Crypto and WW lll.
ကမ္ဘာကြီးက ဆတ်ဆတ်ထိမခံဖြစ်တော့သည်။
ဆတ်ကနဲ့ထိရင် ဘတ်ကနဲ့ ပစ်ချင်သည်ဟု
ပြောရမည်။ သီတင်းကျွတ်ဖောက်တဲ့ ဗျောက်
ငါမကြောက် ဆိုသလို။ အစ္စရေး နဲ့ အီရန်၏
စစ်မက်ဖြစ်ပွားမှုက အံ့ဩ ထိတ်လန့်စရာ။
ကိုယ်တွေကသာ အံ့ဩ ထိတ်လန့်နေသည်။
သူတို့ကိုကြည့်ရသည်မှာ ဖော်ပြပါ ရေးခဲ့သလို
ကိုယ်တွေဆီက သီတင်းကျွတ်မှာ ဗျောက်အိုး
ဖောက်သကဲ့သို့ပင်။
တရွှီးရွှီး တဒုန်းဒုန်း တဝုန်းဝုန်းအော်မြည်း
ပေါက်ကွဲသည်ကို ဗီဒီယိုရိုက်ကာ ကြည့်နေ
နိုင်သည့် သူတို့၏ စကေးက ဩချစရာ။
သူတို့က တရွှီးရွှီး တဒုန်းဒုန်း ဖြစ်၍ ကိုယ်တွေရဲ့
Crypto တွေလည်း တဝုန်းဝုန်းဖြင့် နီရဲကာ
ပြုတ်ကျကုန်သည်။ လောဘနဲ့ မောဟမှ
ဒေါသများပြောင်း၍ စစ်မက်ဖြစ်ပွားကြသည်။
သူပစ် ကိုယ်ပစ် အပြိုင်ပစ်ကြသည်။
ကြားက မြေစာပင် ပြည်သူတို့က ပြေးစရာ
မြေရှာရမလား။ မြေကျင်းတူးရမလား။
အင်း ရေး၍သာ ရေးရသည်။ သူတို့က ခုမှ
ကိုယ်တွေဆီမှာ ပြေးကြ၊ မြေတူးကြတာ
ကြာခဲ့ပါရော။ တချို့က ပြောသည် ဖြစ်စမ်း။
ငါတို့ပဲ ဒုက္ခရောက်နေတာ ဒင်းတို့လည်း
ဒုက္ခရောက်ဖူးအောင်တဲ့။ လူဆိုတာကလည်း
ကိုယ်ထိမှ၊ ကိုယ်တိုင်ကြုံမှ ကိုယ်ချင်းစား
တတ်သည်။ သူတို့၏ စစ်မက်ဖြစ်ပွားမှုက
တနည်းနည်းဖြင့် ကမ္ဘာကြီးကို ရိုက်ခတ်ပေမည်။
ရေနံသူဌေးနိုင်ငံများဆိုသဖြင့် လေယာဉ်ဆီ
တွေ ဈေးတက်ပါမူ ကိုယ်တွေထံမှ ဗုံးကျဲ
လေယာဉ်များ ပျံသန်းမှု လျော့ပေမည်။
အဆိုးနဲ့ အကောင်းက ဒွန်တွဲလာစမြဲပါလေ။
သူတို့ စစ်မက်ဖြစ်တော့ ခရိုက်တိုတွေကနီကုန်သည်။
ရေနံဈေးတွေ ကမောက်ကမဖြစ်။ နိုင်ငံတိုင်းက
အခြေအနေအချိန်အခါ ကြည့်နေကြသည်။
သူတို့၏ စစ်မက်က အချိန်အနည်းငယ်နှင့် ပြီးဆုံး
သွားမလား။ မီးပွားအဖြစ်ပျိုးကာ ပိုမိုတောက်
လောင်လာမလားဆိုတာက စောင့်ကြည့်ရပေ
အုံးမည်။ ယခုအချိန်မှာတော့ Crypto တွေ
ဈေးကျကာ ရွှေ ဈေးများ တက်နေသည်။
Hive မှာ Trade နေသော Hive နှင့် HBD ကလည်း
ဟိုက်ဈေး ပြားငါးဆယ်ကျော်မှာ ဟိုက်ကိုဝယ်ထားသည်။
ယခု ပြားနှစ်ဆယ်ဆိုတော့ကာ အရောင်းအဝယ်လုပ်၍
မဖြစ်ပေ။ ကိုယ့်ရဲ့ ပြားငါးဆယ်ဝန်းကျင်ရောက်မှပင်
ရောင်းဝယ်ရပေမည်။ ယခုတော့ ဟိုက်သည်က ပြားငါးဆယ်
ရောက်ဖို့ မပြောပါနဲ့ ဆယ်ပြားသို့ပင် ရောက်ချင်နေပေသည်။
ဘယ်တော့များမှ ဟိုက်ဈေးသည်က တစ်ဒေါ်လာ အထက်သို့
ရောက်ပါ့မယ်။
ကိုယ်တွေလည်း Binance မှာ ပွိုင့်များကို
ကလိုင်းနေသည်မှာ ငါးဆယ်ကျော်ပေသည်။
လေးဒေါ်လာရမည့် ဘောင်ချာက ဆယ်ဒေါ်လာ
အရောင်းအဝယ်ပြုလုပ်မှသာ ရမည်ဖြစ်သည်။
ယခုလို Hive ဈေးကျနေတော့ မည်သို့ အရောင်း
အဝယ်ပြုလုပ်ရပါ့။ တနေ့ကလည်း နှစ်ဒေါ်လာတန်
အရောင်းအဝယ်ဘောင်ချာကတ်သည် ရက်စွဲ
ပြည့်သွား၍ ဒီအတိုင်းပလုံသွားသည်။ ယခု
လေးဒေါ်လာတန်ဘောင်ချာကိုတော့ ရရှိအောင်
လုံ့လပြုရပေအုံးမည်။
@htwegyi
June 16, 2025
လုပ်သာ လုပ်ဗျို့။
ဟုတ်ဗျို့။