လူလည်

avatar

လူလည်အကျတတ်ဆုံးလူတွေထဲမှာ crypto bro တွေ အတော်များပုံရပါတယ်။ Crypto bro တယောက်ဟာ အိမ်အငှား platform တခုဖြစ်တဲ့ Airbnb ကနေ အိမ်တလုံးကို သုံးပတ်စာ ငှားရမ်းပြီးတော့ Bitcoin mining rig တွေ ဆင်ပြီး Bitcoin တွေ mining လုပ်သွားခဲ့ပါတယ်။

ဒီပုဂ္ဂိုလ်ဟာ သူ့အိမ်မှာ mining rig တွေဆင်ပြီး mining လုပ်ရင် မီတာခတက်မှာဖြစ်ပေမယ့် Airbnb ကနေ ငှားတဲ့အိမ်တွေမှာကတော့ မီတာခပါ အပြီးအစီးဈေးဖြစ်တဲ့အပြင် ကိုယ်ရှာတတ်ရင် ရှာတတ်သလို ဈေးသက်သာတဲ့ အိမ်တွေလည်း တွေ့နိုင်ပါသေးတယ်။ တဖက်မှာ ပြန်ကြည့်ရင်လည်း အိမ်ရှင်က အိမ်မှာလည်း ပေးနေရတဲ့အပြင် မီတာခကိုလည်း နင့်နေအောင် စောင့်ရတာဖြစ်လို့ နှစ်ခါနာတဲ့အဖြစ်မျိုးပါ။

အခုလည်း ဒီပုဂ္ဂိုလ်ဟာ သူ့ရဲ့ သုံးပတ်စာငှားရမ်းထားချိန်အတွင်းမှာ mining rig 10 လုံးနဲ့ Bitcoin mining ရှယ်လုပ်သွားခဲ့ပြီး အမြတ် $100,000 အထိ ရခဲ့ကြောင်း အိမ်ရှင်ကို ပွင့်ပွင့်လင်းလင်းပြောခဲ့ပေမယ့် အိမ်ရှင်ကတော့ သုံးပတ်စာမီတာခကို $1,500 အထိ ရှင်းလိုက်ရပါတယ်။ ဒါကြောင့် နောက်ဆိုရင် အိမ်ရှင်ဖက်ကနေ သူတို့ရဲ့ Airbnb အိမ်အငှားစည်းကမ်းချက်တွေမှာ crypto mining မလုပ်ရဘူးဆိုတဲ့ စည်းကမ်းချက်ပါ ထည့်သွင်းတော့မှာဖြစ်ကြောင်း social media မှာ မျှဝေထားခဲ့ပါတယ်။

အိမ်ရှင်ရဲ့ post အောက်မှာ တခြား Airbnb အိမ်ရှင်တွေကလည်း သူတို့ရဲ့အဖြစ်တွေကို မျှဝေထားခဲ့ကြပြီး သူတို့ရဲ့ Airbnb အိမ်တွေမှာ Bitcoin mining လာလုပ်နေကြတာကြောင့် မီတာခတွေ 2 ဆတက်သွားခဲ့ဖူးကြောင်းတွေနဲ့ အိမ်ငှားတွေကို အတင်းမောင်းချခဲ့ရကြောင်းတွေ ဆိုထားကြပါတယ်။

Reference Link: https://protos.com/airbnb-host-adds-no-crypto-mining-rule-after-tenant-installs-10-rigs/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments