ဂျပန် ရဗျူး
စိတ်ညစ်လို့ မြစ်ကမ်းဘေး သွားထိုင်ပါတယ်
သပွတ်အူကြီး မျှောလာတာနဲ့တွေ့ဆိုသလို။
စိတ်အပမ်းဖြေမလားလို့ တီဗီမှ လွင့်သည့်
ဇာတ်ကားကြည့်မိသည်။ သူ့ထက်ကဲ ရွှေပြည်စိုး
ဖြစ်နေပြန်။ ကြည့်မိသည့်ကားက ဂျပန်ကား
ဖြစ်နေသည်။ ဂျပန်ဇာတ်ကားများကို ကြည့်မိ
သည့်အခါတိုင်း ကိုယ်တွေက သူရို့ရဲ့ အိုင်ဒီယာ
တွေကို မလိုက်နိုင်ပေဘူး။ ဂျပန်ဇာတ်လမ်းများက
ကိုယ်တွေ လိုက်ပါခံစားနိုင်ဖို့ မနည်းကြိုးစားရသည်။
မနေ့က ကြည့်မိသည့် ဂျပန်ဇာတ်ကားသည်
စုံထောက်ကားခေါ်မလား။ ဒရမ်မာဟုခေါ်ရမလား။
အဆိုပါ အရာများကို ပေါင်းဆက်ထားသလို။
ကိုယ်တွေလည်း ဇာတ်ကား တဝက်တပျက်မှ
ကြည့်မိသည်။ ကြည့်မိသည့်ခဏမှာ ဇာတ်လမ်းက
ဆွဲခေါ်သွားသည်။ ဇာတ်ကားအမည်ကို မမှတ်မိမည်
စိုး၍ တီဗီဖန်သားကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ထား
သည်။

မမှတ်မိလို့ ဓာတ်ပုံရိုက်ထားပါသည်ဆိုမှ
ပုံကိုပြန်ကြည့်တော့ ဇာတ်ကားအမည်က ခပ်ဝါးဝါး
ဖြစ်နေသည်။ ကြည့်၍ ပီပြင်မှုမရှိတော့ပေ။
ရှိစေတော့။ ဇာတ်လမ်းတဝက်တပျက်ကို
ပြောရရင်ဖြင့်။ အသက်အရွယ်ကြီးသူ မိဘများကို
သားသမီးများက မည်သို့ ပြုမူကြောင်း ရိုက်ပြ
ထားသည်။ ထိုဇာတ်ကားကြည့်ရင်း ဂျပန်နိုင်ငံမှာ
အသက်အရွယ်ကြီးသူများ အတော်များနေသလားဟု
ပင် အတွေးပေါက်မိသည်။
ထိုသို့ ဂျပန်မှာ သက်ကြီးရွယ်အိုများ၍ မြန်မာပြည်မှ
လူများကို။ ထိုသက်ကြီးရွယ်အို ဘိုးဘွားများပြုစုရန်အတွက်။
လစာကောင်းများပေး၍ ခေါ်နေသည်ဟု ကြားရသည်။ ကဲ ဇာတ်လမ်း အကျဉ်းက ဒီလိုဗျ။
မင်းသားဟု ဆိုပါသော သူသည် သူ့အဖေကို
ကိုယ်တိုင် သတ်လိုက်သည်။ သတ်ရသည့်အကြောင်းက
အဖေဖြစ်သူက အသက်အရွယ်ကြီးပြီး ရောဂါ
ဝေဒနာခံစားနေရသူဖြစ်သည်။ မှတ်ဉာဏ်များ
တဖြည်းဖြည်းချို့ယွင်းလာသည်။ အပေါ့ အလေး
များကို မထိန်းသိမ်းနိုင်တော့ပေ။
ထိုကြောင့် သားဖြစ်သူက အပြင်သို့ အလုပ်
ထွက်ပြီး မလုပ်နိုင်တော့ပေ။ အဖေဖြစ်သူ၏
ထောက်ပံ့ငွေဖြင့် ဖြစ်သလို စားသောက်နေရသည်။
နေ့စဉ် ထမင်းကို နပ်မှန်အောင်မစားရပေ။
တနေ့ တနေ့ ဖခင်ကြီးကို ပြုစု၍ အချိန်ကုန်သည်။
ဖခင်ကြီးကို စာရွက်ခေါင်လေးများ ခေါက်စေ၍
မှတ်ဉာဏ်ကို တိုးတက်စေသည်။ ဖခင်က
လေယာဉ်ပုံစံများသာပြုလုပ်၍ ငှက်ရုပ်ပုံပြုလုပ်ရန်
သားဖြစ်သူကပြောသည်။ ဖခင်က ပြုလုပ်ရန်
ခက်ခဲကြောင်းပြောသည်။
တနေ့မှာတော့ ဖခင်ဖြစ်သူက သူဝေဒနာမခံစားနိုင်၍
လူ့လောကမှ စွန့်ခွာပေးရန် သားဖြစ်သူကို ပြောသည်။
သားဖြစ်သူက ဆေးထိုး၍ ဖခင်ကို
သတ်လိုက်သည်။ သတ်ပြီးသည့်နောက်မှာ
ဖခင်၏ ခေါင်းအုံးအောက်မှ ငှက်ရုပ်စာရွက်ခေါက်လေး
တွေ့သည်။ ထိုငှက်ရုပ်ပုံစာရွက်တွင်
ဖအေဖြစ်သူက စာရေးထားသည်။ သားနှင့်
အတူနေရ၍ သူပျော်ရွှင်ကြောင်း ရေးသားထားသည်။
စာကိုတွေ့၍ သားဖြစ်သူသည်
ငိုရှိုက်သည်။ ဖခင်ဆုံးသွားပြီးနောက် သားသည်
သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဌာနတွင်
ဝင်ရောက်လုပ်ကိုင်သည်။
သူပြုစုရသော သက်ကြီးရွယ်အိုများက သူ့ကို
အင်မတန်သဘောကျကြသည်။ သို့သော် သူပြုစု
ခဲ့သော သက်ကြီးဘိုးဘွားများသည် အသက်ခံရမှန်း
မသိပဲ သေဆုံးသွားကြသည်။ ထိုသို့
သေဆုံးသူ လေးဆယ့်တစ်ယောက်ရှိသည်။
ထိုအမှုကို မင်းသမီးဖြစ်သူ ရှေ့နေမက လိုက်ပါစုံစမ်း၍
အမှုမှန်ဖော်ထုတ်ရသည်။ မင်းသမီးနှင့်
မင်းသား အမှု့အတွက်။ အပြန်အလှန် ပြောသော
စကားများက။ ဂျပန်ကားပီပီ ဇာတ်ကားကြည့်သူ့အား
အတွေးများကို ပေးလေသည်။
@htwegyi
December 19, 2025