မြို့ပြ ဂျလေဘီမှ သည် ......။
Hive ဈေးသည် ပြားနှစ်ဆယ်မှ ဆယ်ပြားသို့
ရောက်သွားသည်။ ယနေ့ မနက်ပိုင်းမှာတော့
ပြားနှစ်ဆယ်သို့ ပြန်ရောက်ကာ အစိမ်းရောင်သန်း
နေသည်။ Hive ဈေးကို နှစ်ဆယ်ငါးပြားဝန်းကျင်က
Trade ခဲ့သည်။ ယခု ထိုဈေးသို့ မရောက်သေးသဖြင့်
ကိုယ်တွေလည်း မထရိတ်နိုင်သေးပါ။
ဒီအတိုင်းလေး ဟိုက်ဈေးကို ကြည့်နေရသည်။
ကမ္ဘာကြီးက စစ်ကြီးဖြစ်မှာလား။ အာကြီး ပစ်ကြ
သလားတော့ မသိ။ သူတို့၏ ဒရုန်းတွေ၊ ဒုန်းတွေက
တရွှီးရွှီးဖြင့် ဝေဟင်တလွှား ပစ်ခတ်နေသည်မှာ
အသည်းယားစရာကောင်းပေသည်။ ဒင်းတို့က
ငွေကြေးကြွယ်ဝ၍ လက်နက်အဆန်းများကို
ထုတ်ကြွားနေသလား။ စမ်းသပ်နေကြသလား။
ဒင်းတို့ သွေးကြွနေသည်က အပြစ်မဲ့သူတွေအတွက်
သွေးပျက်ဖွယ်ရာပေ။
ဒင်းတို့ မည်သို့ပင်ရှိကြစေ။ မကြေနက်ပါက
တစ်ဦးစီ နောင်ဂျိမ်းပလေးကြပေါ့။ ယခုတော့
အဝေးကနေ ခလုတ်တွေနှိပ်ခိုင်းပြီး အကဲစမ်နေကြတာ။
ကြားက အချောင်ခံနေရသည့် အရပ်သား
ပြည်သူတွေ။ အာဏာရူး၊ လောဘရူးတွေ။
ပရမ်းပတာရူးကြတော့။ မတော်လောဘတက်
ကြတော့။ ဒုက္ခရောက်ကြတာက အများ။
ဒီကြားထဲ ကျုပ်တို့ Crypto တွေလည်း အနီရဲခဲ့
ရပါပေါ့။ ကတောက်စ်။ ဇ ရှိကြရင်လည်း
တို့ နိုင်ငံကလို ပုဆိုးကျွတ်ကျွတ်၊ ထဘီကျွတ်ကျွတ်
နဘန်းလုံးကြရောပေါ့။ ဟရောင် ခိုမေနီ၊ ဟရောင်
နတန်ရာဟု၊ ဟရောင် ထရန့် တို့ မြန်မာပြည်မှာလို့
ဇ မရှိပဲ ဟစိလုပ်မနေကြနဲ့။ နင်တို့ ခုလို လုပ်နေတာ့
ငါတို့ရဲ့ Crypto တွေ ပွဲပျက်သဟေ့။
ကျုပ်တို့ ငယ်ငယ်ကလိုမျိုးဆိုပါမူ အုတ်တံတိုင်း
ပေါ်တက်၍ အော်ဆဲမိပါမည်။ ကျုပ်တို့ငယ်စဉ်က
မီးရထားပါဆယ်ကုန်ရုံဝင်းကြီးရှိသည်။
ထိုကုန်ရုံဝင်းထဲသို့ ဆန်ကုန်ရထားတွဲများ
ထိုးဆိုက်ကာ ဆန်အိတ်များကို အတင်အချ
ပြုလုပ်သည်။ ထိုသို့ ဆန်အိတ်များ အတင်အချ
မပြုလုပ်မီ။ ဆန်တွဲများကို ထိုးဖောက်၍ ခိုးကြ
သည်လည်းရှိသည်။
ကျွန်တော်တို့ ကလေးများကမူ ဆန်တွဲအတွင်း
ဆန်အိတ်များ အကုန်ချပြီး။ ဆန်အိတ်ပေါက်မှ
ကျကျန်ခဲ့သော ဆန်များကို။ တံမျက်စည်းလေး
များဖြင့် လှဲ၍ကျုံးယူသည်။ ဆန်တွဲအတွင်း
ဆန်အိတ်များချရန် တစ်အိတ်၊ နှစ်အိတ်သာ ကျန်
တော့သည့်အချိန်မှာ တွဲပေါ်သို့ အလုအယက်
တက်ကြသည်။ ထိုသို့ လုတက်သော ကလေးများ
အနက် အမ၊ အဒေါ် ချောချောများရှိ
သော ကလေးများကို ကုန်ထမ်းအလုပ်သမား
ကြီးများက ဦးစားပေးတက်စေသည်။
အဲ့တော့ ကျန်ကလေးများက မကျေနပ်ကြပေ။
ဒီတော့ ညနေ အလုပ်သိမ်းချိန်။ နေစောင်းချိန်မှာ
ကျုပ်တို့ကလေး တသိုက်က။ ကုန်ရုံ အုတ်တံတိုင်း
ပေါ်မှ ကားယားခွ၍ စိတ်ရှိ၊ လက်ရှိ အော်ဆဲကြပါလေသည်။ ကလေးသဘာဝ မကြေနပ်သဖြင့်သာ
ဆဲသည်။ မည်သူကို ဆဲလို့ဆဲရမှန်းမသိပေ။
သို့ပေသိ ပါးစပ်ကတော့ အားသာပြေဆဲနေမိကြသည်။
ဂျလေဘီ ဆိုတာ ဟိုတုန်းကတည်းက
ရှိခဲ့တာကလား။ မြို့ပြ ဂျလေဘီလေးတွေပါဆို။
အခုတော့ ကျုပ်က အဆင့်တက်သွားပြီ။
ကမ္ဘာ့ ဂျလေဘီ။
@htwegyi
June 24, 2025
ဂျလေဘီဆို စားစရာပဲ သိတယ်။
😅