စီးတော်ဘီး။
အမေသည် မနက်စာကို ဘူးသီးကြော်ဖြင့်စား
သည်။။ ဘူးသီးကြော်ဟု ဆိုရာဝယ် ဘူးသီးစိတ်ကို
မစားပေ။ ဘူးသီးကြော်၏ အပြင်သား မုန့်အနှစ်
ကြော်ကိုစားခြင်းဖြစ်သည်။ ဘူးသီးကြော်ကို
အမေစားပြီးသည့်အခါ အတွင်းဘူးသီးသားများ
ကျန်နေတတ်သည်။ ဘူးသီးကြော် ဆိုသည်ကလည်း
သူ့အပြင်ကာ မုန့်အနှစ်နဲ့ တွဲပြီးစားပါမှ စား
ကောင်းသည်။ ယခုတော့ အပြင်အကာမပါသော
ဘူးသီးချောင်းကို အမေ့မစား၍ ကျွန်တော်တို့က
စားရသည်။ ဘူးသီးချောင်းက အရသာမရှိပေ။
အပြင်ကာ မုန့်အနှစ်ကို စားသည်ပင် အမေသည်က
ကြွတ်မှ စားသည်။ နောက်ပြီး အမေ့က အကြော်ကို
ပူမှ စားပြန်သည်။ အကြော်ကို ဈေးမှာ သွားဝယ်ရသည်။
ဈေးက အိမ်နဲ့ သုံးပြကျော်ခန့်ဝေးသည်။
မနက်စောစော အမေအိပ်ရာထ သည်နှင့်
အကြော် သွားဝယ်ရသည်။ အကြော်ဝယ်နှင့်
ဈေးဝယ်ခြင်းကို တပြိုင်နက် ဝယ်ရန် စိတ်ကူးသည်။ သို့ပေသိ အကြော်က မနက်ခင်းစောစောဝယ်ရသည်။
ဈေးမှ ဈေးသည်အချို့က မနက်စောစောမှာ
အစုံအလင် မရောက်သေးပေ။
ဒီတော့ အကြော်ဝယ် တခေါက်၊ ဈေးဝယ် တခေါက်
နှစ်ခေါက်သွားရတတ်သည်။ တနေ့က အကြော်
သွားဝယ်ရာ စက်ဘီးစီး၍ သွားသည်။ အကြော်
သည်ကလည်း ဖောက်သည်ဖြစ်နေသည်။
ကျွန်တော်လာမှ ဘူးသီးကြော်ကို ကြော်ပေးသည်။
ဘူးသီးကြော် ပထမတချီကြော်ပြီးသွားပါကလည်း
ကျွန်တော်လာသည့်အခါ ထပ်မံကြော်ပေးရှာသည်။
ဘူးသီးကုန်သွားပါလည်း ဈေးအတွင်း ပြေးဝယ်၍
ဝယ်ကာ ကြော်ပေးတတ်သည်။
ဈေးအနီးမှာ ကြော်တော့ အဆင်တော့ပြေသား။
ကြော်ချင်သော ပစ္စည်းလေးများ သွားဝယ်၍
ကြော်နိုင်သည်။ ကျွန်တော် အကြော်စောင့်နေစဉ်
အတွင်းမှာပင် အာလူးကြော်ဝယ်သူရှိ၍ အာလူး
ဝယ်ယူကာ ကြော်ရောင်းလိုက်ပြန်သည်။
ဈေးက မနက်ခင်းဈေးဖြစ်၍ မနက်ခင်း
လူကျချိန် အမိအရ ရောင်းရသည်ဟု ပြောသည်။
အမေ့ အတွက် ဘူးသီကြော်ရ၍ အကြော်ထုပ်ကို
စက်ဘီးမှာချိတ်၍ အိမ်ပြန်ခဲ့သည်။
အမေက အကြော်ပူပူလေးစားတတ်၍
စက်ဘီးကို သွက်သွက်လေးနင်းရာမှ စက်ဘီးက
စီးနေရင်း လေးလာသည်။ ဘရိတ်များကပ်သလား။
မဟုတ်ပြန်ပေ။ စက်ဘီးကို လူက အားစိုက်နင်း
၍သာနေသည်။ စက်ဘီးက ကိုယ်နင်းသည့်အတိုင်း
မပြေး။ အိမ်အနီးသို့ရောက်ခါနီးမှာ စက်ဘီးက
လုံးဝနင်းမရတော့ပေ။ တော်ပေသေး အိမ်အနီးရောက်မှ
ပျက်ပေသမို့။
အကြော်ထုတ်ကို အမေ့ကို အရင်ပေး၍ စက်ဘီးကို
ကလိသည်။ ဘရိတ်ကလည်း ဘာမျှမဖြစ်။
စက်ဘီးကို မ၍ ဘီးများကို လှိမ့်ကြည့်သည့်အခါ
နောက်ဘီးက လည်သည်။ လက်ကိုင်ကို မ၍
ရှေ့ဘီးကို လှည့်ကြည့်သည့်အခါမှာ သကောင့်သားက
မလည်ပေ။ တင်းခံနေသည်။ လေးနေသည်။
ဒီတော့ စက်ဘီးပြင်ဆိုင်သို့ ပို့ရသည်။ စက်ဘီး
ပြင်ဆိုင်ကို ညနေမှာ သွားပို့တော့ ကုန်းကွာ
နေတာဟုပြောသည်။ မနက်မှ လာပို့ပါဟုပြော
၍ ယနေ့ မနက်မှာ သွားပို့ရပါလေသည်။
စာရှည်ပြီးမို့ နောက်တပို့စ့်ရေးဖို့ချန်အုံးမည်။
@htwegyi
June 26, 2025