Aillness And My Thoughts / ဖျားနာခြင်းနှင့် ကျွန်တော့်အတွေးများ (Eng-Myan)

Since yesterday, I have been suffering from a runny nose and cough. I have also started to feel a headache. So, I spent almost the whole day yesterday taking medicine and sleeping. It is only when I am sick that I realize how important health is. We can only achieve the goals we want to achieve when we are healthy.

I have been through a lot of sad things these days. The first is the passing of a close uncle of mine, aged 60. The second is that one of my three cats died last Wednesday. Death is something we humans cannot avoid. Moreover, death is something that challenges all living things around us. I read a news story last week. It said that scientists are trying to make humans live forever. If humans could live forever, it could have both positive and negative effects. If people who do good for humanity could live forever, it would be beneficial. Similarly, if people who do harm to humanity could live forever...

IMG_20250912_115518.jpg

IMG_20250912_115521.jpg

IMG_20250912_115454.jpg

IMG_20250912_115522.jpg

IMG_20250912_115452.jpg

IMG_20250912_115456.jpg

IMG_20250912_115746.jpg

IMG_20250907_113011.jpg


<<---(Myanmar Language)--->>

မနေ့က စတင်၍ ကျွန်တော့်မှာ နာစေး, ချောင်းဆိုး ဖြစ်၍လာသည်။ ဒီကနေ့ မနက်ပိုင်းမှ စတင်၍ ခေါင်းကိုက်ခြင်းကိုပါ ခံစားရသည်။ ထို့ကြောင့် ဒီကနေ့ တစ်နေကုန်နီးပါး ဆေးသောက်၍ အိပ်စပ်ကာ ကျွန်တော့်ရဲ့အချိန်များကုန်ဆုံးခဲ့သည်။ ကျန်းမာရေးသည် ဘယ်လောက် အရေးကြီးကြောင်း နေမကောင်းဖြစ်တဲ့အခါမှ ပို၍သိလာရသည်။ ကျွန်တော်တို့ ဖြစ်ချင်သော ရည်မှန်းချက်များကို ကျွန်တော်တို့ ကျန်းမာနေမှသာ အကောင်ထည်ဖော်ဆောင်နိုင်မည်မဟုတ်လား။

ဒီရက်ပိုင်းမှာ စိတ်မကောင်းစရာများနှင့် ကြုံတွေ့ရသည်။ ပထမဆုံး တစ်ခုက ကျွန်တော်နှင့် ရင်းနှီးသော အသက် ၆၀အရွယ် ဉီးလေးတစ်ယောက် ကွယ်လွန်သွားခဲ့သည်။
ဒုတိယကတော့ ကျွန်တော့်အိမ်က ကြောင်ကလေးသုံးကောင်ထဲမှ တစ်ကောင်သည် လွန်ခဲ့သောတစ်နေ့က သေဆုံးသွားခဲ့သည်။ သေခြင်းတရားသည် ကျွန်တော်တို့ လူသားများ ရှောင်လွဲလို့ မရနိုင်သောအရာဖြစ်သည်။ ထိုမျှမကပါ သေခြင်းတရားသည် ကျွန်တော်တို့ပတ်ဝန်းကျင်က သက်ရှိအားလုံးကို စိန်ခေါ်နေသော အရာတစ်ခုလည်းဖြစ်ပါသည်။ ပြီးခဲ့တဲ့ အပတ်က သတင်းတစ်ခုဖတ်ခဲ့ရသည်။ ထိုသတင်းမှာ လူသားများ ထာဝရရှင်သန်သွားရန် သိပ္ပံပညာရှင်များ ကြိုးစားနေကြောင်းဖြစ်သည်။ လူသားများ ထာဝရရှင်သန်နိုင်လျှင် ကောင်းကျိုးနဲ့ ဆိုးကျိုး နှစ်မျိုးစလုံးကို ဖြစ်ပေါ်စေနိုင်ပါသည်။ လူသားတို့ ကောင်းကျိုးအတွက် လုပ်ဆောင်ပေးမည့်လူ ထာဝရှင်သန်နိုင်လျှင် အကျိုးကျေးဇူးများပေမည်။ ထို့အတူ လူသားများ၏ အသက်အန္တရယ်ကို ထိခိုက်အောင် လုပ်ဆောင်မည့် လူသည် ထာဝရရှင်သန်ခဲ့လျှင်တော့...

IMG_20250912_115518.jpg

IMG_20250912_115521.jpg

IMG_20250912_115454.jpg

IMG_20250912_115522.jpg

IMG_20250912_115452.jpg

IMG_20250912_115456.jpg

IMG_20250912_115746.jpg

IMG_20250907_113011.jpg

Thanks for Reading

#KoKoMoeHein
@myanmarkoko




0
0
0.000
5 comments
avatar

တုတ်ကွေးရာသီ ဂရုစိုက်ပါ ညီရေ
!PIZZA
!HUG

0
0
0.000
avatar

ဟုတ်ကဲ့ အကိုရေ...
ဂရုစိုက်တဲ့ ကြားကဖြစ်သွားတာ။ ခေါင်းကိုက်တာတော့ ပျောက်သွားပြီ။ နာစေးတာပဲ ကျန်နေတာ။
!PIZZAuntitled.gif

0
0
0.000