စားချင်တာကို စားမယ်။
ကျွန်တော်က တရက်ခြား ပိုစ့်တင်သည်။ ယနေ့
ပိုစ့်တင်ရမည့်နေ့မှာ Facebook ကြည့်လိုက်
Hive ဈေးကြည့်လိုက်၊ နိုင်ငံရေးကြည့်လိုက်ဖြင့်
ဝါးဝာားတားလုပ်နေသည်။ သို့နှင့် ပိုစ့်တင်ဖို့အရေး
နောက်ကျရသည်။ ကိုယ်တွေရဲ့ Hive ဈေးကလည်း
ပြားနှစ်ဆယ်အနီးမှာ ဝဲလည်နေသည်။ Hive ဈေး
အနီရောင်သန်းဆို အခြားတိုကင်၊ ကွိုင်းများလည်း
အနီရောင်ဖြစ်ချေသည်။ အဘယ်ကြောင့် ဆိုသော်။
ထရန့်နဲ့ မက်စ်ကြောင့်ဟု ဖတ်ရှုရသည်။
သကောင့်သားနှစ်ဦး၏ လုပ်ရက်ကြောင့် လူပေါင်း
များစွာ ဒုက္ခရောက်ကြရသည်။ အာဏာနှင့် ငွေ
သည်က အင်မတန်ကြောက်စရာကောင်းသလို။
အင်မတန်လည်း တွယ်တာမက်မောစရာ ကောင်းလှ
ပေသည်။ ငွေရှိသူက အာဏာရှိချင်သည်။
အာဏာရှိသူက ငွေရချင်သည်။ အာဏာနဲ့
ငွေရှိသောအခါ ပေါက်ကရ စိတ်ကူးများဝင်လာ
သည်ကို အသိဉာဏ်ဖြင့် ဆင်ခြင်မှု မပြုနိုင်ပါမူ
ပေါက်ကရတွေ ဖြစ်ကုန်သည်။
ထိုသို့ပေါက်ကရ ဖြစ်သည်က ပေါက်ကရဖြစ်သူ
တဦးတည်းဆိုပါမူ အကြောင်းမဟုတ်ပေသိ။
သူနှင့်အတူ လိုက်ပါ ခံရသူများရှိပါမူ အကုန်
ဒုက္ခရောက်ကြပေသည်။ နိုင်ငံတနိုင်ငံ၊ အိမ်တ
အိမ်မှာ ဦးဆောင်သူ အသုံးမကျပါက ထိုသူကို
မှီတွယ်သူတို့ ဒုက္ခရောက်ကုန်သည်။ တဖြည်းဖြည်း
ချင်းရော၊ မသိမသာရော၊ သိသိသာသာရောပါ
အားလုံး ဒုက္ခှလှလှတွေ့ကြရပါသည်။
ယခုဆိုပါမူ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် မနက်စာ
စားဖို့ပင် တွေဝေရသည်။ ဈေးနှုန်းသက်သာပြီး
အိမ်သားအကုန်စားနိုင်သော အရာကိုရွေးချယ်
စားရသည်။ မနက်စာမှာ ဈေးသက်သာသည့်
အကြော်ကို ရွေးချယ်သည်။ ဟိုစဉ်က အကြော်
တစ်ခု ငါးမူး၊ နောက် တစ်ကျပ်၊ ယခုတော့
တစ်ထောင်ဘိုး ရှစ်ခုဖြစ်သည်။ ငွေတစ်ထောင်နဲ့
မနက်စာကို အိမ်သားအားလုံး စားလို့ရသည်။
တထောင်ဘိုး အကြော်ဖြင့် ထမင်ကြမ်းကြော်နှင့်
အကြော်ကို မနက်စာပြီးနိုင်သည်။ သို့မှ ငွေကုန်
သက်သာသည်။ ပဲပြုတ်လေးပါရင်တော့ ထမင်းကြော်က
ပိုပြည့်စုံတာပေါ့။
မနက်စာကို ဖွယ်ဖွယ်ရာ စားချင်တာပေါ့။
ရှမ်းခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ အီကြာကွေး၊
ပလတာ ထပ်တရာ အစရှိသဖြင့်။ လက်ဘက်ရည်လေးကလည်း သောက်ချင်တာပေါ့။ ဟင်း...
အဲ့ဒါတွေဝယ်စားနေရင် ရောဂါရနေပါမယ်။
ကိုယ့်အိမ်က ထမင်းကြော်လေးစားပါမှ
ရောဂါရသက်သာတာပေါ့။ အီကြာကွေး၊
ပလတာ ထပ်တရာ တွေကို ကြော်တဲ့ ဆီတွေက
ကျန်းမာရေးအတွက် မကောင်းဘူးတဲ့။
ကြည့်စမ်း စားချင်တဲ့ စိတ်ကို မစားချင်အောင်
ကိုယ့်စိတ်ကို ကိုယ်တိုင်လှည့်စားတာ။
ခုနေများ Hive ဈေးတွေ ဆယ်ဒါ်လာ၊ ဒေါ်လာ
သုံးဆယ်တွေဖြစ်သွားပါလား။ လက်ထဲ ပိုက်ဆံ
ပေါပေါနဲ့ အီကြာကွေး၊ ပလတာ ထပ်တရာ
သာမက ကျန်းမာရေးတွေ ဘာတွေမစဉ်းစား။
လာထား စားချင်တာ ဝယ်စားနေမှာပါလေ။
လူ့စိတ်များပြောပါတယ်။ ငွေရဲ့ လှည့်စားချက်က
လူ့စိတ်ကို ပြောင်းစေတတ်တာကလား။
ငွေနဲ့ အာဏာ နှစ်ခုစလုံးဆိုပါမူ ပြောဖွယ်မရှိပြီ။
@htwegyi
June 6, 2025
ဒညင်းသီးတော့ လျော့စားဗျို့။
ဟုတ်သဗျို့။