စက်ဘီးအို၊ လူအိုနဲ့ ငွေငါးရာ။
ကျွန်တော့်မှာ စက်ဘီလေးတစ်စီးရှိသည်။
ထိုစက်ဘီလေး၏ မူလပိုင်ရှင်က ကျွန်တော့်အကြီး
ဖြစ်သည်။ ကျွန်တော့်အကိုကြီးသည် အသက်
သုံးဆယ်တစ်နှစ်မှာ ကွယ်လွန်သွားသည်။
ကျွန်တော့်အထက်မှာ တာယာပွကြီးစနေသား၊
အမစနေသမီးနှင့် အကိုကြီးတို့ရှိသည်။
အကိုကြီးက အသက်ငယ်ငယ်မှာ သေဆုံးခဲ့သည်။
အကိုကြီးနှင့် စက်ဘီလေးက ရာဇဝင်ရှိခဲ့သည်။
ဟိုးလွန်ခဲ့သော အတိတ်ဆီက စက်ဘီးတစ်စီးကို
ငွေကျပ်လေးထောင်ပေးရသည်။ အကိုကြီးက
ထိုင်းနယ်စပ်သို့ အလုပ်ကိစ္စဖြင့် ခရီးသွားရသည်။
ထိုသို့သွားရသောအခါ ယခုစက်ဘီးလေးကို
ဝယ်ဖို့ စီစဉ်ခဲ့သည်။ စက်ဘီးတန်ဘိုးသည်
လေးထောင်ဖြစ်သည်။ အကိုကြီး၏ စုထားငွေက
နှစ်ထောင်သာရှိသည်။ ကျန်သော နှစ်ထောင်ကို
အမေ့၏ညီမ ထံမှ ချေးယူသည်။
ထိုသို့ ငွေချေးယူရာတွင် ပြဿနာတက်ခဲ့ပါသေးသည်။
အမေ့ ညီမ ကျွန်တော်တို့ ဒေါ်လေးက
ငွေကို အလွယ်တကူ မချေးပေးပါ။ သူတို့လက်ထဲ
မှာ ငွေအလွယ်တကူမရှိဟု ပြောသည်။
သူတို့သူဌေးလက်ထဲ ငွေနှစ်ထောင်မရှိဟုဆိုသည်မှာ
မဖြစ်နိုင်ကြောင်း အကိုကြီးကပြောပါသည်။
နောက်တော့ ထိုငွေနှစ်ထောင် မည်သို့ မည်ပုံ
ရရှိသွားသည်ကို မသိရပေ။
ထိုသို့ ရာဇဝင်ရှိခဲ့သော စက်ဘီးလေးသည်က
နှစ်ပေါင်းများစွာကြာခဲ့ပေသည်။ ယခု
ကျွန်တော်လက်ထဲမှာတော့ ဘီးအိုလေးတစ်စီး
ဖြစ်နေရှာသည်။ လူအိုနဲ့ ဘီးအိုလေးက
အတွဲညီပေသည်။ ယနေ့ ဘီးအိုလေး၏ ရှေ့ဘီးရှိ
ကျွတ်မှာ အဖာများစွာနဲ့ စိမ့်ပေါက်နေသည်။
ကျွန်တော်က ကျွတ်အသစ်မလဲသေးပဲ
ပေ၍ လေထိုးစီးနေသည်။
တူမများက ယနေ့မြို့ထဲသွားသဖြင့် သူရို့ကို
ကျွတ်အသစ်ဝယ်ခိုင်းရသည်။ ကျွတ်အသစ်
ဝယ်ပြီးသဖြင့် စက်ဘီပြင်ဆိုင်သို့ ထွက်ခဲ့သည်။
နေ့လယ်ခင်းမို့ စက်ဘီးပြင်သူ အပြင်သွားနေသည်။
စက်ဘီးပြင်သူ၏ သားလေးရှိသည်။ ထိုကလေး
က စက်ဘီးကို ပြင်ပေးသည်။ ကလေးက စက်ဘီး
ပြုပြင်နေစဉ် ကျွန်တော်က ဖုန်းဖြင့် ဓာတ်ပုံရိုက်ထားသည်။
အခုတော့ အရာရာကို ဖုန်းဖြင့်
ဓာတ်ပုံရိုက်ကာ Hive မှာ ပိုစ့်တင်ဖို့ စိတ်ကူး
များရှိနေ ပေသည်။
ကလေးက စက်ဘီးကို ကျွမ်းကျင်စွာ မပြုပြင်
တတ်ပေ။ စက်ဘီးခွေ ဖြုတ်ရင် အပြင်သွား
နေသော သူ့အဖေကို နှုတ်မှ တဖြစ်တောက်တောက်
ပြောဆိုနေသည်။ စက်ဘီးခွေ ဖြုတ်ပြီး ကျွတ်အဟောင်း
ဖြုတ်ပြီး ကျွတ်အသစ်ထည့်သော
အချိန်မှ သူ့ဖခင်က ရောက်ရှိလာသည်။
တော်ပေသေး သူ့အဖေက ပြုပြင်မှုကို အနီးကပ်
ပြောဆိုပြီး သားအဖပြုပြင်သည်။
ကျွတ်အသစ်လဲလှယ်ပြီးသော ဘီးအိုလေးကို
စီးပြီး အိမ်သို့ပြန်လာခဲ့သည်။ အိမ်သို့ ရောက်သော်
အမစနေက တန်း၍ မေးပါလေသည်။
"ဟဲ့ စက်ဘီးကျွတ်တာယာ အဟောင်းက
ဘယ်မှာလဲ"
"မယူခဲ့ဘူဟ"
"အဲ့ဒါဘဲ ကိုယ့်ရပိုင်ခွင့်ကို ကိုယ်မယူခဲ့ဘူး။
တကယ်ဆို ကိုယ့်ပစ္စည်း ပြန်ယူခဲ့ရမှာ။
အဲ့ကျွတ်ကို စက်ဘီးနဲ့ရေသန့်ဗူး ချည်လို့ရတယ်လေ"
အမ၏ အပြောများကြားမှာ ကျွန်တော့်မှာ
ခုပဲ စက်ဘီးပြင်ဆိုင်သွား၍ ကျွတ်အဟောင်း
သွားယူရမလိုလို။ ဘာလိုလိုနဲ့။ ထားလိုက်ပါတော့
အမရာဟု၍ ပြောရလေသည်။ ဒါတောင်
အမက ပြန်ပြောသေးသည်။ ကိုယ်တွေ
စက်ဘီးမှာ ချည်ချင်လို့ ကျွတ်အဟောင်လေး
သွားတောင်းတာ ငါးရာနဲ့ ရောင်းသတဲ့တော်ရေ။
@htwegyi
March 24, 2025
အော် လူတွေကလည်းနော် အလကားဆိုတာကို မရှိတော့ပါလား
!MEME
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
အဲ့သလိုဖြစ်အောင် လုပ်ကြသူတွေ ရှိလို့ပါလေ။
ဟိုစဉ်က Pheasant မိကျောင်း စက်ဘီး စီးနိုင်တာ Boss မို့ပါ။
!LUV
!HUG
@htwegyi, @walarhein(2/10) sent you LUV. | tools | discord | community | HiveWiki | <>< daily
@htwegyi, @walarhein(3/10) sent you LUV. | tools | discord | community | HiveWiki | <>< daily
!hiqvote
@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @htwegyi gets !LOOL from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
lolztoken.com
Total praktisch, man hört die Kinder so gut wie gar nicht mehr.
Credit: r0nny
@htwegyi, ich habe dir im Namen von @hiq.smartbot einen $LOLZ Token gesendet
Verwende den Befehl !WITZ oder !LOOL, um einen Witz und ein $LOLZ zu teilen.
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
.(7/8)
500 ကျပ်တန် ထားခဲ့တဲ့ သဘောဖြစ်သွားတာပေါ့
!LOLZ. !MEME
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
I don't bereave it!
Credit: reddit
@htwegyi, I sent you an $LOLZ on behalf of chanmin
(3/6)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.