ညီဘုန်း စတိုင်။

ယနေ့ ပိုစ့်တင်ဖို့ နောက်ကျသည်။
နောက်ကျဆို ညီဘုန်း တို့ အိမ်သို့အလည်သွားနေ၍
ဖြစ်သည်။ ညီဘုန်း ဆိုသည်က မိတ်ဆွေ၏မြေး
ဖြစ်သည်။ ညီဘုန်း က အသက်သုံးနှစ်ပြည့်ရန်
အနည်းငယ်လိုသေးသည်။ လာမည့် သင်္ကြန်
အတက်နေ့သည် ညီဘုန်း၏ သုံးနှစ်ပြည့်မွေးနေ့ဖြစ်သည်။

ကလေးတို့သည် ပန်းကလေးများနှင့်တူသည်။
ပန်းကလေးများကဲ့သို့ ဖြူစင်မွှေးရနံ့ရှိသည်။
ကလေးတိုင်းက ချစ်စရာကောင်းသည်။
သို့ပေသိ ကိုယ့်သွေးသား၊ ကိုယ့်နှင့် နီးစပ်သည့်
ကိုသာ ပို၍ ချစ်ခင်မြတ်နိုးသည်က သဘာဝ
ဖြစ်သည်။

ယနေ့ခေတ် နည်းပညာ တိုးတက်သောအခါ
ကလေးများ၏ ဉာဏ်ရည်ဉာဏ်သွေးများကလည်း
တိုးတက်ကြသည်။ အထူးသဖြင့် ကလေးတို့က
ဖုန်းကို စွဲလန်းစွာကြည့်ကြသည်။ ကလေးများ
မဆိုထားနဲ့ လူကြီးများပင် ဖုန်းနဲ့လက် မလွတ်တမ်း
ကြည့်ရှုကြသည်။ ဖုန်းကြည့်များသောကြောင့်
ညီဘုန်း၏ မျက်လုံးလေးများက စွေနေကာ
ညီညာမှုမရှိပေ။

ယနေ့အဖို့ ပိုစ့်တင်ဖို့ နောက်ကျမည်ဖြစ်၍။
ညီဘုန်း အကြောင်းရေးတင်ရန် စိတ်ကူးထားပြီး။
ဖုန်းဖြင့် ညီဘုန်းကို အိုက်တင်ပေးခိုင်းကာ
ဓာတ်ပုံရိုက်ခဲ့ရသည်။ ညီဘုန်းတို့မြေးအဘွား
အပြင်ထွက်သည့်အကြောင်းရေးပြပါမည်။
အိမ်အပြင်သို့ ထွက်သည့်အခါ များသော
အားဖြင့် ကလေးအများစုက မုန့်မြင်သည့်အခါ၊
အရုပ်များမြင်သည့်အခါ လူကြီးများထံ ပူဆာကာ
တောင်းကြသည်။

ညီဘုန်းတို့ မြေးအဘွားက ဤသို့မဟုတ်။
ရေခဲမုန့်သည်ကို မြင်သည့်အခါ အဘွားဖြစ်သူက

"ညီဘုန်းရေ ရေခဲမုန့်စားချင်တာ"

"ဟင့်အင့် စားနဲ့ ချောင်းဆိုးတတ်တယ်"

မိုးပျံ အရုပ်သည်ကို တဖန်မြင်တွေ့သည်အခါမှာလည်း။

"ညီဘုန်းရေ မိုးပျံအရုပ်လေး လိုချင်လိုက်တာ"

"ညီဘုန်းမှာ ပိုက်ဆံမပါသေးဘူး၊ နောက်ခါမှ
အကြီးကြီးဝယ်ပေးမယ်"

စသဖြင့် ညီဘုန်းတို့မြေးအဘွားပြောစကား
များကို ကြားသိခဲ့ရသည်။ ထိုအခါ ညီဘုန်း
အဘွားကို ကျွန်တော်ကပြောလိုက်သည်။
ညီဘုန်း အဘွားက တော်တော်ဂျင်းထဲ့
ကောင်းတာဟေ့ ဟုပြောသောအခါ။

"အမလေး ကိုယ်က တခါတရံပါ သူ ဂျင်းထဲ့
ခံရတာ များများပါတော်" ဟုပြောပြီး သူ့မြေး
ညီဘုန်းကို ချော့သိပ်နေလေသည်။

@htwegyi
March 10, 2025



0
0
0.000
6 comments
avatar

နိုင်ငံရဲ့ အနာဂတ်ဟာ မျိုးဆက်သစ်လူငယ်တွေရဲ့ လက်ထဲမှာပါ။

0
0
0.000