တခါတုန်းက စတီးမစ်။

Hive က နှစ်ဆယ့်ငါးပြားသို့ ရောက်ရှိသွားသည်။
အနီရောင်များက အောက်သို့ စောက်ထိုးဆွဲနေသည်။
အနီရောင်များနဲ့အတူ အပူတွေလည်း ရောက်လာသည်။
ရာသီက တဖြည်းဖြည်း မသိမသာမှ
သိသာစေလာသည်။ အပူနဲ့ အနီ တွေ့ကြသောအခါ
ရင်ပူတာပေါ့။ မည်သောအခါမှ စိမ်းပါမည်။
ပက်ပက်စက်စက် စိမ်းပါ။ ရက်ရက်စက်စက်
စိမ်းပါ။ ကိုညီထွဋ်ရဲ့ ဂန္တဝင်စိမ်းလို Hive
ရေ စိမ်းပါအုံးလေ။

စိမ်းကားလွန်သော ဟိုက်၏ အစိမ်းရောင်များက
ရက်လကြာရှည် စောင့်ရသူတွေအတွက် ကြာခဲ
လိုက်တာ။ မနေ့က ပြားသုံးဆယ်သို့ ခဏရောက်ရှိသည်။
ကိုယ်တွေ ရောင်းထုတ်လိုက်ရမည်။
ထပ်များတက်အုံးမလားဟု မျှော်လင့်၍ ဟိုက်
အနည်းငယ်မရောင်းလိုက်ရပေ။ ပြားသုံးဆယ်မှာ
ရောင်းပြီး ယခုနှစ်ဆယ့်ငါးပြားမှာ ပြန်ဝယ်ပါမူ
အနည်းငယ်တော့ အမြတ်ကျန်ပေမည်။

အရောင်းအဝယ် လုပ်သည်ကလည်း
ဈေးကွက်ကို မျက်ခြေမပျက်ကြည့်နေမှဖြစ်မည်။
လက်ရဲ ၍ သွက်လက်စွာ ဆုံဖြတ်ချက်ချရမည်။
တွေဝေနေပါမူ နောက်ကောက်ကျပေမည်။
ကံတရားလည်း ပါသေးသည်။ ကိုယ်တွေက
ဖော်ပြပါအချက်များနဲ့ ဆန့်ကျင့်ဖက်ပါလေ။
သို့ပေသိ တဖြည်းဖြည်းချင်း သင်ယူရင်း
Trade ကြည့်ပါသည်။

ကိုယ်တွေ Trade လုပ်သည်က အများအတွက်
မပြောပလောက်သည့် ပမာဏဖြစ်ပေမည်။
သို့ပေသိ ကျွန်တော်က ထိုသို့သော အနည်းငယ်
ကလိနေရသည်ကပင် ကျေနပ်နေသည်။
အခြားသူများက Trade လုပ်ခြင်းကို စနစ်တကျ
ဂရပ်လိုင်းများဖြင့် တွက်ချက်ပြုလုပ်သည်။
ကိုယ်တွေက‌တော့ နီပါရင် ဝယ်၍ စိမ်းပါမူ
ရောင်းထုတ်တော့သည်။ အရှုံးအမြတ်ကို
သေချာတွက်ချက်မှု မရှိတော့ပေ။

မည်သို့ရေးရပါမူ ဖဲကစားသမား။ ဖဲမကစား
ရပါက ဖဲရိုက်သူဘေးမှ ငေးမောကြည့်နေသည်
နှင့်တူသည်။ ကိုယ်တွေငယ်စဉ်ကလည်
ထိုနည်းအတိုင်ပင်။ ငယ်စဉ်က ရပ်ကွက်ထဲ
မသာအိမ်ရှိပါမူ ဖဲဝိုင်းဘေးမှာ သွားငေးနေတတ်သည်။
ကိုယ့်လက်ထဲငွေရှိပါလည်း ဘေးမှ
ဘေးထိုးသားအနေနှင့် ဝင်ရောက်ထိုးသည်။
သို့ပေသိ လောင်းကစားနဲ့ ပတ်သက်ပါမူ
ကံမကောင်းတတ်ပါ။ ထိုကြောင့် လောင်းကစား
များကို အတတ်နိုင်ဆုံး ဝေးအောင်ရှောင်သည်။

Hive ၏ အစိမ်းရောင်နေ့ရက်များ မည်သို့သော
အချိန်များမှာ ရောက်လာပါမည်နည်း။
ရောက်သင့်သည့်အချိန်ထက် ကြာနေသလားလေ။
ကိုယ်တွေပဲ မျှော်တော်ဇောနဲ့ မောနေလို့လား။
ဟိုးယခင် Steemit တွေ $10 ကျော်ခဲ့စဉ်က
အချိန်ကို သတိရမိသည်။ ထိုအချိန်က ကိုယ်တွေ၏
ပိုစ့်တခုကို ဆယ်ဒေါ်လာကျော်ရရှိခဲ့သည်။
သို့ပေသိ ထိုအချိန်က ကျွန်တော်သည် Hive
ကို ရောင်းရမှန်းမသိပါချေ။ ကိုယ်တွေ၏
ကံတရားကိုသာ ရေးတာပါ။ ဝိုင်းစုရဲ့ သီချင်းလို
တွေးမိတိုင်းသာ ငိုတော့ မငိုချင်ပါ၊ လွမ်းမိပါတော့သည်။

@htwegyi
March 4, 2025



90
0
0.534 POB

5 comments

လာပါလိမ့်မည် ရွှေကျီးညို
!LOLZ
!HUG

0
0
0.000 POB

ရွှေကျီးရေ အမြန်လာဟေ့ 😀။

0
0
0.000 POB