ကမ္ဘာ့အပူနဲ့ သူ့ လင်၊ ကိုယ့် လင်။
ယနေ့မနက်ပိုင်းက ထုံးစံအတိုင်း ဖွင့်နေကျ
Coinmarketcap မှာသွား၍ Hive ဈေးကိုကြည့်သည်။
ထိုနောက် Coinmarketcap
မှပေးသော တိုကင်ကိုသွားယူသည်။ အဲ့မှာ
Coinmarketcap ရဲ့ တိုကင်က ယူမရပေ။
ဘာဖြစ်တာလဲ။ အကောင့်ကို ပြန်ဝင်ခိုင်းသဖြင့်
ပြန်ဝင်သည်။ ဝင်မရပေ။ ပတ်စ်ဝက် မှားသည်ဟုလည်း
မပြောပေ။ ဘာဖြစ်တာလဲပေါ့။ ဖွင့်မရ၍
ဖုန်းကို ပစ်ထားကာ မနက်စာ စားဖို့ စီစဉ်ရသည်။
မနက်စာ စားဖို့ အကြော်သွားဝယ်ပြီး မနက်စာ
စားအပြီးမှာတော့ သတင်းထူးတက်လာသည်။
ဒေါ်နယ်ထရန့်သည်က အီရန်ကို ဗုန်းသုံးနေရာကျဲကာ
အီရန်၊ အစ္စရေးစစ်ပွဲသို့ ဝင်လာသည်။
အင်း ထိုကိစ္စကြောင့်မို့ထင် Coinmarketcap
က ဖွင့်မရတာလားဟု တွေးမိသည်။ ယခုဖွင့်ရတော့လည်း
ပတ်စ်ကမေ့နေသည်။ ကဲ ရှိစေတော့
နောက်မှဖွင့်တော့မည်။ ယနေ့ ပိုစ့်တင်ရမည်။
မည်သည့်အကြောင်းအရာ ရေးရပါ့။
ဟယ် စဉ်းစားမနေပါဘူး ယခုလောလောလတ်လတ်
သတင်းအကြောင်းပဲ ရေးပါစို့။ အမေရိကန်က
အီရန်ကို ဗုန်းကျဲတော့ အမျိုးမျိုးထင်ကြေးပေးကြသည်။
အီရန်ကို ဝိုင်း၍ အနိုင်ကျင့်သည်။ အီရန်၊
အစ္စရေး၊ အမေရိကန် အစရှိသဖြင့် နိုင်ငံများက
ကျုပ်တို့နိုင်ငံအတွက် ဘာမျှအကူအညီမရ။
ထိုသို့ အကူအညီမရသည့်အပြင် စစ်ဖြစ်သည့်
နှစ်နိုင်ငံက လက်နက်များပင် မအလကို ရောင်းချ
ပေးသတဲ့။ သို့ပါသောကြောင့် ထိုနိုင်ငံ နှစ်နိုင်ငံ
စစ်ဖြစ်တာလည်းကောင်းသပ ဟု ပြောကြသည်။
အီရန်ဖက်ကတမျိုး၊ အစ္စရေးဖက်က တဖုံး အမျိုးမျိုး
ထင်ကြေးပေးကာ လိုင်းပေါ်မှာ ပွဲဖြစ်နေကြသည်။
ဒီတော့ ကြားနေသူများကလည်း ပြောကြသည်။
သူများနိုင်ငံတွေ စစ်ဖြစ်နေတာထက် ကိုယ့်နိုင်ငံရဲ့
အရေးကိုလည်း အားရုံစိုက်ကြပါအုံးဟု ပြောကြသည်။
စစ် ဆိုသည်က ဖြစ်ပွားပါမူ မြေဇာပင်
ပြည်သူများက ပထမဒုက္ခရောက်ကြသည်။ သက်ကြီး
ရွယ်အိုနှင့် လူမမယ်ကလေးများက ပို၍ဒုက္ခ
ရောက်ကြပေသည်။
ကမ္ဘာကြီးက ရွာကြီးနှင့်တူသမို့ ရွာကြီးမှာ အပူမီး
တောက်ပါက အားလုံးပူကြပေမည်။ လောဘမီး၊
ဒေါသမီး၊ မောဟမီးများက အလျှံညီညီတောက်
လောင်လျှက်ရှိပေသည်။ ဟိုမှာ တစ၊ ဒီမှာ တစ
နဲ့ မီးစ မီးတောက်များ များပြားလာပါရင်
ထိုမီးစများ ပေါင်းမိသွားပါက ပြေးစရာမြေနတ္ထိ။
ကြီးနိုင်ငယ်ညှင်း၊ အားကြီးသူက အားနည်းသူကို
အနိုင်ကျင့် စော်ကားသည်။ ရန်ဖြစ်သူတို့ကို
ရန်ပြေရန် ဖြန်ဖြေမပေး။ အဆင်းမှာ ဘီးတပ်ပေးသည့်
ကမ္ဘာကြီးအတွက် ကိုယ့်ဘရိတ်ကို ကိုယ်စီ
အုပ်ကြရပေမည်။
အီရန်၊ အစ္စရေး၊ အမေရိကန်အရေးထက်
ကိုယ့်နိုင်ငံအရေးလည်း ဂရုစိုက်အားထည့်ကြပါအုံး
ဟု။ အမေပြောသလို ရေးရပါရင်ဖြင့်။
အနည်းငယ်ရိုင်းသွားပါရင် ခွင့်လွတ်ပါလေ။
အမေ ပြောသည်က ဘာတဲ့။
ကိုယ့် လင် သေတာ မငိုပဲ။
သူများ လင် ဂွေးပေါ်တာကြည့်သတဲ့။
အဲ့သလိုပါ ဆို။
@htwegyi
June 22, 2025
ဈေးက တက်ကြောင်း မမြင်။
😅
ဆယ်ပြားသို့ ရောက်ပါပေါ့။