နှမြောစရာတော့ အကောင်းသား။
မိုးကလေး ညိုညို လွမ်းစိတ်တွေပို။ တမျိုးမထင်ပါနဲ့။
ဟိုတချိန်က Hive ဈေး သုံးဒေါ်လာ ဖြစ်ခဲ့တာကို
ပြန်လွမ်း၊ ပြန်တမ်းတမိနေတာပါလေ။ ယနေ့
နှစ်ဆယ့်လေးပြားသို့ကျော်ကာ Hive သည်
အစိမ်းရောင်သန်းတော့သည်။ ဘာရယ်မဟုတ်
ပါဘူး။ ဟိုတွေး ဒီတွေး တွေးတောရင်း။
Steemit မှာ ဆယ်ဒေါ်လာကျော်ခဲ့သည်။
Hive သည်က သုံးဒေါ်လာသို့သာ အများဆုံး
ဈေးတက်ခဲ့သည်။ ယခုအချိန်မှာဆိုပါရင်
ထိုသုံးဒေါ်လာနှင့် အထက်သို့ ရောက်သင့်နေပေ
သည်။
အဘယ်ကြောင့် ဆိုသော ဟိုလွန်ခဲ့သော
အတိတ်ဟုဆိုရပေမည်။ ပြီးခဲ့သော နှစ်များဆီက
မှတ်မိသမျှကတော့ Steemit မှ Hive သို့
ပြောင်းခဲ့စဉ်။ ကျွန်တော်တို့ရဲ့ လက်ထဲမှာ
Hive Power ကလည်း တစ်ထောင်မပြည့်သေးသော
အချိန်ကာလတခုဆီက။ ကျွန်တော်တို့၏
စိတ်ကူးအတွေးများရှိခဲ့ကြသည်။ Hive ဈေး
များကိုလည်း ခန့်မှန်းခဲ့ကြသည်။ ထိုစဉ်အချိန်
အတွေးများမှာ ယခုအချိန်ဆိုပါမူ ဟိုက်ဈေးများ
လေးငါးဒေါ်လာသို့ ရောက်နေပေမည်။ ကျွန်တော်
တို့၏ လက်ဝယ်တွင်လည်း HP များ သုံးလေးငါး
ထောင်ခန့်ရှိနေကြပေမည်။
ထိုအတိုင်း ယခုအချိန်ဖြစ်ခဲ့ပါမူ မည်မျှပျော်စရာ
ကောင်းနေပါမည်နည်း။ သို့ပေသိ အနာဂတ်ကို
ပုံဖော်ခဲ့ကြသည့်အတိုင်း ဖြစ်မလာသောအခါ။
မျော်လင့်ချက်တို့ မျော်လင့်သလို ဖြစ်မလာသော
အခါ။ စိတ်ဓာတ်ကျသူတို့ရှိကြသလို။ ဇွဲနဘဲ ကြီး
သူများလည်းရှိသည်။ Hive ခရီးလမ်းပေါ် လျှောက်
နေရင်း မမျှော်လင့်တာများလည်း တွေ့ကြုံဖြစ်ပျက်
ခဲ့ကြသည်။ သို့ပေသိ ကျွန်တော်တို့သည် Hive
ခရီးလမ်းပေါ် ဆက်လက်လျှောက်နေကြစမြဲ
ဖြစ်သည်။
တနေ့ တော့ Hive ဈေး တက်နိုးနိုးဖြင့် မျှော်လင့်
ရင်း စာရေးပိုစ့်တင်လာသည်မှာ နှစ်ကာလာ
ဆယ်စုနှစ်သို့ပင် ရောက်ပေတော့မည်။
Hive ကြောင့်ပင် Cryptocurrency အကြောင်း
အတန်အသင့် သိခဲ့သည်။ Crypto ဆိုသည်မှာ
ဘယ်လိုဟာလဲ ဆိုသည်ကို သူများတွေထက်
ကိုယ်က ဦးစွာသိခွင့်ရသည်။ ယခုလို ကမ္ဘာကြီး
က အပြောင်းအလဲ များနေသည့်အချိန်မှာ
လိုက်ပါနိုင်အောင် ပြုလုပ်ဖို့ဆိုသည်မှာ
အတော်ကို နောက်ကောက်ကျနေသော
မြန်မာပြည်သားများပါလေ။ ကမ္ဘာကြီး၏
မျက်ခြေပျက်ခြင်းကို ခံရသော လူသားများ
နေသည့် တိုင်းပြည်မှာ ငါတို့နေသည်။ စတဲ့
စကားလုံးကြီးနဲ့ ရေးရမလို။
ဘာရယ်မဟုတ်ပါဘူးဗျာ။ တောင်ရေး မြောက်ရေးရင်း
ပိုစ့်တခုရအောင် ရေးရတာပေါ့။ Hive ဈေး
နှစ်ဆယ့်နှစ်ပြားကျော်မှာ ဝယ်ထားတာလေး။
ခု နှစ်ဆယ့်လေးပြားကျော်တော့ ပြန်ရောင်း
လိုက်ထာ နှစ်ဒေါ်လာလောက်တော့ရတာပေါ့။
Binance က P2P မှာ $20 deposit တင်ရင်
နှစ်ဒေါ်လာပေးမတဲ့။ ကိုယ်တွေမှ P2P မလုပ်
တတ်တာ သူ့နှစ်ဒေါ်လာ မရပေါ့။ နောက်ပြီး
Futures မှာ Trade ပါရင် လေးဒေါ်လာဘောင်ချာ
ပေးမတဲ့။ မယူတော့ပါဘူး ကိုယ်တွေမှ မလုပ်တတ်
ပါဘူးဆို။ Binance နဲ့ ကိုယ်တွေကို အချဉ်မှတ်
နေတာ။ လောဘတော့ရှိတာပေါ့ သို့ပေသိ။
ကိုယ်မှ မလုပ်တတ်တဲ့ဟာတွေ လာပေးတော့။
အလကားဖြစ်တာပေါ့။ အဟေး နှမြောစရာတော့
အကောင်းသားလေ နော့။
@htwegyi
July 18, 2025
0.24 လောက်ကနေ 24$ တွေ ဘာတွေထိ ခုန်တက်သွားမှ ဖြင့်။
ရင်တုန်အောင် မရေးပါနဲ့လား။