Binance ရဲ့ အလှူဘောင်ချာ။

ယနေ့မနက်စောစော ဖုန်းဖွင့်ကာ Binance
ကိုဝင်ရောက်ကြည့်မိသည်။ Binance က
ငလျင်ဘေးသင့် ဒေသများအတွက် ငါးဒေါ်လာ၊
ဒေါ်လာငါးဆယ် အလှူပေးနေသည်ဟု သိရသည်။
ဟိုးယခင် ရက်များက အမှုမဲ့ အမှတ်မဲ့နေသည်။
အင်တာနက်လိုင်းကလည်း Binance ဖွင့်
သည့်အခါ အဝိုင်းလည်နေသည်။ ထိုကြောင့်
Binance သို့ ဝင်ရောက် မကြည့်မိပေ။

ယနေ့မနက်တော့ စောစောစီးစီး ဖုန်းကြည့်မိ
သည်။ အများအားဖြင့် မနက်ပိုင်းအချိန်များမှာ
အင်တာနက်လိုင်းက ကောင်းသည်။ လိုင်း
ကောင်းချိန် မနက်ပိုင်းမှာ Binance သို့
ဝင်ရောက်ကြည့်မိသည်။ Binance က ငါး
ဒေါ်လာ‌ဘောင်ချာတခုပေးထားသည်။ ထို
ဘောင်ချာကို ကိုယ်တွေဆိုပါမူ ပေးသည်
ရောက်နေသည်ကို သိမည်မဟုတ်ပေ။
Facebook မှာ Binance က ငလျင်ဘေး
သင့်ဒေသများသို့ အလှူပေးထားသည်ဟု
ဖတ်ရ၍ဖြစ်သည်။

ထိုသို့ ပေးသည်ကိုလည်း မည်သည့်နေရာ
မှာ သွားယူရမည်ကို မသိသေးပေ။ ကိုယ်တွေက
Binance ကို ဘရောင်စာမှာဖွင့်ကြည့်သည်။
ဒီတော့ သူပြောထားသော အလှူပေးထားသည့်
BNB Voucher ကို Reward hub မှာ
သွားယူရမည်ဖြစ်သည်။ ထို Reward hub
ကို ဘရောင်စာမှာ ရှာမတွေ့သေး၍ ကိုယ်ထံ
အလှူ၍ငွေ ရောက်မရောက် မသိရသေးပေ။

ယနေ့မနက်ပိုင်းမှာ လိုင်းကောင်းချိန် ဖုန်း
ကလိမိသည်။ ဘရောင်စာရှိ Binance ကို
ဟိုရှာ ဒီကြည့် မိသည့်အခါ Reward hub
ကိုတွေ့ရသည်။ ထိုမှတဆင့် ဝင်ရောက်ကြည့်
မိသည့် ငါးဒေါ်လာ Voucher တခု ဝင်ထားသည်ကို
တွေ့ရသည်။ ထိုကြောင့် နှိပ်ကြည့်သည့်အခါ
ငါးဒေါ်လာတန်ဘိုးရှိ BNB များရရှိသည်။

ရရှိလာသော BNB များကို USDT သို့ပြောင်း
လိုက်သည်။ ကိုယ့်မှာရှိသော ယခင်လက်ကျန်
BNB ငါးဒေါ်လာနှင့် ပေါင်း၍ ဆယ်ဒေါ်လာ
တန်ဘိုးရှိသော BNB များကို USDT သို့
ပြောင်းလိုက်သည်။ 10 USDT ကို မည်သို့
ငွေထုတ်ရမည်ကို မိတ်ဆွေတို့အား အကူအညီ
တောင်းရပေအုံးမည်။ Binance မှ p2p ဖြင့်
ထုတ်ရန်ဖြစ်သော်လည်း ကိုယ်တွေက တခါမျှ
မထုတ်ဖူးသေးပါ။

Binance မှ 10 USDT ကို အကောင့်အချင်းချင်း
လွှဲရလျှင် လွှဲကြည့်ချင်ပါသည်။ ထိုသို့ လွှဲခြင်းကို
ယခုမှ ပထမဦးစွာ လွှဲကြည့်ရမည်လည်းဖြစ်ပါသည်။
လွှဲ၍ ငွေထုတ်ရရှိပါမူ ငလျင်ဒဏ်ခံစားရသူ
မိတ်ဆွေအား ကိုယ်နိုင်သလောက် ကူညီပေး
ပါအုံးမည်။

@htwegyi
April 13, 2025



0
0
0.000
4 comments
avatar

P2P မှာ ရောင်းပြီး လှူနိုင်သလောက် လှူလည်း ရတယ်ဗျ။ ဒါမှမဟုတ် USDT ပဲ တိုက်ရိုက် လှူလည်းရ။

0
0
0.000
avatar

50$ မရဘူးလား ဘထွေး

0
0
0.000
avatar

Bank Statement လုပ်ရမှာဆိုတော့။

0
0
0.000