မေရေ ယပ်တောင်လေးနဲ့။

နေ့တာက ရှည်၊ ညတာက တို။ ပူလိုက်သည်
ဖြစ်ခြင်း။ ကဆုန် နယုန် ဆွေ့ဆွေ့ခုန်တဲ့။
နွေရာသီပဲ ပူမှာပေါ့။ ပူတာတော့ ပူပါလေ။
မနေ့က နေ့ခင်းမှာ ပူပြီး ညနေ နေမစောင်းမီ
မိုးက တပြိုက် နှစ်ပြိုက် ရွာချသည်။ မိုးရွာပြီး
ဆိုပြီး အပူလျော့ပဟ။ မိုးကြောင့် အေးမယ်ပ။
အထင်နဲ့ အမြင် လွဲပါရော။ မိုးက အနည်းငယ်သာ
ရွာသည်။ ဒီတော့ မိုး မစို့ မပို့မှာ နေ့ခင်းအပူရှိန်က
လက်ကျန်အပူနဲ့ ဘာပြောကောင်းမလဲ ပရိတ်သတ်
ဆိုသလို။ အိုက်ပြုတ်ကြီးဖြစ်ပါရော။

အိုက်ပြုတ်ကြီးမှ တကဲ့ ပြုတ်ထားသလို။
ကိုးရီးယားကားတွေထဲက ချွေးထုတ်ခန်း
ဝင်နေသလား အောင်းမေ့တယ်။ စဉ်းစားကြည့်။
မြန်မာပြည် နွေရာသီ၊ ကဆုန် နယုန် ဆွေ့ဆွေ့ခုန်
လကြီးမှာ ကိုးရီးယား ချွေးထုတ်ခန်းထဲ ရောက်နေသော
လူသားများ အဖြစ် ပါဝင်သရုပ်ဆောင်နေ
သလားလေ။ မိုးသည်က ရွာပါရင် သဲသဲမဲမဲ ရွာ
စေချင်သည်။ မရွာချင်သလိုလို ရွာချင်သလိုလိုတော့
မလုပ်စေချင်ပါလေ။

မရွာချင်သလိုလို ရွာချင်သလိုလို။ မစို့ မပို့။
အနည်းငယ် ရွာဟန်ပြုသလို လုပ်ပါမူ
နွေအပူမှာ လေပူမိပြီး ရေအပူက တမျိုးဒုက္ခ
ပေးနေသလိုပင်။ နေ့လယ်ခင်းမှာ နေမင်းက
အားရ ပါးရ ပူပြီး။ ညအချိန်မှာလည်း သူရဲ့ အရှိန်
က မသေပေ။ အိပ်ရာထဲ ယပ်တချောင်းဖြင့်
အားရ ပါးရ ခတ်ကာ လက်ကို မော်တာ တပ်ထား
သလိုပင်။

ကိုယ်တွေက ပန်ကာမကြိုက်ပေ။ ပန်ကာ
ကြိုက်ချင် ကြိုက်။ မကြိုက်ချင်နေ လျှပ်စစ်မီးကလည်း
သူ လာချင်မှ လာပေသည်။ ဒီတော့
ကိုယ်ရဲ့ လက်ဖြစ် လေယပ်တောင်လေး ကသာ
အဆင်ပြေပေသည်။ ယပ်တောင်ဆို၍ ယခုအခါ
စက္ကူယပ်တောင်ကလည်း ရှားမှရှားဖြစ်သည်။
အလှူ၊ မင်္ဂလာပွဲများပြုလုပ်သည့်အခါ ပြန်လည်း
ပေးအပ်သော ယပ်တောင်များက စက္ကူယပ်များ
အစား၊ ပလပ်စတစ်ယပ်တောင်များက အများဆုံး
အစားထိုးလာသည်။

ဒီတော့ ကိုယ်တွေ ယပ်ခတ်သည့်အခါ စက္ကူယပ်တောင်က
ရှားပါးပစ္စည်းဖြစ်ပေသည်။
မင်္ဂလာပွဲများမှာ စက္ကူယပ်တောင် အစား
ပလပ်စတစ်ယပ်များကို အသုံးပြုသည်က
များသည်။ အလှူပွဲများ၌သာ စက္ကူယပ်တောင်ကို
အသုံးပြုမှု ရာခိုင်နှုန်း များသေးသည်ဟု ပြောရမည်။
စက္ကူယပ်တောင်ကလည်း သေချာဂရုစိုက်
အသုံးပြုရသည်။ သူက ပျက်စီးလွယ်သည်။
ပလပ်စတစ်ယပ် ကတော့ ရေဒဏ်နှင့် အကြမ်းခံ
ပေသည်။

သို့ပေသိ ပလပ်စတစ်ယပ် ထက် စက္ကူယပ်တောင်က
ခတ်လို့ ပြုလို့ ပို၍ကောင်းသည်။ နေ့လယ်ခင်း
ပန်းခြုံများဘေးမှာ စက္ကူယပ်တောင်လေး ခတ်ပြီး
Hive မှာ ပိုစ့်တင်ဖို့ စာရေးရသည်။ ခန္ဓာကိုယ်မှ
ချွေးတို့သည်က နဖူးမှ စီးကျ။ နောက်ကျောမှ
စီးကျသဖြင့် အင်ကျီမှာ ချွေးများဖြင့် စိုနေပေသည်။
ချွေးများကို သုတ်ပြီး ယပ်ကလေးခတ်ကာ
တမာပင်၊ ဗာဒံပင်များအောက် အရိပ်ခိုကာ
စာကြိုးစား ရေးလိုက်ရပါသည်။

@htwegyi
May 9, 2025



0
0
0.000
4 comments
avatar

ပူတာကတော့ ပြောမနေပါနဲ့ဗျာ။

0
0
0.000
avatar

မပြောတော့ပါဘူး😁

0
0
0.000
avatar

တော်သေးတာပေါ့ သစ်ပင်ရိပ်ကလေး ရှိပေလို့။
မြို့ထဲတော့ အဲယားကွန်းမရှိရင် သေနိုင်လောက်တယ်။
အပူလှိုင်းဖြတ်နေသလိုပဲ။ ကျွန်တော်တို့ ပြင်ဉီးလွင်တောင် အပူချိန် မြင့်တက်လာတာ။

!PIZZA

0
0
0.000