များတာ ကောင်းလား၊ နည်းတာ ကောင်းလား

avatar

Hive မှာ ပိုစ့်တင်သည့်အခါ စာရေးပြီးသကာလ
ပုံတင်ဖို့အတွက် ပုံရှာရသည်။ တဖန် ပုံများ ကိုယ့်ထံ၌
ရှိပါသော်လည်း စာရေးထားသည်မှာမရှိပြန်။ ကျွန်တော်
က ကိုယ့်ဖုန်းမှာရှိသော ဓာတ်ပုံများကိုကြည့်၍
စာရေးတတ်သည်။ ယနေ့ ပိုစ့်တင်ဖို့ စာရေးရန်
စိတ်ကူးရှိသည်။ စိတ်ကူးအတိုင်း စားရေးပြီးပါက
ပုံတင်ရန် မရှိဖြစ်နေသည်။ ထိုကြောင့် ပုံကို
ChatGPT မှာ စာရေး၍ တောင်းကြည့်သည်။
အောက်ဖော်ပြပါအတိုင်း မြန်မာကလေး သုံးနှစ်
အရွယ်လေးများကို သနပ်ခါးအဖွေးသားဖြင့်
ချစ်စဖွယ် တွေ့ရသည်။

ဓာတ်ပုံများကို ဖန်တီးသည့်အခါ Canva မှာပြုလုပ်၍
ရသည်ဟု သိရသည်။ သို့ပေသိ အဆိုပါ Canva ကို
အသုံးမပြုတတ်ပေ။ ဟိုကလိ၊ ဒီကလိကြည့်ပါသော်လည်း
ဆရာမပြ နည်းမကျဖြစ်ရသည်။
အစ ပထမ မည်သို့ မည်ပုံသုံးရမည်ကို မသိသေး
ခြင်းဖြစ်သည်။ Canva အသုံးပြုနည်းကို
YouTube မှာ ရှာကြည့်ပါသော်လည်း အသုံးမပြု
တတ်သေးပါ။


Credit lmage.

ကဲ ပုံအကြောင်း ရှိပါစေတော့။ ကလေးများ
အကြောင်းရေးမည်ဖြစ်၍ ကလေးပုံရှာရသည်။
ကလေးပုံများရပြီဆိုတော့ အကြောင်းအရာကို
စလိုက်ကြရအောင်ဗျာ။ မနေ့ညက စာရေးဆရာ
တဦး၏ ဟောပြောချက်ကို နားထောင်မိသည်။
ကျွန်တော်က ညအိပ်မပျော်ခင် ပါချုပ်ဆရာတော်
ကြီး၏ တရားများ နာယူသည့်အခါ နာသည်။
စာရေးဆရာများ၏ ဟောပြောပွဲများကိုလည်း
နားထောင်းတတ်သည်။ မနေ့ညက နားထောင်
မိသည့်ဟောပြောမှုမှာ မိသားစု တစုမှာ ကလေး
များစွာ ယူခြင်း၊ မယူခြင်းသည် ကောင်းလား
ဆိုလားဆိုသည်ကို စဉ်းစားစရာ အတွေးဖြစ်ရသည်။

ဆရာက ကလေးများစွာယူပြီး ကောင်းစွာ ပြုစု
ပျိုးထောင်ခြင်းမရှိပါမူ လူ့အမှိုက်လေးများဖြစ်သည်။
သူတောင်စားများကို လေ့လာကြည့်သည့်အခါ
လူ့အမှိုက်များကို တွေ့ရသည်ဟု ပြောကြားထားသည်။
ထိုအကြောင်းကို တောတွင်း သတ္တဝါများဖြစ်သော
မြွေခွေးက ကလေးများစွာမွေးသည်။ တောဘုရင်
ခြင်္သေ့က တကောင်သာမွေးသည်။ ထိုကြောင့်
တကောင်ထဲ ခြင်္သေ့ဟုသော စကားဖြစ်ပေါ်သည်။
ဆရာ၏ ဟောပြောမှုတွင် ကလေးများစွာ မွေးခြင်းထက်
ကလေးတဦးသာ မွေးပြီး ကောင်းစွာပြုစုရမည်
အကြောင်းဖြစ်သည်။

နောက်တခါ ကလေးများစွာ မွေးကြရန်ဟောထား
သည့် ဆရာတော် တပါး၏ တရားကိုလည်းကြား
နာမိသည်။ ဆရာတော်က မြန်မာပြည် လူဦးရေ
တွင် မြန်မာ လူမျိုးက နည်းပါးသွားသည်။ ဟိုး
ယခင်က မြန်မာမိသားစုတွင် ကလေးဦးရေသည်
အနည်းဆုံး ငါးဦးရှိသည်။ အများအားဖြင့် မိသားစု
ဆယ်ဦးအထက်မှာ ရှိတတ်သည်။ ယခုခေတ်ကြီးမှာ
တော့ မိသားစုတွင် ကလေးတဦးသာ မွေးကြသည်။
အခြား ဘာသာခြား ကုလားနှင့် တရုတ်လူမျိုးများတွင်
ကလေးများစွာ မွေးမြူးကြသည်။

မြန်မာလူမျိုးနည်းပါက လူမျိုးနှင့် ဘာသာ၊ သာသနာ
ကွယ်ပျောက်မည် စိုးရသည်။ ထိုကြောင့် မြန်မာ
လူမျိုးများ အိမ်ထောင်သည်များ ကလေးများ
မွေးမြူးကြပါ။ မကျွေးနိုင် စာမသင်နိုင်ပါက
ဘုန်းကြီးကျောင်းသို့ ပို့ရန်ဟောပြောထားသည်။
ဒီတော့ဗျာ စာရေးဆရာ ဟောပြောတာ နားထောင်
တော့လည်း ဟုတ်ပေသား။ ဆရာတော် ဟော
ကြားတာလည်း မှန်နေတာဆိုတော့။ Hive
ပရိတ်သတ်လည်း မည်သို့ ထင်မြင်ကြောင်း
မန့်ပေးသွားကြပါအုံးဗျာ။

@htwegyi
February 6, 2026



0
0
0.000
3 comments
avatar

ကိုယ်အတွေးနဲ့ကိုယ် ကိုယ့်ဘဝနဲ့ကိုယ် အဆင်သင့်သလို မွေးကြရုံပါပဲ။
!LOLZ
!PIZZA

0
0
0.000
avatar

ဒါလည်း ဟုတ်သဗျို့ ကိုယ့်အကြောင်း ကိုယ်သာ
အသိပေမို့။

0
0
0.000