အမှတ်တရ ရဲ့ အမှတ်တရ။
မနေ့က အမေစု မွေးနေ့ဖြစ်သည်။ အမေစုရဲ့
မွေးနေ့မှာ သူမအတွက် မွေးနေ့အမှတ်တရ
ဗီဒီယိုများတင်ပေးရန် နှိုးဆော်ထားကြသည်။
ထိုဗီဒီယိုများက မွေးနေ့ မတိုင်မှီ ဗီဒီယိုပေါင်း
ရှစ်သောင်းကျော်သွားသည်။ လျှာထားချက်ထက်ကျော်လွန်
ရောက်ရှိသွားပေသည်။ မြန်မာလူထု၏
သူမအပေါ် ချစ်မြတ်နိုးမှုက လက်ဖျားခါရပေမည်။
ထိုသို့ မြန်မာလူထုက သဲသဲလှုပ်လေ ဟိုလူကြီးက
မခံချိ မခံသာဖြစ်လေဆိုသလို။ မနာလိုစိတ်ကြီးမား
မှုက ပိုမိုထူထပ်လာပေတော့သည်။ မနာလိုစိတ်
ဟူက အတော်ကြောက်စရာကောင်းပေသည်။
မနာလိုစိတ်ဖြစ်ပေါ်သူအတွက် မည်သို့ မည်မျှ
ပူလောင်ကျွမ်းမည်ဆိုသည်က ထိုသူ၏ မနာလိုစိတ်ကို
လိုက်၍ ပူပြင်းလှပေမည်။
ဣဿာ တွေများ၊ မနာလို ဝန်တိုမှုတွေများကာ။
သူတစ်ပါးစည်းစိမ်ကို မတရားလိုချင်တဲ့
အဘိဇ္ဈာ ။ သူတစ်ပါးကိုပျက်စီးစေလိုတဲ့
ဗျပါဒ တွေနဲ့ ဘယ်လောက်များ ပူလောင်
လိုက်ပါသလဲလေ။ လူ့ဘဝတိုတိုမှာ အဲ့သဟာတွေက
နေရာအပြည့် ယူနေတော့ ဘယ်မှာလဲ လူ့ဘဝ
အနှစ်သာရ။ ဟမလေး ရေးရင်းနဲ့ တရားသဘော
တွေပါလာပြီ။
တရားသဘောတွေရေးရင်း ရည်ရွယ်ရာကို
လမ်းချော်သွားသည်။ အမေစု မွေးနေ့အထိမ်းအမှတ်
အနေဖြင့် ကိုယ်တွေလည်းပါဝင်မည်ဟုဆိုကာ။
SDB သို့ Binance မှ နေ၍ 8USDT လွှဲလိုက်သည်။
အမေစု၏ အသက်ရှစ်ဆယ်မွေးနေ့
ဖြစ်၍ ရှစ်ဂဏန်းပါသော 8USDT ကို အလျင်စလို
လွှဲမိသည်။ လွှဲပြီးသည့်အခါမှ Binance မှ
SDB သို့ ငွေလွှဲသည့်အခါ အနည်းဆုံး ဆယ်ဒေါ်လာ
လွှဲရမည်ဖြစ်သည်။
ဆယ်ဒေါ်လာမပြည့်ပေသိ ရှစ်ဒေါ်လာက
Binance မှ အောင်မြင်စွာ ထွက်ခွာသွားသည်။
SDB သို့ ငွေ ဝင် မဝင်သွားရောက် စစ်ဆေး
သည့်အခါမှာ ဖော်ပြပါ စာတမ်းကို တွေ့ရသည်။
8USDTသည်က ရောက်သလိုလို၊ မရောက်သလိုလို
မမဆောင်းဖြစ်နေသည်။ သို့နှင့် မည်သို့လုပ်ရပါ့။
8USDT ရဖို့အရေး ကိုယ်မှာရှိသော Hive များကို
Binance သို့ပို့ခဲ့ရသည်။
ယခုလို Hive ဈေးကျသည့်အချိန်မှာ ရောင်းရသည့်အတွက် နှမြောသည်။ သို့ပေသိ ကိုယ်တွေက
အမေစုမွေးနေ့ အမှတ်တရဖြစ်ချင်သည်။
ဒီတော့ ကိုယ်မှာရှိသော Hive ကိုရောင်း၍
အမှတ်တရပြုလုပ်သည်။ ပထမအသုတ် ရောင်းသော
Hive က ရှစ်ဒေါ်လာသည် SDB သို့
မရောက်ပေ။ နောက်တခါ ဒုတိယအကြိမ်
Hive များကို ထပ်မံရောင်းသောအခါမှ
ငွေများက ရောက်ရှိပေသည်။
ပထမအကြိမ် Binance မှ လွှဲသော 8USDT ကို
ဒုတိယထပ်မံလွှဲပါမူ ပေါင်းပြီးရမလာဟု
စိတ်ကူးမိသည်။ ထိုကြောင့် Hive
ငါးဆယ်ကို Binance သို့ပို့ကာ USDTနှင့်
Trade သည်။ Trade ပြီးသော 10USDT
ကျော်ကို SDB သို့ ဒုတိယအကြိမ် ထပ်မံလွှဲ
လိုက်သည်။ တော်ပေသေးသည်။ ပထမနှင့်
ဒုတိယ ငွေ နှစ်ခုပေါင်း၍လက်ခံရရှိခဲ့သည်။
ကိုယ်တွေရဲ့ နမော်နမဲ့မှုနှင့် စိတ်လောမှု
တို့က သတိထားရပေမည်။ အမေစု မွေးနေ့
အမှတ်တရမှ အမှတ်တရဖြစ်သွားတာပ။
@htwegyi
June 20, 2025
တကယ့် အမှတ်တရလေးပါလေ။
ဟုတ်တယ်ဗျို့။