မိတ်အင် ပွကြီး
"ဟေ့ ပေါတာကြီး ဘာလုပ်နေလဲ"
ဟာ ပြဿနာပဲ ဒီအမျိုးသမီးကတော့ လုပ်ချလိုက်ပြီ။
နေ့လယ်ခင်း အမေ့ကို ရေချိုးပေးနေစဉ်။
ခြံအပြင်မှ အမျိုးသမီးကြီးတဦးသည် ကျွန်တော်တို့
အိမ်အတွင်းသို့ ဝင်လာသည်။ ထိုအမျိုးသမီးသည်က
ဟိုးယခင် ကျွန်တောတို့ ငယ်စဉ်က သိကျွမ်းခင်မင်
ခဲ့သူဖြစ်သည်။ သူနဲ့အတူ သူ့သားလည်းပါသည်။
သူ့သားအလုပ်အတွက် ရပ်ကွက်လူကြီးထောက်ခံစာ
လာယူခြင်းဖြစ်သည်။
ရပ်ကွက်လူကြီးဆိုသူအား ဘယ်မှာနေလဲ မသိ၍ လိုက်လံ
ရှာဖွေရင်း ကျွန်တော်တို့ခြံသို့ ရောက်ရှိလာသည်။
ရပ်ကွက်လူကြီး ဆိုသူများက သိကြသည့်
အတိုင်း။ ပိုဆိုးသည်က ကျွန်တော်တို့ရပ်ကွက်ရုံက
မီးရှို့ထားခြင်းခံရသည်။ ပြန်လည်ဆောက်လုပ်ခြင်း
မရှိသေးပေ။ ရပ်ကွက်လူကြီးကလည်း လက်ဘက်ရည်
ဆိုင်ကို ရုံးလုပ်နေသည်ဟု သိရသည်။
ထားတော့ ရပ်ကွက်လူကြီးများ အကြောင်းကို။
အနှီး ပေါတာကြီးဟု ကျွန်တော့ အကိုတာယာပွကြီး
ကို နူတ်ဆက်သည်၏ ပြဿနာက ဒီလို။ တာယာ
ပွကြီးကို ငယ်စဉ်က ချစ်စနိုးဖြင့် ပေါတာကြီးဟု
ခေါ်သည်။ သို့ပေသိ လူပျိုပေါက်အရွယ် ရောက်လာသော
ထိုအမည်ကို ခေါ်ပါက စိတ်ဆိုးသည်။
ယခုထိ အသက်ငါးဆယ်ကျော်သည့်အတိုင်း
ထိုအမည်ကို ခေါ်ပါက စိတ်ဆိုးသေးသည်။
ထိုသို့ စိတ်ဆိုးသော အမည်ကို အနှီးအမျိုးသမီး
ကြီးက။ အိမ်ပေါက်ဝမှ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား
အော်ခေါ်သည့်အခါ တာယာပွကြီး၏ မျက်နှာကြီးက
အီလည်လည်ကြီးဖြစ်လေသည်။
သို့ပေသိ သူနဲ့ ပါလာသော သူ့သားက တာယာပွကြီး၏
တာယာဖိနပ်ကို ဝယ်ယူအားပေးသည်။
ထိုကြောင့် တာယာပွကြီးသည် စိတ်ဆိုးရအခက်
ဖြင့်။
"ဟဲ့ နင့်အသံက တိုးတိုးလုပ်ပါဟ။ အော်ကြီး
ဟစ်ကျယ် မလုပ်စမ်းပါနဲ့"
ထိုသို့ တာယာပွကြီး၏ ပြောစကားကြောင့်
အမျိုးသမီးက အသံတိုးတိုးဖြင့် ပြောသည်။
အသံတိုးလိုက်ပုံမှာ သူရို့နှစ်ဦးပြောသံပင်
မနည်းနားထောင်ရသည်။ တာယာပွကြီးက
သူ၏ တာယာဖိနပ်ကို ဒီဇိုင်းမျိုးစုံကို ပြသ၍
ရောင်းချပါလေသည်။ တာယာဖိနပ် ပြုလုပ်ရ
သည်က အနည်းငယ်လက်ဝင်သည်။ လက်နက်ကိရိယာ
စုံလင်ရသည်။ ထို ဖိနပ်ကို လုပ်ကိုင်မှု
မရှိသည်မှာ ကာလအတော်ကြာပြီဖြစ်သည်။
ယခုအခါမှ တာယာပွကြီးက မည်သို့ စိတ်ကူး
ပေါက်သည်ထင်။ တာယာများကို ပြန်လည်
လှီးဖြတ်နေသည်။ တာယာရေပုံးကြိုးများကို
လှီးသည်။ တနေ့က ထော်လာဂျီသမားတဦး
လာသည်။ သူ့ကား၌ ပတ်တားကြိုးကို
တာယာဖြင့် ပြုလုပ်ပေးရန်ပြောသွားသည်။
ထိုအပြင် အလုပ်ကြမ်းလုပ်ရာတွင် စီးရန်အတွက်
တာယာဖိနပ် နှစ်ရံလည်း မှာသွားသည်။
ထိုသူများအတွက် လုပ်ထားသော ဖိနပ်ကို
သူတို့က လာမယူ၍ တာယာပွကြီးက သူ၏
ငယ်ပေါင်းကြီးဖော် ပေါတာကြီးဟု ခေါ်သော
အမျိုးသမီး သားအမိကို ရောင်းချလိုက်သည်။
သို့နှင့် တာယာပွကြီး၏ မိတ်အင်ပွကြီး ဖိနပ်
တစ်ရံ ရောင်းချလိုက်ရပါလေသည်။
@htwegyi
July 4, 2025
!LUV
!LOL
lolztoken.com
But take a look at me now.
Credit: reddit
@htwegyi, I sent you an $LOLZ on behalf of golden.future
(1/10)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
အမယ် handmade တွေ ဂေါ်သဗျ။
လမ်းကြမ်းဆို ဒီကောင်မှ။