Binance $4 အား မျက်စပစ်ခြင်း။

Binance နဲ့တော့ အတော်ကို ခက်တာကလား။
ဂလိုဗျာ သူပေးထားတဲ့ လေး‌ဒေါ်လာဘောင်ချာ
ကိုရဖို့ USDT $10 Trade ရမယ်ဆိုပဲ။ ဒီတော့
ကိုယ်တွေလည်း ထရိတ်တာ‌ပေါ့။ ပထမဦးစွာ
ဒေါ်လာနှစ်ဆယ်ဖိုးကို Trade လိုက်သည်။
မရပါဘူး။ လေး‌ဒေါ်လာဘောင်ချာကို နှိပ်တော့
အမှားပြနေသည်။ ဒီလိုနဲ့ အဆိုပါ ဘောင်ချာကို
ပစ်ထားလိုက်သည်။

Binance မှာပေးသော ပွိုင့်များကို နေ့စဉ်ဝင်ရောက်
နှိပ်နေသည်။ ထိုသို့ ဝင်ရောက်နှိပ်ရာတွင် ထိုနှိပ်သော
နေရာမှာ အနှီးလေးဒေါ်လာဘောင်ချာက ကိုယ်တွေကို
မျက်စ လှမ်းလှမ်းပစ်နေသည်။ တနေ့ကတော့
ထိုဘောင်ချာ သက်တမ်းကုန်ဆုံးရန် နှစ်ရက်သာ
လိုတော့သည်ကို တွေ့ရသည်။ ဒီတော့ လူ့လောဘ
က ခေါင်းလေးပြူးကာ လက်တို့သည်။ သွားယူပါဟ
လေးဒေါ်လာကြီးများတောင်။

ကိုယ်တွေကလည်း နှစ်ခါမပြောရဘူး။ ထပ်မံယူဖို့
ကြိုးစားပြန်သည်။ သေချာကြည့်ပါမှ $10 Trade
ခြင်းကို Spot မှာမဟုတ်ပေ၊ Futures မှာ
ထရိတ်မှသာရပေမည်။ အဲ့တော့ Futures မှာ
သွားပြီး Trade တာပေါ့။ ကိုယ့်မှာရှိသော
ဆယ်ဒေါ်လာကို Spot မှ Futures သို့ပြောင်း
သည်။ သို့ပေသိ ကိုယ်တွေက Futures မှာ
တခါမှ မထရိတ်ဖူးသေးပါ။ သို့နဲ့ ယူကျူမှာ
ထရိတ်နည်း သွားကြည့်ရတာပ။

Futures ထရိတ်နည်းကို ကြည့်သည့်အခါမှတော့
အမယ်မင်း ဒင်းက Spot လောက် မရိုးရှင်းဘူးရယ်။
သူတို့ပြောသမျှ သုံးခါလောက်ကြည့်တာကိုပင်
Futures ထရိတ်နည်းကို သဘောမပေါက်ပေ။
သို့ပေမဲ့ ကိုယ်တွေသဘောပေါက်လိုက်သည်က
Futures ထရိတ်သည့်အခါ ကိုယ်ရဲ့ ဒေါ်လာပင် ဆုံးရှုံးသွားတတ်သည်ဟု သိရသည်။ တော်ပြီလေ။
ဘယ်နဲ့ ကိုယ်ကမှ ရချင်လို့ လုပ်ပါတယ်ဆိုမှ။
ကိုယ့်ဆီက ပေးရမယ်ဆိုတော့ မဟုတ်သေး။
နေပါစေတော့ လေးဒေါ်လာရယ်။

ထိုသို့ ဆယ်ဒေါ်လာ ထရိတ်ဖို့ ကိုယ်ရဲ့ Binance
Wallet မှာ မရှိသဖြင့် SBD မှ သွားယူရသည်။
လေးဒေါ်လာ မရပေသိ SBD မှ Binance သို့
ငွေထုတ်နည်းကိုတော့။ ကိုယ်တိုင်ပြုလုပ်၍
သိလိုက်ရသည်က အမြတ်ပေ။ နို့မို့ Binance
မှ ငွေလွှဲခြင်းသာ ပြုလုပ်ထားသည်။ ယခုတော့
အပြန်အလှန် ငွေသွင်း ငွေထုတ်လုပ်နိုင်ခြင်း
သည်ကပင် ကိုယ့်အတွက် အတွေ့အကြုံရသွား
ပေသည်။

ထုတ်ထားသော ဆယ်ဒေါ်လာကို Hive ဈေး
ပြားနှစ်ဆယ်အောက်မှာ ဝယ်ထားလိုက်သည်။
နည်းပညာခေတ်ကြီးမှာ စမ်းတဝါးဝါးဖြင့်
လမ်းလျှောက်နေရသည်။ လမ်းလျှောက်တတ်စ
ကလေးငယ်သို့ တဖြည်းဖြည်းခြင်း သင်ယူ
နေရပေသည်။ ကိုယ်တွေမှ တခုကို သင်ယူလို့မှ
မဆုံးသေး။ ဟော့ နောက်တခု အေအိုင် ဆိုသည့်
ဟာကြီးကလည်း ကမန်းကတန်းပေါ်လာပြန်သည်။
အဲ့သဟာကြီးကိုလည်း မမှီမကမ်း လိုက်ဖမ်း‌ရ
ပေအုံးတော့မည်။

@htwegyi
June 30, 2025



0
0
0.000
6 comments
avatar

Trade နိုင်လေ တတ်လေပေါ့
!LOLZ
!HUG

0
0
0.000
avatar

ဈေးတက်ဖို့သာ လိုတော့တယ်။

0
0
0.000
avatar

ဈေးတက်စေချင်။

0
0
0.000
avatar

ထရိတ်တာကြီး ဖြစ်နေပြီပေါ့။

0
0
0.000
avatar

အဟီး နည်းနည်းပါဗျာ။

0
0
0.000