ကိုယ်စီ စိတ်ကူး။

"ဟာ ဒီလူ လုပ်ပုံ မဟုတ်သေးပါဘူး"

ကိုမောင်ကြည် ခြံဘေးအိမ်မှ ကိုဌေး ဆိုသူ၏
လမ်းကြားသို့ မြေကြီးများ ဖြန့်ခင်းနေသည်ကို
ကြည့်၍ ပြောလိုက်သည်။ လမ်းကြားကို ယခင်က
ကျောက်မှုန့်များဖြင့် ခင်းထားသည်။ ကား၊
ဆိုင်ကယ်နှင့် လူများဖြတ်သန်းသွားကြသည်။

တနေ့က မိုးရွာသည်။ မိုးရွာ၍ မြေနိမ့်ခြံဝင်းဖြစ်သော
ကိုဌေးခြံဝင်းနှင့် ခြံအပြင်မှာ ရေများပြည့်လျှံသွား
သည်။ ရေများ ကျသွားသော်လည်း ကိုဌေး၏
ခြံအပြင်မှာ ရေခွက် ရေဗွက်များဖြစ်နေသည်။
ထိုရေဗွက်များသို့ ကားနှင့် ဆိုင်ကယ်များ
ဖြတ်သန်းသွားသောအခါ ကျောက်မှုန့် လမ်းက
ပျက်စီးသွားသည်။

ကိုဌေး၌ ဆိုင်ကယ်ရှိသည်။ ကိုမောင်ကြည် က
ကားပွဲစားဖြစ်၍ ကားနှစ်စီး၊ သုံးစီး သူ့ခြံမှာ
အမြဲရှိသည်။ ကားများက ဇိမ်ခံကားများဖြစ်သည်။
ကိုမောင်ကြည့် ကားများက ကိုဌေးခြံရှေ့မှ ဖြတ်သန်း
သွားသလို။ အရှေ့လမ်းမကြီးမှလည်း သူ့ခြံသို့
မောင်းဝင်နိုင်သည်။ ကိုဌေးနှင့် ကိုမောင်ကြည်က
ခြံချင်းကပ်ဖြစ်သည်။

ကိုမောင်ကြည်သည် ကားများကို ‌အရှေ့လမ်းမကြီးမှ
မောင်းသလို၊ အနောက်ဖက် ကိုဌေးခြံရှေ့မှလည်း
ဖြတ်သန်းမောင်းသည်။ ကိုမောင်ကြည်သည်
အရှေ့ဖက်လမ်းမကြီးသို့ ထွက်သော လမ်းကို
‌ဗွက်မထစေရန် ကျောက်မှုန့်များ ထူထူခင်းထား
သည်။ ကိုဌေး အိမ်ရှေ့၌မူ ကိုဌေး ခင်းထားသော
မြေကြီးနှင့် ကျောက်အနည်းငယ်ရှိသည်။
မိုးရွာသည့်အခါ ဗွက်ထသော ချိုင့်ခွက်များကို
ကိုဌေးက မြေကြီးများ တောင်းဖြင့် ထမ်း၍
ဖြန့်ခင်းနေသည်။

လမ်းသို့ ကျောက်ကြမ်း၊ ကျောက်မှုန့်ခင်းမှသာ
ဗွက်မထပဲ ကားမောင်း၍ ကောင်းသည်။ မြေကြီးများ
လမ်းကို ခင်းထားပါက ရေနှင့် မြေကြီးထိ၍
ရွှံ့ထူ ဗွက်ထ ချိုင့်ဖြစ်၍ ကားမောင်းမကောင်းပါ။
သို့ပေသိ ကားများသာ မောင်းမကောင်းသည်။
လူသွားလာ၍ ကောင်းသည်။ ကျောက်မှုန့်များ
ခင်းထားသော လမ်းသို့ မနက်ခင်းမှာ ကိုရင်နှင့်
ဦးပဇင်းများ ဆွမ်းခံကြွကြသည်။

ကိုရင်နှင့် ဦးပဇင်းများ သည် ကျောက်မှုန့်လမ်း
သို့ ရှောင်ကွင်း၍ မြေကြီးကျန်နေသော
လမ်းဘေးသားမှ ရှာဖွေ၍ ကြွကြသည်။
ထိုအရာကို မြင်သော ကိုဌေး က။

"ဦးဇင်း တို့က လမ်းလယ်က မကြွပဲ
လမ်းဘေးက ဘာလို့ ကြွကြတာလဲ"

"အင်း ဒကာကြီးရေ ကျုပ်တို့က ဖိနပ်မပါဘူး။
ဒီတော့ လမ်းက ကျောက်မှုန့်လေးတွေက
ခြေဖဝါးကို အတော်ဆူးတာကလား။
ဒါကြောင့် မြေကြီးလမ်းဖြစ်တဲ့ ဒီဘေးက
လျှောက်ကြရတာ"

"တင်ပါ ဘုရား။ နောင်နေ့ တပည့်တော်
မြေကြီးခင်းပေးထားပါမယ်"

ကိုမောင်ကြည်နှင့် ကိုဌေး ကိုယ်စီ လမ်းခင်း
ကြသည်။ သူရို့ စိတ်ကူးနဲ့ သူရို့တော့ ကိုယ်စီ
ဟုတ်နေကြပေသည်။

@htwegyi
November 13, 2024



0
0
0.000
3 comments
avatar

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !LOOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000