စည်းလုံးခြင်းအတွက် သီချင်းတပုတ်
တောင်ပေါ်သားတွေနဲ့ မြေပြန့်သားတွေအတွက်
စည်းလုံးခြင်းအတွက် သီချင်းတပုတ်ရှိနေမယ်။
ကိုညီထွဋ်၏ သီချင်းစာသားအတိုင်း တောင်ပေါ်
မြေပြန့်အတွက် စည်းလုံးနိုင်မည့် သီချင်းနဲ့
အခြား မည်သည့်အရာများရှိနေပါသေးရင်
အမြန်ဆုံး ရချင်ပါသည်။ သူရို့တွေ အမြန်ဆုံး
စည်းလုံးပါမှ တောင်ပေါ်မြေပြန့်နေသူ လူအများ
အားလုံး အေးချမ်းမှုရပေမည်။
မြန်မာပြည်လည်း ငြိမ်းချမ်း၊ ကမ္ဘာကြီးလည်း
ငြိမ်းချမ်းပါမှ အရာရာအေးချမ်းပေမည်။
ယခုတော့ ချောက်ကမ်းပါးပေါ် လမ်းလျှောက်
နေရသလို ရင်တထိတ်ထိတ်ရှိကြရပေသည်။
ကိုယ်တွေကသာ ပူပန်းနေသည်။ မြို့ကြီး ပြကြီး
မှာ နေထိုင်သူအချို့သည်က စားလိုက်သွားလိုက်
ပျော်လိုက်ပါးလိုက်ဖြင့် သာယာနေသည်။
သူရို့ကိုလည်း အပြစ်မပြောသာပေ။

အထူးသဖြင့် ကိုယ်တွေ မြန်မာလူမျိုးများက
အပျော်အပါး အင်မတန်မက်ကြသူက အများသား။
တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသိုလများသည်
မန္တလေး၏ ဘုရားပွဲတော် များစွာကျင်းပသော
လများဖြစ်သည်။ ဇာတ်ပွဲ၊ အငြိမ့်ပွဲများဖြင့်
ဘုရားပွဲများပြုလုပ်သည်ဟု ကြားသိရသည်။
ဇာတ်သမား၊ အငြိမ့်သမားများလည်း ပွဲမကရသဖြင့်
မည်သည့်အလုပ်အကိုင်များ လုပ်ကိုင်စားသောက်
နေကြသည် မသိပေ။

ယခုနှစ် ဘုရားပွဲရာသီမှာ ဆိုင်းသံ ပွဲသံများ
ပြန်ကြားရသဖြင့် သူရို့ခမျ ပြန်လည်း လှုပ်ရှား
ကြရပေသည်။ တိုင်းပြည် မတည်ငြိမ်မှုက
ထိုတိုင်းပြည်မှာ မှီတင်းနေထိုင်သူအားလုံးကို
တိုက်ရိုက် သွယ်ဝိုက်၍ ဒုက္ခရောက်ကြရပေသည်။
သို့ပေသိပေါ့လေ တိုင်းပြည် အခက်ကြုံလေ
စီးပွားဖြစ်လေ ဆိုသူများကလည်း ရှိပေသည်။

ခိုးဆိုးလုနှိုက်များက ပေါများလှသည်။
မူးယစ်ဆေးဝါးနှင့် အရက်သေစာ သောက်စားသူ
ကလည်း ပေါများလှသည်။ လောင်းကစားပြုလုပ်သူ
များကလည်း ပိုမို စည်ကားလာသည်။
လကုန်ရက်နှင့် ဆယ့်ခြောက်ရက်နေ့ ရောက်ပါလျှင်
ဈေးထဲမှ ဈေးရောင်းသူများက ငြီးတွားကြသည်။
ထိုနေ့များရောက်လျှင် ဈေးထဲမှာ ဈေးဝယ်သူ
နည်းပါးနေတတ်သည်။ ထိုနေ့မှာ ထိုင်းထီခေါ်
သုံးလုံးချဲဂဏန်းထွက်သဖြင့် အိမ်ရှင်မများက
အစားအသောက်ကို ခြိုးခြံကာ ထိုသုံးလုံးဂဏန်း
ကိုထိုးကြသည်။ ထိုကြောင့် ထိုနေ့မှာ ဈေးဝယ်သူ
နည်းပါးခြင်းဖြစ်သည်။
ဒီလိုနဲ့ လူအများလည်း အဆင်မပြေသည်ကို
လောင်းကစားခြင်းမှာ မြုပ်နှံကာ မျှော်လင့်ခြင်း
အစတစ်ခုကို ဆွဲကိုင်မိကြသည်။ လှုပ်လေ မြုပ်လေ
လောင်းကစားနွံမှာ တဖြည်းဖြည်းချင်း နစ်မှန်းမသိ
နစ်ကြရလေသည်။ အလွယ်လမ်းလား ဖြတ်လမ်း
လား။ လမ်းမှားလား လမ်းမှန်လား ဆိုသည်ကို
ခွဲခြာခြင်းပင် မပြုနိုင်ကြတော့ပေ။
@htwegyi
January 6, 2026
လူကောင်းတွေ စည်းလုံးဖို့ အရေးကြီးလိုအပ်နေတာပါပဲ။
!HUG
!MEME