ဈေးတွေက ကျပါတယ်ဆို ဟက်ကာတွေက တမျိုး

2022 ခုနှစ်တုန်းက Ronin bridge ကနေ $622 million ဖိုး ETH တွေ hack ခံခဲ့ရပြီးနောက် 3 နှစ်အကြာမှာ $12 million ဖိုး ETH တွေ ထပ် hack ခံလိုက်ရကြောင်း Sky Mavis က ကြေငြာလာပါတယ်။ Axie Infinity game ရဲ့ ဖန်တီးရှင်ဖြစ်တဲ့ Sky Mavis ဟာ Ronin bridge hack ခံရမှုအတွက် အဓိကတာဝန်ရှိသူဖြစ်ပြီးတော့ MEV (Maximum Extractable Value) ကျိုးပေါက်မှုကနေ hack ခံခဲ့ရတာဖြစ်ကြောင်း ကြေငြာထားပါတယ်။ လောလောဆယ်မှာ Ronin bridge ပေါ် $850 million ဖိုး cryptocurrency တွေ ရှိနေသေးပြီး ဒီ crypto တွေကတော့ လုံလုံခြုံခြုံရှိနေသေးကြောင်း Sky Mavis က အာမခံထားပါတယ်။

Hack ခံလိုက်ရတဲ့အထဲမှာ 4,000 ETH နဲ့ $2 million ဖိုး USDC တွေပါသွားခဲ့ပေမယ့် ဒီ crypto တွေကို white hat hacker တစုကနေ ပြန်ယူပေးနိုင်ခဲ့တာကတော့ အဆိုးထဲက အကောင်းတခုပါ။ Sky Mavis အနေနဲ့ ဒီ white hat hacker တွေကို $500,000 အထိ ဆုချသွားမှာဖြစ်ပြီးတော့ security ပိုင်းကိုလည်း ပိုပြီးတိုးမြှင့်သွားမှာဖြစ်ကြောင်း ကြေငြာထားပါတယ်။

Crypto blockchain တွေကြား ကူးလူးဆက်သွယ်ပေးထားတဲ့ bridge တွေဟာ မကြာခဏ hack ခံရလေ့ရှိတာကြောင့် bridge လုပ်ပြီးတိုင်း၊ swap လုပ်ပြီးတိုင်းမှာ wallet access ကို ပြန်ဖြုတ်ခဲ့ဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် bridge hack ခံရတဲ့အခါ ကိုယ့်ရဲ့ wallet ကိုပါ access ရသွားနိုင်ပြီး အထဲက crypto တွေပါသွားနိုင်ပါတယ်။

Reference Link: https://decrypt.co/243343/ronin-gaming-network-recovers-swiped-ethereum-12-million-attack

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments