တွေးရင်း ငေးရင်း ဆွေးရင်း။

တရက်ခြား ပိုစ့်တင်ဖို့ ပျက်ကွက်ရသည်။ မနေ့က
ပိုစ့်တင်ရက်ဖြစ်သည်။ တူမတို့ ဇနီးမောင်နှံ
ဖုန်းဝယ်သည်ကို လိုက်ပါခဲ့သဖြင့် ပိုစ့်တင်ဖို့
ပျက်ကွက်ရသည်။ ပျက်ကွက်ဆို ကျွန်တော်က
စာရေးဖို့ ပျင်းနေတာကြောင့်လည်း ဖြစ်သည်။
ပုံမှန်ဆိုပါမူ နေလယ်စာ စားပြီး အတန်ကြာပါလျှင်
ကျွန်တော်က ပိုစ့်တင်ဖို့ စာရေးသည်။ မနေ့က
ထိုသို့သော အချိန်မှာရေးပါမူ ပိုစ့်တင်နိုင်ပေမည်။

သုံးနာရီကျော်လောက်မှ ပိုစ့်တင်မည်ဟု စိတ်ကူးကာ
ဖုန်းလေးကောက်ကိုင်မိသည်။ တူမများက ဖုန်းဝယ်မည်
ဆို၍ ကိုယ်တွေလည်း လိုက်ပါမိသည်။ လိုက်ရသည့်
အကြောင်းက ကျွန်တော်ဖုန်းမှာ မှန်မကွဲကပ်ထား
သည်က ပြုတ်ကျထားသဖြင့် အလယ်တည့်တည့်
အက်ရာကြီးဖြစ်ပေါ်နေသည်။ ဒီအတိုင်းထားပါရင်
နောက်တခါပြုတ်ကျပါက ဖုန်း၏ အတွင်းမှန်
ကွဲနိုင်သည်ဟု ပြော၍ မှန်မကွဲ ထပ်မံကပ်ရန်အတွက်
လိုက်ခဲ့သည်။ ဖုန်းဆိုင် သုံးဆိုင်မေးကြည့်ရာ
တဆိုင်မှ ကိုယ်တွေဖုန်းရဲ့ မှန်မကွဲ မရှိဟု ပြောသည်။

မြို့သစ်ဖုန်းဆိုင်တခုမှာ တူမများ၏ လိုချင်သော
ဖုန်းမရသဖြင့် မြို့ထဲ ဆိုင်သို့ သွားရောက်ကြည့်သည်။
မြို့တွင်း ၇၈လမ်းမပေါ် ရှိ စူပါမိုဘိုင် မှာ တွေ့ပေသိ
သူတို့သိထားသော ဈေးနှုန်းထက် လေးသောင်း
ကွာနေသည်။ ထိုကြောင့် မြို့သစ်သို့ ပြန်လာကာ
ဖုန်းနှင့် လျှပ်စစ်ပစ္စည်များရောင်းသော ဂလိုဘဲ
အမည်ရှိသော ဆိုင်သို့ ဝင်ရောက်ကြည့်သည်။
ထိုဆိုင်က ဖွင့်ပွဲပြုလုပ်ထားသည်မှာ မကြာသေးပေ။
ဖောဖော်ဝါရီ ၂၈ ရက်ထိ လျော့ဈေးရှိသည်ဟု
ရေးထားသည်။ သူရို့ဝယ်သော ဖုန်းက တရုတ်ဖုန်း
Mi ဖြစ်သည်။ ရှစ်သိန်းလေးသောင်းဖြင့်ရခဲ့သည်။

သူရို့ဖုန်းဝယ်တော့ ကိုယ်တွေပါ ဖုန်းအသစ်လေး
ရချင်စိတ်ဖြစ်မိသည်။ ကိုယ့်ဖုန်းလေးက ရှစ်နှစ်ခန်း
ကျော်ခဲ့ပြီးဖြစ်သည်။ မော်ဒန်နိမ့်သမို့ မှန်မကွဲပင်
ဝယ်၍မရပေ။ အဲ့သလို ဟာ မရှိဟု ဖုန်းဆိုင်တိုင်းက
ပြောကြသည်။ သူရို့က တရုတ်ဖုန်းကိုင်သူများမို့
တရုတ်ဖုန်းကိုပင် ဆက်လက်ဝယ်ကြသည်။
ကိုယ်တွေက ဆမ်ဆောင်သမားမို့ ဆမ်ဆောင်သာ
နှစ်သက်သည်။

ဘယ်တော့များမှ ဖုန်းအသစ်လေးကိုင်ရပါ့။
ဟိုက်ဈေးလေး တက်ပါရင်ဖြင့် ဖုန်းအသစ်ကလေး
ပြေးဝယ်ချင်စမ်းပါဘိ။ ဖုန်းအသစ်လေးရဖို့
အရေး Hive ဈေး တက်ပါဟေ့ ဟု ပြောရ၊
အော်ရလေးမလား။ ထိုသို့ ပြော၍ အော်၍
ရရင် အပြေးအလွှား အော်ချင်စမ်းပါဘိ။
ခုများတော့ ဖုန်းအဟောင်းလေးဖြင့် စာရေးကာ
ဟိုက်ဈေးတက်မည့်အချိန် စောင့်မျော်ရင်း
ပိုစ့်တွေ ရေးနေရပေအုံးတော့မည်။ ဖုန်း
အဟောင်းလေးလည်း ဈေးမတက်ခင်ကြား
ဘာမှ ဘာမှ မဖြစ်ပါစေနဲ့ဟု ဆုတောင်းရပြန်သည်။

@htwegyi
February 2, 2026



0
0
0.000
6 comments
avatar

Hive စျေးတက်ရင် လပ်တောပ့်လေးဝယ်ဖို့ အားခဲထားတယ်ဗျာ 😅

!PIZZA

!sbi status

0
0
0.000
avatar

Hi @myanmarkoko!

  • you have 18 units and 0 bonus units
  • your rshares balance is 532524374898 or 0.056 $
  • you need to wait until your upvote value (current value: 0.019 $) is above 0.021 $



    Have you seen our website?
    It's a great resource to check your Hive SBI levels, along with your history of who has sponsored you and what upvotes we have provided you!
0
0
0.000
avatar

တက်စေချင်လှပေါ့။

0
0
0.000
avatar

ကိုရွှေဟိုက် ကယ်မှ လွတ်မြောက်မယ့် ဘဝပါ
!LOLZ
!HUG

0
0
0.000
avatar

ဟုတ်တယ် သူတက်ရင် မျော်တော်ရောင် ဘဝက
လွတ်ပြီထင်ပ။

0
0
0.000