စားချင်တာ စားရပါ့။
မနေ့က အိမ်မှာ ရှမ်းခေါက်ဆွဲလုပ်စားသည်။
ရှမ်းခေါက်ဆွဲများ လုပ်စားသဖြင့် ထမင်းစား
နည်းကြသည်။ ရှမ်းခေါက်ဆွဲကို ညနေထိ
စားကြတော့ ညနေမှာ တည်သော ထမင်းအိုးက
အရာမယွင်းပေ။ ဒီတော့ နောက်နေ့ မနက်ပိုင်းမှာ
မနက်စာ အတွက် ထမင်းအိုးကို လျော့တည်ရသည်။
မနက်စာထမင်းအိုးတည်ဖို့ အမက ပေါင်းအိုးကို
ဆန်ဆေးနေစဉ် လျှပ်စစ်မီးက ပျက်သွားသည်။
အမက ထမင်းအိုး ဆန်ဆေးရင်း မဲပေးတာပြီး
သွားတော့ မီးက ပျက်ပြီလားမသိဘူး ဟုပြောသည်။
ဟုတ်ပါသည် ယခုတလော မီးက နေ့ရာ ညရော
မီးမပျက်ပဲ တောက်လျောက်လာနေသည်။
မီးမပျက်၍ မီးတာခများ ပိုမိုကျနေမှာပင် စိုးရိမ်း
နေရသည်။ မီးပျက်၍ အမေ့အတွက် မနက်စာ
ထမင်းပူပူလေး မကျွေးရပေ။ ထိုကြောင့် အမေ့ကို
ကြက်ဥပလာတာ ကျွေးရန် ဈေးသို့ လမ်းလျှောက်ရင်း
စောစောထွက်ခဲ့သည်။


အမေက အိပ်ရာက မထသေးပေ။ မနက်ပိုင်း
ရာသီဥတုက အေးသဖြင့် အမေကို မထခိုင်း
သေးပေ။ အမေ့ကို ထမင်း မချက်ရသေးလို့
ပလာတာစားမလားဟု မေးရာ။ အမေက
ထမင်းနဲ့ တိုဟူးကြော်စားမည်ဟု ပြောသည်။
အမက မီးက ပြန်လာရင် လာမှာ အမေစားချင်တာ
သာ ဝယ်ခဲ့လိုက်ဟုပြောသည်။ သို့နှင့် ကျွန်တော်
သည် ဈေးသို့ လမ်းလျှောက်ထွက်ခဲ့သည်။

အမေစားချင်သော တိုဟူးကြော်နှင့် မီးမလာ၍
ထမင်း မကျက်ပါမူ စားရန် ကြက်ဥပလာတာ တခုပါ
ဝယ်ခဲ့သည်။ အိမ်သို့ ကျွန်တော်ရောက်တော့ မီးက
ပြန်လာနေသည်။ သို့နှင့် အမေနှင့် အငယ်မကို
နိုးကာ အမေကို ကျွေးရန် ပြင်ရသည်။ အမေက
မျက်နှာသစ်ပြီး တိုဟူးကြော်များ ကောက်ယူဝါး
လေသည်။ အငယ်မက အမေ အကြော်တွေကို
ဒီအတိုင်း မစားနဲ့လေ ထမင်းနဲ့မှ စားရအောင်။
အငယ်မ ပြောနေစဉ်အတွင်း တိုဟူးကြော်တခုက
ခဏအတွင်း ကုန်သွားသည်။


မီးလာတာ ကြာပြီလားဟု မေးကြည့်ရာ ခုလေးမှ
လာတာဟုပြောသည်။ ဒါဆိုလည်း ထမင်း
မစောင့်နဲ့တော့။ အမေစားချင်တာ စားပါစေ။
ကျွန်တော်စကားအဆုံးမှာ အမေက ပြုံး၍
တိုဟူးကြော်များ ကောက်ယူ၍ စားပြန်သည်။
တိုဟူးကြော်သုံးခုစားပြီး ပလာတာ တဝက်စား
၍ ဝပြီဟု ပြောသည်။ အမေ ဝပြီလား ဘာစား
အုံးမလဲဟု မေးရာ လက်ဘက်ရည်သောက်မယ်ဟု
ပြောသည်။ လက်ဘက်ရည်တော့ မရှိဘူး
ကော်ဖီသောက်မလား အမေ။ အေး သောက်မယ်ဟု
ပြောပြီး မုန့်ရောပါသလားဟု ပြုံးပြီးမေးသည်။
အမက သူ့ဆီမှာ မုန့်ကြွပ်ရှိတယ်ဆိုကာ
လာပေးသည်။ အမေသည်ကော်ဖီနှင့် မုန့်ကြွပ်
ကို အနည်းငယ်သာစားပြီး သာဓု ခေါ်ကာ
ရတနာသုံးပါး ဂုဏ်ကျေးဇူး၊ သားသမီးများ
ကျေးဇူးကြောင့် စားချင်တာ စားရပါပေ့ဟု
ပြောလေသည်။
@htwegyi
January 14, 2025
You received an upvote ecency