မုန့်ပြားသလက် လုပ်စားမယ်။

မုန့်ပြားသလက်သည် မြန်မာ့ရိုးရာ စားစရာ
တမျိုးဖြစ်သည်။ အချို့က မုန့်ရေပါးဟုခေါ်သည်။
ကျွန်တော်တို့ မန္တလေးမြို့မှာတော့ ထိုမုန့်ပြားသလက်
ကို ချွေတာရေးမုန့်ဟုလည်း ခေါ်ပြန်သည်။
သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင်
ကထိန်ပွဲ၊ ဘုရားပွဲများ၌ ပွဲဈေးတန်းမှာ ရောင်းချသည်။
ချွေတာရေးဟု မည်သည့်ကြောင့် ခေါ်သည်
မသိပါ။

မန္တလေးဘုရားပွဲများ၌ တွေ့ရသည့် ချွေတာရေး
မုန့်သည်ကား မည်သည့်အရာမျှ ချွေတာသည်ကို
မတွေ့ရပါ။ စာတော်ပဲ၊ နံနံပင်၊ အုန်းသီး၊ ဆူးပုတ်ကြီး
အစရှိသည်တို့ကို ဖွေးကနဲ့ထည့်သည့်အပြင်
ဆီများကလည်း ရွှဲနေအောင် ထည့်သည်။
မုန့်ပြားသလက်ကို ဆီများများဖြင့် ကျွတ် ရွ နေအောင်‌
ကြော်ထားခြင်းဖြစ်သည်။ ဘာကြောင့်
ချွေတာရေးဟုခေါ်သလဲ မသိပေ။

ကျွန်နော်တို့ငယ်စဉ်က မုန့်ပြားသလက်ကို
အမေရောင်းချခဲ့ဖူးသည်။ အမေရောင်းချသော
မုန့်ပြားသလက်ကလေးများက ယခုကဲ့သို့
မုန့်ရေပါးမျိုးမဟုတ်ပေ။ မုန့်ရေများများဖြင့်
မုန့်ပြားသလက်အထူလေးများဖြစ်သည်။
တစ်ခုစားသည်နှင့်ဗိုက်ဝသွားသည်။ ယခု
မုန့်ရေးပါးများက နှစ်ခုသုံးခုစားမှသည် ဗိုက်
ဝ သည်။

တနေ့က အိမ်မှာ မုန့်ပြားသလက်လုပ်စားသည်။
မုန့်လုပ်စားရန် စားတော်ပဲနှင့် ဆူးပုတ်ကြီးဝယ်
သည်။ ဆူးပုတ်ကြီးကိုဝယ်ပြီး စားတော်ပဲ
ဝယ်မရသဖြင့် ဈေးထဲမှာ တလည်လည်ဖြစ်
နေသည်။ ရပ်ကွက်အတွင်း အော်ရောင်းသော
ပဲပြုတ်သည်ကြီးတွေ့မှ စားတော်ပဲဝယ်ခြင်း
ပြီးရသည်။ စားတော်ပဲနှင့် ဆူးပုတ်ကြီးဝယ်
ပြီးပါသော်လည်း ဆန်မှုန့်ဝယ်ရပေအုံးမည်။

ကျွန်တော်တို့ငယ်စဉ်ကတော့ မုန့်ရေပြုလုပ်ဖို့
ဆန်ကွဲကို တစ်ည‌ရေစိမ်ပြီးမှ ရေနူးနေသည့်
ဆန်ကွဲများကို ကြိတ်ဆုံမှာ ကြိတ်ရသည်။
ထိုကျောက်ကြိတ်ဆုံများက အမေတို့ရွာအနီး
အနားရှိ ရွာမှ ဝယ်ယူလာခြင်းဖြစ်သည်။
မု့ရွာမြို့ အရှေ့ဘက်ရှိ အရာတော်မြိုနယ်
ကျောက္ကာရွာမှာ ငရုပ်ဆုံ၊ ကျောက်ကြိတ်ဆုံများရှိသည်။
ယခုအခါမှာတော့ အဆိုပါလုပ်ငန်းများ
လုပ်ကိုင်ကြသေးလားမသိပေ။

ဆန်မှုန့်‌ရောင်းသည့်ဆိုင်မှ ဆန်မှုန့်‌လေးဘူးဝယ်သည်။
ဆိုင်မှ နို့ဆီဗူးနဲ့ မရောင်းပါ အချိန်နဲ့သာ
ရောင်းသည်ဟုပြောသည်။ ဒီတော့ နို့ဆီဗူး
လေးဗူဆိုရင် အချိန်ဘယ်လောက်လဲဟုမေးရသည်။
ငါးဆယ်သားဟုပြော၍ ဝယ်ခဲ့သည်။ ဆန်မှုန့်ကို
ရေနွေးဖြင့် မုန့်ရေဖောက်ရသည်။ မုန့်ရေဖောက်ပြီး
အတန်ကြာမှ ဆော်ဒါမှုန့်အနည်းငယ်ထည့်၍
မုန့်ပြားသလက်ပြုလုပ်ပါသည်။ စတင်ပြုလုပ်သည့်
မုန့်ပြားသလက် တစ်ခု နှစ်ခုက စား၍အဆင်မပြေသေးပါ။
နောက်လုပ်သည့် မုန့်များမှသာ မုန့်ပေါက်၍
စားကောင်းသည်။ မုန့်ရေထည့်၊ ကြက်ဥလေး
ခလောက်၍ မွှေထည့်သည်။ စားတော်ပဲနှင့်
ဆူးပုတ်ကြီးထည့်ပြီး ငရုပ်သီးစိမ်းလေးအနည်းငယ်
ထည့်သည်။ ဆီလေးကို မုန့်ဘေးအနားသို့ ဝိုက်ထည့်သည်။
မုန့်ကျက်သည့်အခါ မဆလာလေးဖြူးပြီး
စားလိုက်သည့်အခါ စားကောင်းသော
မုန့်ပြားသလက်များ ဖြစ်လာတော့သည်။

@htwegyi
September 4, 2025



0
0
0.000
8 comments
avatar

အရမ်းကြိုက်တဲ့ မြန်မာမုန့်
!HUG
!MEME

0
0
0.000
avatar

ကျွန်တော်လည်းကြိုက်သဗျို့ ။ သို့ပေသိ
မုန့်ပြားသလက်အနီ တော့ သိပ်အကြိုက်လှဘူး။

0
0
0.000
avatar

Congratulations @htwegyi! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You published more than 2500 posts.
Your next target is to reach 2600 posts.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Our Hive Power Delegations to the August PUM Winners
Feedback from the September Hive Power Up Day
Hive Power Up Month Challenge - August 2025 Winners List
0
0
0.000
avatar

တိုက်တိုက်ဆိုင်ဆိုင် မနေ့က ကျနော့် ညီမတဝမ်းကွဲတွေလည်း လုပ်စားကြတယ်။ ပြီး အိမ်ကိုလည်း လာပို့တယ်။

0
0
0.000
avatar

မုန့်က ပူပူနွေးနွေးမှ စားကောင်းတာ။

0
0
0.000
avatar

အချိုထက် ခုလို ချဉ်ငံစပ်လေးကို ပိုကြိုက်တယ်ဗျာ။

0
0
0.000