ကျမရဲ့ ဖြစ်ပုံ အတွေးစုံ။

ဘဝကို ဘယ်လိုရေးရ၊ ပြောရပါ့။ ဘဝက
ခက်ခဲလိုက်တာလို့လဲ မညည်းချင်။ ယခုလို
အချိန်မှာ ကိုယ်နဲ့တန်းတူတွေက မနည်း။
ကိုယ့်ထက် သာသူကပင် များပေမည်။ ကျမ ရဲ့
ဖြစ်ပုံ ဖြစ်ပုံ အလုံးစုံ ဆိုသလို သီချင်းသာ
အော်ဆိုချင်လိုက်ချင်ရဲ့။ မှန်ပါသည် တခါတရံ
စိတ်ဖိစီးမှု ဖြစ်လာရင်း သီချင်း အော်ဆိုမိချင်တာ။
မနည်းကို ဘရိတ်အုပ်ထားရတာ။

ဒီအချိန် အခါက သီချင်းအော်ဆိုဖို့ နေနေသာသာ
သီချင်းပင် ကျယ်ကျယ်ဖွင့်သံကြားရင်ပင်
စိတ်က အားနာမိသည်။ အားနာသည်က
ဒုက္ခပင်လယ် ဝေနေသူများအတွက်ဖြစ်သည်။
ကိုယ်တွေရဲ့ ဒုက္ခဆိုသည်က အခြားသူများထက်
တော့ အနည်းငယ် သက်သာသည်။

အဆင်မေပြဘူး၊ ဘာညာ သာရကာပြောနေရတာ
အားနာမိသည်။ ယခုအချိန်အခါက လူတိုင်း
နီးပါး အခက်အခဲ၊ စိတ်ပင်ပန်းခြင်းနှင့် စိတ်ဖိစီး
မှုရှိနေပေမည်။ ကိုယ်တွေမှ ထူးပြီး ဖြစ်ပျက်နေသည်
မဟုတ်။ အဆင်မပြေဆိုသည့် အရာက
ခုချိန်မှာ လူတိုင်းနှင့် ရင်းနှီးကျွမ်းဝင်ချစ်ခင်
နေသည့် ဟာကြီး ဖြစ်နေသည်။

ကျမ ပြောချင်တာက ကိုယ်တွေနှင့် ဘဝအတူတူ
တမူးသာ ပြောရမလား၊ စီးပိုးသည်ဟု ဆိုရ
လေမလား။ အဲ ဘဝတူဆိုပေသိ သူက
ကျမထက် ငွေကြေးချမ်းသာသည်။ ဒီလိုပါ
ကျမနှင့် အိမ်ချင်းကပ်လျှက်က
သူငယ်ချင်းမိသားစုအကြောင်း ပြေချင်တာ။
သူတို့က ကျမထက် ငွေကြေးပြည့်စုံသည်။ လစဉ်
ဝင်ငွေရှိသည်။ အိမ်ခြံဝင်း အပိုများမှ
အိမ်ငှားခရှိသည်။ ကျမသည်က ပုံမှန်ဝင်ငွေမရှိပါ။
အဆင်ပြေသလို ချွေတာစားသောက်နေရသည်။

တ‌နေ့မှာ အလှူရှင်တဦးက စားသောက်ဖွယ်ရာများ
လှူသည်။ ထိုပစ္စည်းများကို ဘေးအိမ်သူငယ်ချင်း
ထံမှာ ထား၍ ကိုယ်လို ဘဝတူများကို ဝေငှပေး
ရသည်။ ကျမမှာ ပျော်ရွှင်မိ၍ ထိုဘေးအိမ်မှာနေပြီး
အိမ်ရှင်လုပ်ကာ ပစ္စည်းလာယူသူ မိတ်ဆွေ
များကို ကျွေးမွေးဧည့်ခံသည်။ အိမ်ရှင်ဖြစ်သူ
သူငယ်ချင်း သူဌေးကိုပင် ကျွေးသည်။
နောက်ရက်များလည်း ကိုယ့်အိမ်မှ ကော်ဖီမစ်ထုပ်လေး
ယူကာ သွားရောက်လည်ပတ်သည်။
အိမ်ရှင်သူငယ်ချင်းက ဧည့်ခံဖို့ မေ့နေသလား
မသိပေ။ ကိုယ့်စရိတ်နဲ့ ကိုယ်သွားကာ ဧည့်သည်
လုပ်နေသူ ကျမသည် နောက်ရက်များမှာ
ထိုအိမ်သို့ မသွားဖြစ်တော့ပေ။

အလှူပစ္စည်းများလည်း အကုန်ဝေငှပေးပြီး
ဖြစ်သည်။ ကျမ မသွားတော့ ဘေးအိမ်က
သူငယ်ချင်းသည်
ကျမအိမ်သို့ ရောက်လာသည်။
သူလာတော့ ကျမအိမ်မှာ ရှိသမျှမုန့်မျိုးစုံကို
ချကျွေး၍ ဧည့်ခံလိုက်ပါသည်။ သူငယ်ချင်း
သည် ကျမကျွေးသမျှ မုန့်များကို အားရ ပါးရ
စားသောက်သည်။

ဒီအခါမှာ ကျမ အတွေးသည် ချမ်းသာသူများက
အဲ့သလိုမျိုးကြောင့် ချမ်းသာကြသလား၊
အားနာစိတ်၊ လူမှုရေးစိတ် မရှိပါမှ ချမ်းသာ
ကြသလား‌ပေါ့။ ဒီလိုလည်း မဟုတ်လောက်
သေးပါဘူး။ အချို့ သော ပေးကမ်း စွန့်ကျဲ
ရက်ရောသူ ချမ်းသာသူများလည်း ရှိပါသေး
တယ်။ ချမ်းသာသူ၊ ချမ်းသာမှုအမျိုးမျိုးမှာ
မိတ်ဆွေသူငယ်ချင်းကဲ့သို့ ချမ်းသာမှုမျိုးတော့
မရချင်ပါဘူးလေ။ အတွေးများနဲ့ လုံးချာလည်
နေသော ကျမဟူ၍သာ။

@htwegyi
December 20, 2024



0
0
0.000
7 comments
avatar

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !LOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000
avatar

အားနေ အတွေးထူ ကျမ ရယ်ချင်မိတော့တာပဲ။
!LOLZ
!LUV

0
0
0.000