လောဘ ကိုယ်စီ

avatar
(Edited)

တူမ၏ ခင်ပွန်းက အိုးဝေမောင်းသည်။
ယနေ့ အိုးဝေမောင်းပြီး အိမ်ပြန်လာသောအခါ
ဒေါသတကြီးဖြင့်ပြန်လာသည်။ ဘာဖြစ်တာလဲဟု
အိမ်မှ လူများက ဝိုင်းပြီးမေးသောအခါ
ယခုလို ပြောပြပါလေသည်။ ယခုအချိန်မှာ
မိတ်ဆွေတို့ သိတော်မူကြသည့်အတိုင်း လောင်စာဆီ
ပြဿာနာက တဖြည်းဖြည်း ခက်ခဲလာသည်။
အိုးဝေနှင့် ဆိုင်ကယ်များကို တကြိမ် သုံးလီတာသာ‌
ဆီဆိုင်များက ရောင်းချပေးသည်။

စုံ၊ မ ပြဿနာကလည်းရှိပေသည်။ ဒီတော့
ဆီပြဿနာက နေရာစုံမှာ ပြဿနာပေါင်းစုံဖြစ်‌ပေသည်။
ထိုသို့ လောင်စာဆီခက်ခဲသည့်အလျောက်
ထိုခက်ခဲမှုအပေါ် အမြတ်ထုတ်သူကလည်း ရှိပေသည်။
တူမ၏ အမျိုးသားက ဆီထုတ်ရန် ဆီဆိုင်ကြီးတခုမှာ
တန်းစီသည်။ ထိုဆီဆိုင်ကြီးမှာ ဆိုင်ကယ်တစ်တန်း၊
ကိုယ်ပိုင်ကားများကတတန်း၊ အိုးဝေများက တတန်း
တန်းစီကာ ဆီဝယ်ယူကြသည်။

သူတန်းစီသော အိုးဝေကားတန်းမှာ ကားတန်းမရှည်ပေ။
သူ့ရှေ့မှာ အိုးဝေရှစ်စီးသာရှိသည်။ အခြား
ဆိုင်ကယ်နှင့် ကိုယ်ပိုင်ကားတန်းများက ရှည်လျား
သည်။ သူစောင့်နေစဉ် ကိုယ်ပိုင်ကားတန်းမှ
ကားများတစီးပြီးတစီး ရွေ့လျားသွားသည်။
သူ့အိုးဝေတန်းမှ ကားများက မရွေ့လျားပေ။
ဒီတော့ ဘာဖြစ်လို့ကြာတာလဲဟု တွေးကာ
ဆီပန့်ရှိရာ ရှေ့သို့ သွားရောက်ကြည့်မိသည်။

သူသွားရောက်ကြည့်အခါမှာတော့ ဆီထည့်နေသော
အိုးဝေသည် နံပါတ်မပါပေ။ ဆီထည့်ပေးသည့်အခါ
မှာလည်း သုံးလီတာ မကပေ။ ငါးသောင်းကျပ်
ဟု ငွေအမောင့်ပေါ်နေသည်။ ထိုသုံးဘီသမားကို
ငွေရှင်းသည့်အခါမှာအလည်း အခြား ခပ်လှမ်းလှမ်း
နေရာမှာငွေသွားရှင်းသည်။ ဒီတော့ သူက ပြောဆို‌ တော့သည်။

"မင်းတို့တွေ လုပ်စားတာတော့ လုပ်စားပေါ့။ ဒါပေသိ
ငါတို့တွေက နေပူမှာ အကြာကြီး အစောင့်ကြီးစောင့်ရပြီး
ဆီရတော့ သုံးလီတာ။ ခု မင်းတို့ ထည့်ပေးတဲ့ကား
တွေက နံပါတ်တောင်မတပ်ဘူး။ ဆီလည်း
ပိုရောင်းပေတယ်။ ဘယ်လိုတွေတုန်း"

သူက ပြောပြောဆိုဆို ဖုန်းဖြင့် ဓာတ်ပုံရိုက်ပြီး
ဆီရောင်းသူများကို ပြောဆိုသည်။ ထိုအခါ
ဆီရောင်းသူများက။

" ဟို အကို အဆင်ပြေအောင် လုပ်ပေးပါမယ်"

တောင်းပန်းပြီး သူ့အိုးဝေကို ဆီအပြည့်ရောင်းပေး
လိုက်ကြသည်။ ကြူအာကုတ် တောင်းသည့်အခါမှာလည်း။
မင်းတို့ရှေ့က အိုးဝေ‌လည်း မတောင်းဘူး။
ငါလည်း မပေးဘူး။ အဲ့သလို ပြောဆို ဆီထည့်ပြီး
သွားသည့်အခါမှာတော့။ သူ၏ အိုးဝေမှာ ဆီက
တစ်သောင်းငါး‌ထောင်ဖိုးမှာ ဆီတိုင်ကီပြည့်သွား
သည်။ ဆီများများ မဖြည့်ခဲ့ရသဖြင့် တူမ၏ ခင်ပွန်းသည်
မကျေမနပ်ဖြစ်နေပေတော့သည်။ အင်း ဒါလည်း
လောဘသားတွေ ပေမို့လားလေ။

@htwegyi
March 17, 2026



0
0
0.000
2 comments
avatar

ကျွန်တော် ရွှေပြည်ကြီးမှာ ရှိနေတုန်း ဆီတန်းစီရတာတောင် သတိရမိသေး။ တခုခုဆိုရင် အိမ်ကကား ဆီအပြည့် ရှိမှ နေသာထိုင်သာ ရှိတာရယ်။ ကျွန်တော့ အမေက တပတ် ၃ ရက် ကျောက်ကပ်ဆေးနေရတော့ ကားကမသုံးလို့မဖြစ်ဘူး။ ညသန်းခေါင်လည်း ထတန်းစီရတာပဲ။ ဒုက္ခများချက်တော့။

0
0
0.000
avatar

ရွှေပြည်ကြီးကို အရမ်းသတိရ
လွမ်းဆွတ်တမ်းတ
နေရှာကြရော့ပေါ့။
😂

0
0
0.000