The Summer Sun

The summer sun is getting hotter and hotter every day.
How can I describe about the sun's heat?

This is the morning sun.
This is a picture of the sun shining brightly at around 6:30 in the morning.
The morning sun is already very bright.
How much more scorching would it be if it were the afternoon sun?

It rained the night before.
It rained at night, not at the rainy season.
But there was no cooling.
However, there were few power outages last week.
They say the power outages were less because there were exams for basic education students.
But today, there was a power outage from 3 am to 3 pm as I wrote this post.
So...

I don't want to complain about the hot weather.
I just want to enjoy the beauty of nature.

နွေရာသီ နေသည် တစ်ရက်ထက်တစ်ရက် ပိုမို ပူလောင်လို့ လာနေသည်။
နေပူချက် ကို ဘယ်လို စာဖွဲ့လို့ မှီနိုင်ပါမည်လဲ။

ဒါက မနက်ခင်း နေ ဖြစ်သည်။
မနက် ၆ နာရီခွဲလောက် အချိန်မှာ ထွန်းလင်းတောက်ပနေသည့် နေ ၏ ပုံဖြစ်သည်။
မနက်ခင်း နေ သည်ပင် ရောင်ရှိန်ပြင်းနေပြီ။
နေ့လည်ခင်း နေ သာဆိုလျှင်တော့ ဘယ်လောက် လောင်မြိုက်လိုက်လေမည်လဲ။

ယခင်နေ့၏ ညက မိုးရွာချထားသည်။
အချိန်အခါ မဟုတ် ညဘက် မိုးရွာခဲ့ခြင်း ဖြစ်သည်။
သို့သော် အအေးဓာတ်ကား မရခဲ့ပါ။
သို့သော် ပြီးခဲ့သည့်ရင်ပိုင်းက လျှပ်စစ်မီး ပြတ်တောက်မှု နည်းခဲ့သည်။
အခြေခံပညာကျောင်းသားများ စာမေးပွဲ ရှိသောကြောင့် လျှပ်စစ်မီး ပြတ်တောက်မှုနည်းခြင်း ဟု ဆိုကြသည်။
ယနေ့သော်ကား မနက်ခင်း ၃ နာရီလောက်မှစ၍ ယခု စာရေးပြီး ပို့စ်တင်ချိန် ညနေ ၃ နာရီထိ လျှပ်စစ်မီး ပြတ်တောက်နေခဲ့သည်။
ဒီတော့အခါ ...

ရာသီဥတု ပူသည်ကို မညည်းတွားချင်ပါ။
သဘာဝ၏ အလှကိုသာ ခံစားချင်ပါတော့သည်။



0
0
0.000
13 comments
avatar

!hiqvote
!LUV
!LOLZ

0
0
0.000
avatar

နေပူတာ စာဖွဲ့နေလို့ ပြီးမယ်မထင်ပါ။
!LUV
!HUG

0
0
0.000
avatar

အာ့ကြောင့် သိပ်မဖွဲ့ပါ

0
0
0.000
avatar

!LOLZ. !PIZZA

0
0
0.000