လမ်းပေါ်က သစ်ပင်။

မနေ့ကရဲ့ မနေ့က ဆိုတော့ တမြန်မနေ့ကလို့
ရေးရပေမည်။ ထိုတမြန်မနေ့က ညမှာ မိုးအားကြီး
ရွာသည်။ မိုးရွာသမှ အရေပါသဗျို့။ အရေဆိုတာ
မိုးရေကို ပြောသဗျ။ မိုးရေချိန်ဘယ်နှစ်လက်မ
ရွာသလဲတော့ မသိပေ။ ကျွန်တော့်ခြံဝင်းရှိ အုတ်ရေကန်လေးပင် ရေမြုပ်သွားသည်။ မနေ့ကလည်း
မိုးရွာသည်။ သို့ပေသိ တမြန်နေ့ကလောက်
မိုးရေမပါပေ။

မိုးရွာသည့်အချိန်ကလည်း ညအချိန်ဖြစ်သည်။
ညရောက်ပြီဆို မိုးခြိမ့်သံ တဂျိန်းဂျိန်းဖြင့် မိုးသံ
ပေးကာ ရွာချသည်။ အဆို့ပါ တမြန်နေ့ရဲ့ မိုးရွာ
ချမှုကြောင့် လမ်းမပေါ်ရှိ ဆူးဖြူပင်ကြီး ပြိုလဲ
သွားသည်။ ထိုဆူးဖြူပင်က ကျွန်တော်တို့အိမ်၏
တောင်ဖက်မှာရှိသည်။ မိုးက သဲသဲမဲမဲရွာသည်။
သို့ပေသိ လေမတိုက်ပေ။ လေမတိုက်ပါပဲ
သစ်ပင်က ဘာကြောင့်များ ပြိုလဲကျတာပါလိမ့်။

မိုးရေများ၍ မိုးရေဝိတ်များကြောင့်လား။
မိုးရေများ၍ အပင်ခြေရှိ မြေသားက ပျော့သွား
သောကြောင့်ပေလားမသိ။ အစရှိသဖြင့်
အမျိုးမျိုးတွေးကာ နေမိသည်။ ကားလမ်းပေါ်ရှိ
ကန့်လန့်လဲကျနေသော ဆူးဖြူပင်ကြောင့်
ယာဉ်သွားလာမှုများ ပိတ်သွားသည်။ ကားလမ်း
ပိတ်သည်ဟု ဆိုသည့်တိုင်း ဆူးဖြူပင်က
ကောက်နေသည်။ ထိုကောက်နေသောအပိုင်းက
လမ်းအလယ်ခေါင်းမှာ ရောက်သည်။

လမ်းအလယ်ခေါင်း၊ ကောက်နေသော ဆူးဖြူပင်
၏ အောက်ပိုင်းသည်။ လူတရပ်စာလွတ်နေသည်။
ထိုလူတရပ်စာ လွတ်နေသော နေရာမှ ဆိုင်ကယ်စီးသူတို့က ဖြတ်သန်းသွားနေကြသည်။ ထိုသို့
ဖြတ်သန်းသွားနေသည့် ဆိုင်ကယ်များကို ကြည့်၍
ကျွန်တော်က အသည်းယားလှသည်။ မတော်တဆ
အပင်က အောက်သို့ ပိကျပါရင်ဖြင့် ဒုက္ခများ
ပေမည်။ ထိုသို့ဖြတ်သန်းသည့် ဆိုင်ကယ်များ
ပေါ်မှာ ခြံဘေးမူကြိုလာပို့သည့် ဆိုင်ကယ်
များက အများသာပင်။

ကလေးငယ်နှင့် ဆိုင်ကယ်စီး၍ ဆူးဖြူပင်အောက်
ဖြတ်သန်းမောင်းနေသော ဆိုင်ကယ်များကို
ကြည့်ကာ ကျွန်တော့်မှာ ရတက်မအေးဖြစ်နေသည်။
ယခင်ဆူးဖြူပင်အောက်၌ ကျူး‌ကျော်တဲလေးရှိသည်။
ထိုတဲလေးက အပင်ခြေမှာရှိသည်။
အပင်လဲကျသည့်အခါ ထိုတဲလေးက ဘာမှမဖြစ်၍
တော်သေးသည်။ ထိုတဲနှင့် မျက်နှာချင်းဆိုင်
ခြံဝင်းရှိ အိမ်ကလေးများကလည်း ကံကောင်း
သည်။ ဆူးဖြူပင်၏ ကိုင်းဖျားလေးများနှင့်သာ
အနည်းငယ်ထိမိသည်။ ထိုသို့ ကိုင်းဖျားလေး
ထိသည့်ကလည်း ဝင်းထရံကို ထိခြင်းဖြစ်၍
တော်ပြန်သေးသည်။

သို့ပေသိ ညအချိန် အပင်က ပြိုလဲကျသဖြင့်
ကံကောင်းသည့်ဟုလည်း ပြောရပေမည်။
ဝင်းထရံကိုထိသည်က ဝင်းပေါက်တံခါး
နေရာဖြစ်သည်။ ညအချိန်မို့ ဝင်းတံခါးပိတ်ထား
သည်။ နေ့အခါဆိုပါမူ လူဝင်အထွက်ရှိ၍
ကံမကောင်းသူဆိုပါမူ။ ဆူးဖြူပင်၏ ကိုင်းဖျားများ
ရိုက်ခြင်းကိုခံရပါက မလွယ်ပေ။ နာရီအနည်းငယ်
ကြာမှာတော့။ သစ်ပင်ခုတ်သူများကို ခေါ်၍
ဆူးဖြူပင်ကြီးကို ခုတ်ထွင်းရှင်းလင်းသည်။
သစ်ပင်ခုတ်သူများက ကျွမ်းကျင်စွာခုတ်သွား
သည့်အခါ ဆူးဖြူပင်ကြီးသည် အချိန်အနည်းငယ်
အတွင်းမှာ ရှင်းလင်းသွားပေသည်။ လမ်းမ
သည်လည်း ယာဉ်များသွားလာနေပေ‌တော့သည်။

@htwegyi
June 12, 2025



0
0
0.000
2 comments
avatar

ဒီမှာလည်း ရွာသလား မမေးနဲ့ဗျို့။
တနိုင်ငံလုံးကြီး ရွာနေတယ် ထင်ပါရဲ့။

0
0
0.000
avatar

မိုးဦး ကောင်းတယ်ထင်ပ။

0
0
0.000