ဒုတိယဘုရားသခင်နဲ့ ကျွန်တော်။
နာနေ ဖျားနေရင် ဘယ်သူက
လာပြီစောင့်ရှောက် ပေးမလဲကွယ်။
ဆင်ခြင်ပြီး နေပါ မောင်ရယ်နော်
လူကြုံနဲ့ စကားလေးပါးလာရင် ......။
ကိုထီးရဲ့ သီချင်းသံလေးကို သဲ့သဲ့ကြားရသည်။
မှန်ပါတယ် ကိုယ်တွေလို တကိုယ်တည်းသမား
များအဖို့ ကျန်းမာရေး ဂရုစိုက်ရပေမည်။
ပြုစုမည်သူ့ မရှိမှန်းသိပါလျှက် ကျန်းမာရေး
ဂရုမစိုက်ပါမူ သူများတကာထက် ပိုခက်ခဲသည်။
ကျန်းမာရေး ဆိုသည်က နေထိုင်မကောင်းပါမူ
ငွေအားများပါမှ ဝန်ဆောင်မှု ကောင်းပေမည်။ ငွေကြေး
မတတ်နိုင်ပါမူ တော်ယုံလောက်ကို
ကိုယ့်အိမ်မှာ အိမ်ရှိသော ဆေးဝါးလေးနဲ့ ကုသလိုက်
ကြသည်။ သို့ပေသိ ကျန်းမာရေး ဆိုးရွားလာပါမူ
ဆေးရုံ ဆေးခန်းသို့ ပြေးကြရသည်။ ကျန်းမာရေး
ဆိုသည်က ယခုခေတ်အခါမှာ ငွေကို ရေလို သုံး
နိုင်ရ ပေသည်။ ငွေကို ရေလိုအသုံးပြုဆိုသည်က
ရှေးကဖြစ်ပေမည်။ ယခုအခါမှာ ရေကိုလည်း
ငွေနဲ့ ပြန်လည် ဝယ်ယူနေရပေသည်။
ငွေကို ရေလိုလည်း မသုံးနိုင်။ ရေကိုလည်း ငွေဖြင့်
မဝယ်နိုင်သော မိမိမှာ ရေအလှူပေးသောနေရာမှာ
သောက်သုံးရေ သွားသယ်ယူပြီး သုံးရသည်။
ကျန်းမာရေးကိုလည်း ကိုယ်သိသလောက်၊
တတ်သလောက် ဂရုစိုက်ရသည်။ ငွေကို ချွေတာ
တော့ တော်ယုံ အစားအသောက်များကိုလည်း
ဝယ်ယူမစားမိတော့ပေ။ ဒါကလည်း ကျန်းမာရေးအတွက်
ကောင်းဖို့ဖြစ်လာတာပဲ။ ရှာကြံပြီး
စိတ်ချမ်းသာအောင် တွေးရတာပေါ့။
လူဆိုသည်က ကောင်းကောင်းစား၊ ကောင်းကောင်း
ဝတ်၊ ကောင်းကောင်းနေချင်သူတွေ မဟုတ်ပါလား။
ကိုယ်လည်း လူထဲက လူမို့ ဘယ်နေပါမလဲ။
အပေါင်းသဟာရများရယ်နဲ့ ကောင်းတာကိုမှ
စားမယ် ဆိုသလို။ ငွေဆိုတာ ဒုတိယ ဘုရားသခင်
ဆိုပေသိ ငွေနောက် ကောက်ကောက်ပါအောင်
လိုက်နေပါလည်း အဆင်မပြေပါ။ ငွေအတွက်
အချိန်တွေပေးရင်း ကျန်သောကိုယ့်ဘဝအတွက်
တန်ဘိုးရှိသော အချိန်များ ဆုံးရှူံးသွားကြသည်။
နောက်မှ နောင်တရကြသူများလည်းရှိသည်။
ဒီတော့ ငွေကိုလည်းရှာပါ။ ကိုယ်ဘဝရဲ့ တန်ဘိုး
ရှိသော အရာများကိုလည်း ရှာပါလေ။ ဘဝရဲ့
တန်ဘိုးရှိသောအရာများဆိုသည်က လူတိုင်း
တဦးနဲ့ တဦးမတူကြပေ။ ကိုယ်သန်ရာ ကိုယ်
ရှာဖွေနေကြသည်။ ကျုပ်တို့မှာတော့ ခုထိ
ဒုတိယဘုရားကို ရှာဖွေနေရတုန်း။ တဒေါ်လာရရ၊
နှစ်ဒေါ်လာ ရရ၊ Cryptocurrency ကြီးမှာ
ရသမျှရှာဖွေနေရပါသည်။
တနေ့က Binance မှ ပေးသော USDC လေး
ဒေါ်လာကို ရအောင် အသည်းအသန် ကလိရသည်။
တော်ပေးသေး @myothuzar ၏ကူညီပေးမှုကြောင့်
Binance ၏ 4USDC ကို လက်ဝယ်ပိုင်ပိုင်
ရရှိခဲ့ပါလေတော့သည်။ ကျေးဇူးပါ @myothuzar
ဒီလိုပါပဲ မသိတဲ့အရာများကို ဟိုက်ဂရုမှာ
သွားပြီး မေးရ၊ မြန်းရ၊ အပူကပ်ရတာပ။
မှတ်ချက်။ ယခု ဤစာရေးနေသည့်အချိန်
နေ့ခင်း 2:29 နာရီမှာ ဒုန်း ဝုန်းကနဲ့ ဆိုကာ ငလျင်
လှုပ်ပါလေသည်။ ပြင်းအား မည်မျှ
ရှိသည်မသိ။ အတော်တော့ ပြင်းသည်။
@htwegyi
July 20, 2025
ဂရုစိုက်ပါဗျ။
ဂရုတော့ စိုက်နေရတာပ။