ထဘီ မနိုင်၊ ပဝါ မနိုင် ခေါင်းက ပန်းခိုင်း ပြုတ်ကျချည်ရဲ့။
Hive ဈေးသည်က ဆယ်ပြားအောက်သို့ ရောက်ခဲ့ပေသည်။
မည်သို့ မည်မျှ မည်ရွေ့ကြောင့် အဲ့သလောက်ကြီး
ဖြစ်ရလေသနည်း။ ဟ မ မင်း
ရယ်မှ တ ရပေတော့မည်။ ကိုယ်တွေ မျှော်လင့်
စောင့်စားနေရသည်က တဒေါ်လာ။ ရောက်ရှိလို့
လာသည်က ဆယ်ပြားဆိုတော့။ အမယ်ဘုတ်ရဲ့
ချည်ခင် ဘယ်သူလာလို့ ရှင်းပါလိမ့်မလဲ။
Hive ဈေးက ကျရသည့်အထဲ ကျန်းမာရေးက
မကောင်းဆိုသလို။ တနေ့က အိမ်မှာ အမက စ၍
ဖျားသည်။ ထိုနောက် သူ့သမက်။ ပြီးနောက် ကျွန်တော်။ နောက်ထပ် တာယာပွကြီး အသီးသီး
ဖျားကြလေသတည်း။ ကျွန်တော်က ဖျားဆို
တနေ့က ရေအေးများဖြင့် ခေါင်းကို လောင်း၍
ရေချိုး ခေါင်းလျှော်ပြုလုပ်သည်။ နောက်ရက်မှာ
လူက မလန်းပေ။ ခေါင်းအနည်းငယ် ကိုက်လာသည်။

ဟိုဟာလုပ်၊ ဒီဟာလုပ်သဖြင့် လူက အေးသလိုလို
မအေးသလိုလိုဖြစ်သည်။ ရေကို ချိုးရမလား၊
မချိုးရဘူးလား ကိုယ်ဖာသာ စမ်းစစ်နေသည်။
ရေမချိုးပါမူ မျက်လုံးများက ကြည့်မကောင်းပေ။
ထိုမျက်လုံး ကြည့်မကောင်းတာ တခုနှင့်ပင်
ကျွန်တော်မှာ နေ့စဉ်ရေချိုးဖြစ်နေသည်။
ဒီတော့ ရေစက်မောင်း၍ ရေချိုးရသည်။ နို့မို့
ကန်ထဲရေကို မချိုးနိုင်ပေ။ ရေစက်မောင်းသည့်
ရေက နွေးသဖြင့် ခပ်သွက်သွက်ချိုးလိုက်သည်။
ဒီကြားထဲ ဝမ်းမသွားသဖြင့် ဆေးပုလဲရွက်မျာလည်း
နေ့လယ်မှာ ထမင်းနှင့်ရော၍ စားထားသည်။
လူက ရေချိုးသဖြင့် အနည်းငယ်လန်းသလိုရှိသည်။
သို့ပေသိ ခေါင်းက အနည်းငယ်မူးသေးသည်။
နေ့လယ်စာကို ငံပြာရည်ချက်၊ ငါးရေချိုးချက်ဖြင့်
စားသည်။ အတို့အမြုပ်အတွက် အိမ်ဘေးမှ
ရဲယိုရွက်၊ သင်္ဘောရွက်နုနှင့် သင်္ဘောပွင့်များကို
ခူး၍ ပြုတ်ပြီးတို့စားသည်။ ဈေးမှ ဝယ်လာသော
မုန်လာချဉ်များကိုလည်း တို့မြုပ်စားကြသည်။


အဲ့သလိုနဲ့ နေ့လယ်မှာ စားထားသော
ဆေးပုလဲရွက် တန်ခိုး၊ မုန်လာချဉ် တန်ခိုးများကြောင့်
ညနေ နေဝင်ရီတရောမှာ ပြေးရပါတော့သည်။
တော်တော်လေးများစားရင် မော်တော်လေးများ
သွားသလို စာဆိုနဲ့အညီ။ သာယာသောအိမ်ကလေးသို့
သာသာယာယာ မသွားနိုင်။ ကသောကမျော
သွားရကာ။ ထဘီ မနိုင်၊ ပဝါ မနိုင် ခေါင်းက ပန်းခိုင်း
ပြုတ်ကျချည်ရဲ့။ အဲ့သလို စတိုင်အနေအထားနဲ့
အပြေးအလွှား ဂိုးရပါလေသည်။ ထိုသို့ပြုမူခဲ့
ပြီးနောက် ဝမ်းတလုံးကောင်းတော့ ခေါင်းမခဲ
ဆိုသလို ကြည်သာရွှင်လန်း ဝမ်းပန်းတသာ
ဖြစ်ရသည်။ သို့သော် ခေါင်းက အနည်းငယ်
မကြည်လင်သေးပေ။ Hive လေးစိမ်းကာ
အတော်အတန် ဈေးတက်ပါရင်ဖြင့် ခေါင်းက
ကြည်လင်ကောင်းပါရဲ့။
@htwegyi
December 15, 2025
ဈေးနှုန်း ကိန်းဂဏန်းကြားထဲ ပါလာတဲ့ decimal point (.) က နေရာ လွဲနေလို့ပါ။
တကယ်လို့ သူသာ 9 နောက်မှာ ရှိနေခဲ့လျှင် ...
!LOLZ
!PIZZA
ဟုတ်ပေ့ဗျို့ အဲ့သလိုဟာဆိုပါရင်ဖြင့် ကောင်းတာပ။
$PIZZA slices delivered:
@golden.future(2/10) tipped @htwegyi
Join us in Discord!