(36) Times. My Cleanplanet activities for Super Sunday. (28-7-2024)

avatar

Today is the thirty-Six
Garbage collection.

ယနေ့ တနင်္ဂနွေ့သို့ ရောက်ရှိလာပြန်သည်။
သို့ဖြစ်၍ အမှိုက်ကောက်သည့်ပို့စ့်တင်ရမည်။
ပြီးခဲ့သော အပတ်က အမှိုက်ကောက်ပိုစ့်
မတင်ဖြစ်ပေ။

အမှိုက်သည်က နေ့စဉ်ကောက် နေ့စဉ်ရှိသည်။
ကိုယ်တွေက တနင်္ဂနွေနေ့မှာသာ အမှိုက်ကောက်
ပိုစ့်တင်ခြင်းဖြစ်၍ ထိုနေ့မှာ အမှိုက်ကို တကူးတကကောက်ယူသည်။ အခြားနေ့များမှာလည်း
ကိုယ်မျက်စိရှေ့မှာ တွေ့ပါက ကောက်ယူပါသည်။

တနေ့က ညကိုးနာရီ မထိုးခင်အချိန် "ဒိန်း"
ဟူသောအသံအကျယ်ကြီး ကြားလိုက်ရသည်။
အသံကြားလိုက်သည်နှင့် အိမ်ပင်တုန်ကာ
ကိုယ်တွေအိပ်နေသော ကြမ်းသည်ပင်
အပေါ်သို့ မြောက်လာသည်ဟုထင်မိသည်။

ထိုနေ့က သောကြာနေ့ ညဖြစ်သည်။ စနေ
မနက်ရောက်တော့ လမ်းထိပ်သို့ ဆွမ်းလောင်းရန်
ထွက်ခဲ့သည်။ လမ်းထိပ်ရှိ ကွမ်းယာဆိုင်မှာ
မနေ့ညက အသံအကြောင်းမေးမိသည်။
ညက ကုန်ကားတစီး၏ ကားဘီးပေါက်၍
အသံမြည်ကြောင်းပြောသည်။

ထိုကုန်ကားရှိရာသို့ ရဲကား၊ စစ်ကားများ
ရောက်လာကာ ကားပေါ်သို့ တက်ရောက်စစ်ဆေး
ကြသည်။ ထိုနောက် ကားဆရာကို ခေါ်သွား
ကြသည်ဟုပြောသည်။ တဖန် ထိုကွမ်းရောင်း
သူကပင် ပြောပြန်ပါသည်။

"ဘယ်နဲ့ဗျာ ကားဘီးပေါက်လို့ ဒုက္ခရောက်ပါတယ်
ဆိုမှ၊ မကူညီတဲ့အပြင် ကားသမားကို ခေါ်သွား
ကြတယ်၊ ငွေညှစ်ကြအုံးမယ်ထင်တာပဲ။
အဲ့ဒါပြောတာ နေရင်း ထိုင်ရင်း ပြဿနာ
တက်တာ"

ထိုကားဘီးပေါက်သည့်အရာက ထိုသည်နှင့်
မပြီးသေးပါ။ မနက် Facebook ပေါ်ကြည့်မိတော့
ဗုံးပေါက်သည်ဟု ရေးကြ၊ ပြောကြသည်။
အရေးပေါ်ကားသံများပါ ကြားရသည်ဟု
ပြောသည်။ မှန်ပါသည်။ ထို ဒိန်း ဟူသော
အသံကြားပြီး ခဏအကြာမှာ အရေးပေါ်ကားသံ
များကိုလည်းကြားရသည်။ ကားဘီးပေါက်သံလား၊
ဗုံးပေါက်ကွဲသံလား ဆိုတာ ကိုယ်တွေပင်
ဝေခွဲမရ ဖြစ်ရပြန်ပေတော့သည်။

@htwegyi
July 28, 2024



0
0
0.000
5 comments