်ရှင်သန်ရေးအတွက် တိုက်ခိုက်စရာမလိုတော့၊ ဘယ်သတ္တဝါမှ အစာအတွက် သူတပါးရဲ့ အသက်ကို သတ်ဖို့ မလိုအပ်တော့ပေ။ ဒါဆိုဘယ်လောက်ကောင်းလိုက်မလဲဟု စိတ်ထဲတွင် အေးချမ်းစွာ တွေးမိသည်။ သို့သော် တခြားတစ်ဖက်တွင်လည်း တွေးဖို့ ဖြစ်လာပြန်သည်။ သတ္တဝါတိုင်းက အရွက်နဲ့ အပင်တွေကိုသာ စားကြရင် သစ်ပင်တွေ ကြာလာရင် ဗြုန်းတီးကုန်မည်။ သစ်ပင်တွေမရှိတော့ရင် ကျွန်တော်တို့ ရှူနေတဲ့ လေတွေ ရရှိဖို့အတွက် ခက်ခဲလာမည်။ လေမရှိရင် ကျွန်တော်တို့ သေဆုံးမည်။ ဤကဲ့သို့တွေးမိပြန်တော့ ဒီကမ္ဘာမှာ ဖြစ်ပျက်နေသမျှ အရာအားလုံးဟာ ဟန်ချက်ညီနေကြသည်။ တစ်ခုခုက တစ်ဖက်စောင်းနင်းဖြစ်သွား၍ ဆိုးကျိုးတွေဖြစ်လာမည်ဆိုတာကို ပိုပြီးလေးနက်စွာ တွေးမိသည်။

ညနေခင်းတွင် လမ်းလျှောက်ထွက်ဖြစ်ခဲ့သည်။ လယ်ကွင်းတွေဟာ မကြာခန ပြောင်းလဲနေသည်။ ပန်းခင်းတွေဖြစ်လာလိုက်၊ သီးနှံပင်တွေဖြစ်လာလိုက်၊ အဲ့ဒီနောက် ခြောက်သွေ့သော ကွင်းပြင်၊ ထို့နောက် တဖန် စိမ်းလန်းသော ကွင်းပြင် စသဖြင့် အမျိုးမျိုးသော ပန်းချီကားများကို ခံစားချက်အမျိုးမျိုးဖြင့် ကျွန်တော်ခံစားနေပါတော့သည်။

ကိုကိုမိုးဟိန်း
@myanmarkoko



0
0
0.000
4 comments
avatar

⚠️⚠️⚠️ ALERT ⚠️⚠️⚠️

HIVE coin is currently at a critically low liquidity. It is strongly suggested to withdraw your funds while you still can.

0
0
0.000
avatar

ကတက် က ကျွန်တော်ဆီမှာ အညွန့် အထွက်သေးဘူး။
!PIZZA

0
0
0.000
avatar

ဟုတ် ဒီမှာတော့ ကတက်ညွန့်တွေဝေဆာနေပြီ။

!PIZZA
untitled.gif

0
0
0.000