ကိုယ်စီ ဒဏ်ရာများနှင့်။

avatar

နံရံကို ခေါင်းနဲ့တိုက်တာ။

ဘယ်လိုလုပ် နိုင် နိုင်မှာလဲ။

ရေရှည် စဉ်းစားနော်။

ပြန်ဝင်ကြပါလား။

မအေကြီးက အသက်ကြီးနေပြီး
လေကဖြတ်ထားသေး။

အမေ့အတွက် ထဲ့မစဉ်းစားဘူး။

ကိုယ်လုပ်ချင်တာ စွတ်လုပ်တယ်။

သူများ ယောင်တိုင် လိုက်ယောင်တာ။

ကဲ့ရဲ့တယ် အပြစ်တင်တယ်။

အစ ရှိသဖြင့် အထက်ဖော်ပြပါ စကားလုံးများက
ကျွန်တော်ကို နေ့စဉ် ထိုးနှက်ခဲ့သည့် စကားများ
ဖြစ်သည်။ ယခုချိန် ယနေ့ထိ အလျှင်သင့်ပါရင်
သင့်သလို ကြားနေရဆဲဖြစ်သည်။ မိတ်ဆွေများ၏
သာရေး၊ နာရေးများကို နာရေးအတွက်သာ
ဦးစားပေးရသည်။ သာရေးကိုမူ မေ့ထားရသည်။

စီ တဦးတိုင်၏ ခံစားချက်က အားလုံးအတူတူ
မဟုတ်လျှင်ပင် အများစုက တူညီနေကြပေမည်။
ယခင်က အိမ်မှာ ဦးစားပေးခံခဲ့ကြရသည်။
ယခုတော့ ချောင်ထိုးခံဘဝများဖြစ်ကြရသည်။
စိတ်ဓာတ်များက ကျလိုက် တက်လိုက်ဖြစ်သည်။
တခါတရံ အဝေးဆုံးကို ထွက်ပြေးသွားချင်သည်။
အဲ ဘာတဲ့ အဲ့စကားလုံး ကြားဖူးပါတယ်။
အဆိုတော် မိန်ခလေး ဆိုထားပါတယ်။

ကိုယ်မှာရှိစဉ်က ဝေမျှစားသောက်ခဲ့သည်။
ကိုယ်မရှိသောအခါ ဝေမျှစားသောက်ဖို့
မျက်နှာငယ်ကာ စိတ်ဒဏ်ရာများ ရခဲ့သည်။
ဝန်ထမ်းလောကသားတို့သည် အများအားဖြင့်
ပြင်ပဗဟုသုတနည်းသည်။ ကိုယ့်အဝန်းအဝိုင်း
ကိုယ့်ရုံးနှင့်ပင် အချိန်ကုန်ကြသည်။ ဝန်ထမ်း
လုပ်ကိုင်ရင်း ပြင်ပလုပ်ငန်း လုပ်ကိုင်သူများလည်း
ရှိပါသည်။ ယခုအချိန်မှာတော့ သူရို့က
အဆင်ပြေကြသည်။

ကိုယ်တွေလို ဟိုမရောက် ဒီမရောက်
မည်သည့်နေရာမှ သုံးမရသော လူများသည်
ဒုက္ခလှလှတွေ့ကြရပေသည်။ အချိန်ကြာလာသည်နှင့်
အပြောအဆိုများစွာ ခံကြရသည်။ အပြောခံရပါ
များတော့ စိတ်ဒဏ်ရာတွေလည်း များစွာဖြစ်ကြ
ရသည်။ ကိုယ့်စိတ်ဒဏ်ရာ ကိုယ်တိုင်ကုသ၍
အခြားသူ၏ စိတ်ဒဏ်ရာကို ဖြေဖျောက်
ပေးရသည်။

ကိုယ့်ထံ ရင်ဖွင့်လာသော ဘဝတူများ၏
စကားများကို စိတ်ရှည်စွာ နားထောင်ပေးရသည်။
အားပေးစကားပြောရသည်။ တခါတရံ
အားပေးရင်း ကိုယ်တွေပါ စိတ်ခံစားချက်
ဖြစ်သွားတတ်သည်။ မိသားစုအရေး၊
စီးပွားရေးနှင့် စားဝတ်နေရေးများက
လူတိုင်း အခက်အခဲကာလကို ဖြတ်သန်း
နေကြရသည်။ သူ့ဖေးမရင်း ကိုယ့်တိုင်အား
တင်းရင်းဖြင့် ချီတက်လာခဲ့ကြသည်မှာ
အောင်ပွဲ၏ ရောင်နီကို မြင်တွေ့ကြရတော့မည်။

ရေစီးတခါ ရေသာတလှည့်
ကိုယ့်တွေ ပေဖြစ်ချိန်မှာ ကော့အောင်ခံခဲ့ကြရသည်။
ကိုယ်တွေ တူဖြစ်ချိန်မှာ နာနာထုဖို့ဆိုတာ။
ကိုယ့်အသွေး ကိုယ့်အသားများကပင်
ကိုယ့်အား မြေနိမ့်မှာ လှံအလား ထိုးစိုက်ဖို့
လက်တွေ ဆကာ ဆကာ မြောက်ခဲ့ကြသည်။
စီတို့၏ ဘဝများက စိတ်ဒဏ်ရာကိုယ်စီရှိကြပြီ
အနည်းအများသာ ကွားခြားကြပေမည်။

@htwegyi
July 26, 2024



0
0
0.000
2 comments