Today Arriving and Lunch
May you be blessed.
Today, it's not about going to the villages, but to the city.
I went to the city because I had some things to buy.
I went to Tada U, a town near the village where I live.
For lunch, I went to a restaurant called Skylark at the entrance of the city.
After ordering food, I took a photo of the flowers that decorated the shop while I was waiting.
The various flowers that were decorated were not natural flowers. They were artificial flowers, but they were beautiful.
The restaurant specializes in seafood and mala curry.
So I ordered a seafood salad and mala curry, which I ate with rice.
Seafood salad is made with shrimp, crab, octopus, green tomatoes, and carrots.
Mala is made with noodles, white mustard, sweet potato, corn, and pork cooked with a variety of spices.
Today's lunch cost 34,000 kyats.
This kind of lunch is a meal that can only be eaten occasionally, so I mention it as a souvenir.
မင်္ဂလာရှိကြပါစေ။
ဒီနေ့တော့ ကျေးရွာတွေဆီ သွားတဲ့အကြောင်း မဟုတ်ပါဘဲ မြို့သို့ သွားတဲ့အကြောင်းပါ။
ဝယ်ယူစရာပစ္စည်းတွေ ရှိနေလို့ မြို့ သို့ သွားခဲ့ခြင်းပါ။
ကျွန်တော် နေထိုင်တဲ့ ကျေးရွာ အနီးနားက တံတားဦးမြို့ သို့ ရောက်ခဲ့ခြင်းပါ။
နေ့လည်စာကိုတော့ ထိုမြို့ အဝင်က မိုးဆွေငှက် ဟု အမည်ပေးထားသော စားသောက်ဆိုင်၌ ဝင်ရောက်စားခဲ့ပါတယ်။
ဆိုင်ခန်း ထဲ ရောက်ပြီး စားစရာများ မှာပြီး စောင့်နေစဉ် ဆိုင်ခန်းကို အလှပြင်ဆင်ထားသည့် ပန်းများကို အမှတ်တရဓာတ်ပုံရိုက်ယူခဲ့ပါတယ်။
အလှဆင်ထားသော ပန်းမျိုးစုံ သည် သဘာဝပန်းများတော့ မဟုတ်ပါ။
ပန်းအတုများ ဖြစ်ပြီး လှပါသည်။
စားသောက်ဆိုင်သည် ပင်လယ်စာ နှင့် မာလာဟင်း အထူးပြုရောင်းချသော ဆိုင်ဖြစ်သည်။
ဒါကြောင့် ကျွန်တော်လည်း ပင်လယ်စာအစုံသုပ် နှင့် မာလာဟင်း မှာယူကာ ထမင်းနှင့်တွဲကာ စားဖြစ်ခဲ့ပါသည်။
ပင်လယ်စာအစုံသုပ် ကို ပုဇွန်၊ ဂဏန်း၊ ရေဘဝဲ၊ ခရမ်းချဉ်သီးစိမ်း နှင့် မုန်လာဥနီ စသည်တို့ကို သုပ်ထားခြင်း ဖြစ်ပါသည်။
မာလာဟင်း ကိုတော့ ခေါက်ဆွဲ၊ မုန်ညင်းဖြူ၊ ကန်စွန်းရွက်၊ ပြောင်းဖူး နှင့် ဝက်သား စသည်တို့ကို ဟင်းခတ်အမွှေးအကြိုင်အရသာစုံဖြင့် ပြုတ်ထားခြင်း ဖြစ်ပါသည်။
ဒီနေ့လည်စာအတွက် မြန်မာငွေ ၃၄၀၀၀ ကျပ် ကုန်ကျခဲ့ပါသည်။
ဤသို့သော နေ့လည်စာသည်ကား တခါတလေမှသာ စားဖြစ်သော စားနိုင်သော အစားအစာ ဖြစ်ပါသောကြောင့် အမှတ်တရ ဖော်ပြထားခြင်း ဖြစ်ပါသည်။
Thank you 😊