ကျေးဇူးပဲ Hive ရေ ကျေးဇူးပဲ။

Hive ဈေးအကြောင်း ကိုဒွန် က မပြောနဲ့ ဆိုလို့
မပြောတော့ပါဘူး၊ မရေးတော့ပါဘူးလေ။
ဈေးအကြောင်း မရေးနဲ့ဆို မရေးပါဘူး နို့ပေသိ
မေးစရာရှိတာလေး မေးပါရစေ။ ဂလိုဗျာ
Hive ကို Peakd မှာ ကြည့်မိတဲ့အခါ ပုံပါအတိုင်း
တွေ့ရသည်။ အဲ့သဟာတွေအကြောင်း
ကျုပ်က ရေရေရာရာ မသိဘူးဗျာ။ အဲ့တာ
သိရှိသူ ဆရာသမားများ တဆိတ်လောက်
ရှင်းပြပေးကြပါလား။

သူများတွေရဲ့ Peakd Wallet တွေကို သွား၍
ကြည့်ပြီသကာလ အဲ့သဟာကို နားမလည်ဘူး
ဖြစ်နေထာ။ သူများတကာတွေမှာ ဂဏန်းတွေ
ပေါ်နေပြီး။ ကျုပ်ရဲ့ Wallet မှာရှိတဲ့ အဲ့ကွက်လပ်မှာ
တော့ ဘာဂဏန်းမှ မရှိပေဘူး။ သူရေးထားတာ
ဘာတဲ့ Hive Governance တဲ့။ နောက်တခါ
ဘာတဲ့။ Account details related to
Hive governance.အဲ့သဟာရဲ့ အောက်မှာ
Witnesses/ Validators နဲ့။ DHF
Proposals, Supported Proposals.
စသဖြင့် ရေးသားထားတာတွေ့ရသည်။

ကျုပ် ဘာသာပြန်၍ သိရသလောက်က။
အကောင့်ရဲ့ အသေးစိတ် အုပ်ချုပ်ရေးဆိုလား။
သက်သေများ၊ အတည်ပြုသူများ စသဖြင့်
အဓိပ္ပါယ်ဖွင့်ရသမျှ ရှင်းရှင်း ရေးရရင်။
မသိပေါင်ဗျာ။ မြန်မာစကားကို ဘာသာ
ပြန်ထားတာပင် မြန်မာခမျ မရှင်းလင်းမသိသောအခါပေါ့။
အများတကာတွေ အားကျစရာ
ပင်။ ကျုပ်မှာလေ ဘာကြီးလှည်းနင်းသလို။

သို့ပေသိ ကိုဒွန် ရေးထားသလို ကိုယ်တွေရဲ့
ပိုစ့်က ဗုတ်များများမရတော့ ရေးရတာ အားမရှိ
သလို။ အင်း အချို့သူတွေထက် ကိုယ်ရဲ့ပိုစ့်က
ဗုတ်ပိုရတာလည်းရှိပေသပေါ့။ ရှေးလူကြီးများ
ပြောသလို။ ကိုယ့်အထက်မကြည့်နဲ့ ကိုယ့်အောက်
ကို ကြည့်ဆိုသလို။ ကိုယ့်အောက်ကြည့်ရမှာလဲ
မည်သူမျှမရှိဆိုသလို။ ယနေ့ကတော့ ဆိုသလို
တွေများနေပေမည်။

ဗုတ်ရတာ မရတာ၊ ဗုတ်နည်းတာ၊ မနည်းတာ
အသာထား။ ယနေ့ခေတ်ကြီးမှာလေ ယခုအချိန်မှာ
Hive မှာ ပိုစ့်တင်ရေးနေရသည်ကပင်။ ကိုယ်တွေ
အတွက် စိတ်ဖြေသိမ့်ရာ နေရာလေးတခုအဖြစ်
ရရှိနေတာဟု တွေးမိတာနဲ့တင် တန်ပါတယ်လေ။
Hive Platform သည်က ရေးချင်တာရေး။
တွေးချင်တာ တွေးကာရေး၍ ဒေါ်လာရနေပေသည်။
ငွေရနည်းသည် များသည်က နောက်မှ။
ကိုယ့်အတွက် တနေ့ တနေ့ အဖော်လေးအဖြစ်
ရှိနေသည်က ကျေးဇူးတင်စရာပေ။
ကျေးဇူးပါပဲ Hive Platform ရေ။

@htwegyi
June 28, 2025



0
0
0.000
3 comments
avatar

Witness vote က အကောင့် သုံးဆယ် ထိ ပေးလို့ရတာ ပေးမထားလို့ ၀ ပါ။
DHF တွေကတော့ ကိုယ် ပံ့ပိုးချင်တဲ့ အဖွဲ့အစည်းကို vote ပေးထားရခြင်းပါ။
!LUV
!LOL

0
0
0.000
avatar

အော် အဲ့သလို အဲ့ဟာတွေ မသိတော့
မသိဘူးပ။

0
0
0.000