ခဏ က ကြာလိုက်ထာလေ။

ကျွန်တော့်ဖုန်းသည်က စာရေးမည်ဆိုပါမူ
စတိုးများနေ၍ မလိုအပ်သော အရာများကို
ဖျက်ပြီးမှသာ စာရေးဖို့ အဆင်ပြေသည်။
နို့မို့ ဖုန်းက လေးနေသည်။ Hive ဈေး အမြန်
တက်ပါမှ ဖုန်းလေးတလုံး ပြေးဝယ်ရပေမည်။
Hive ဈေးသည်က ယနေ့မှာ တော့ အစိမ်းရောင်
သန်းသည်။ သို့ပေသိ ပြားနှစ်ဆယ်အနီးမှာ
တဝဲလည်လည်ပါ။

ပြားနှစ်ဆယ်မှ နှစ်‌ဒေါ်လာ ရောက်ပေမူ
ကောင်းပေစွ။ သို့သော်လည်းပေါ့လေ ကိုယ်
ဖြစ်စေချင်တိုင်း မဖြစ်တာကလည်း ဒုက္ခ
တစ်ခုဆိုပါမူ ဒုက္ခတွေက အတော်ကိုများပေမည်။
ဒုက္ခတွေနဲ့ ထွေရောယှက်တင် နေထိုင်နေရ
တော့လည်း ဒုက္ခဆိုသည်ကိုပင် ညည်းညူးနေဖို့
မလိုတော့သလို။ နင်လားဟဲ့ ဒုက္ခ ဆိုသလို
မိမိကိုယ်ကို အားတင်းရင်း ဘဝကိုရှေ့ဆက်
နေရပေမည်။ အဆိုးများကြုံကြိုက်တုန်းမှာ
ဒုက္ခဆိုတာ ခဏပါတဲ့။ အဲ့ ခဏက ကြာလိုက်ထာ
ဆိုတာကို မပြောချင်တော့ပါဘူး။

ပြားနှစ်ဆယ်အောက်သို့ ရောက်နေသော
အနှီး Hive ဈေးသည် ယနေ့မှာ ပြားနှစ်ဆယ်
ကျော်သို့ ရုန်းတက်လာသည်။ သို့ကြောင့်
ပြားနှစ်ဆယ် အောက်မှာ ဝယ်ထားသော
Hive များကို 0.230 ဈေးမှာ တချီရောင်း
လိုက်သည်။ သုံးဒေါ်လာ မြတ်ပေသည်။
တခါ 0.213 ဈေးမှာ ပြန်ဝယ်ထားပြီး ယနေ့ 0.223 မှာ
ပြန်ရောင်းသဖြင့် တဒေါ်လာမြတ်သည်။
ယခုအပတ်ထဲမှာ Trade ခြင်းဖြင့် လေးဒါ်လာ
အမြတ်ရပေသည်။ ဒုက္ခတွေထဲ ငွေရှာရတာပ။

Binance Spot နဲ့ Futures မှာ ကျွန်တော်သည်
Spot မှာသာ Trade နိုင်သည်။ ကိုယ်တွေလို
ဈေးကျရင် ဝယ်။ ဈေးတက်ရင် ပြန်ရောင်း
စသဖြင့် အဲ့သလို သူအတွက် အဆင်ပြေသည်။
Futures ကတော့ Spot လောက် မရိုးရှင်းဘူးဟု
ထင်ပါသည်။ ဒါကလည်း ကိုယ်တွေက သေချာ
မလေ့လာ၍ မသိတာဖြစ်ပေမည်။ ကိုယ်တွေက
အလွယ်သမားဆိုတော့ လွယ်ကူရိုးရှင်းသည့်
အရာသာ စိတ်ဝင်စားသည်။

Ecency မှာ ယခုတလော Boost လုပ်၍
မရဖြစ်နေသည်။ Ecency မှာ Boost လုပ်ရန်
Hivesinger သို့ဝင်ရသည်။ ထိုသို့ ဝင်ရာတွင်
ပတ်စ်ဝက်ဖြင့်လည်းဝင်မရ။ posting key,
Active key များဖြင့်လည်း ဝင်မရ ဖြစ်နေသည်။
မည်သို့ဖြစ်သည်မသိပေ။ ထိုကြောင့် Ecency
မှာ Boost လုပ်၍ မရဖြစ်နေသည်။ Ecency
Point များကလည်း ထိုသို့ Boost လုပ်မှသာ
အသုံးပြုရပေမည်။ အခြားလက်ဆောင်ပေးခြင်း
အပြင် မည်သည့်အရာများရှိပါသေးလဲ မသိပေ။

ကမ္ဘာကြီးက ချာလည်လည်၊ မြန်မာပြည်က
ဒုက္ခပင်လယ်၊ Crypto Hive တွေက တက်မလား၊
ကျမလား၊ စိမ်းလိုက် နီလိုက်နဲ့ ထိုသို့သော
ရေစီးချောင်းကြီးမှာ ကျွန်တော်သည် အမှုံအမွှာ
လေးတခုပမာ မျော၍ လိုက်ပါနေရပေသည်။

@htwegyi
July 8, 2025



0
0
0.000
3 comments
avatar

စာရေးဖို့တောင် store data ဖျက်နေရတဲ့ ဘဝက အမြန်ဆုံး လွတ်မြောက်ပါစေ။
!LUV
!LOLZ

0
0
0.000
avatar

အေးဗျာ အမြန်ဆုံးပြည့်စေချင်ပါဘိ။

0
0
0.000