Summer Has Arrived

avatar

Summer has arrived.
The beauty of the old trees is like a competition.
As the weak want to be crazy .
Who can write a love letter to compete with the crazy wind?
I feel like I have to mourn alone.
I can't describe the beauty of spring in words.
Oh, what a lovely painting.

I was composing words as I watched the beauty of summer.
It is only a short time to enjoy the beauty of summer.
In fact, it is a long time to feel the heat of summer.

How can we resist the heat of the summer sun in an imperfect life?
We are struggling to survive in the heat.
How can we enjoy the beauty of summer, when we are struggling to make a living while enduring the heat?
It's only a moment.
Summer has arrived.

နွေ ရောက်ပြီလေ။
ရိုးတံကျဲကျဲ ပင်အိုတို့ အလှခြင်းပြိုင်။
စိတ်မခိုင်သူ ယိုင်နွဲ့ ရူးချင်သလိုလေ။
လေရူးနဲ့အပြိုင် လွမ်းစာဖွဲ့ ဘယ်သူနိုင်။
တကိုယ်ရည် ဆွေးရမလို ငေးရတယ်။
စာဖွဲ့လို့ အလှ မပီပြင်နိုင်။
ဪ ချစ်စရာ့ ပန်းချီပါပဲလေ။

နွေ၏ သရုပ်ကို ကြည့်မြင်မိရင်း စိတ်ကူးတည့်ရာ စကားလုံးတွေ ဖွဲ့သီနေမိတယ်။
နွေ၏ အလှကို ခံစား ကြည်နူးရသည်မှာ ခဏတာပါ။
တကယ်တော့ နွေ၏ အပူဒဏ်ကို ခံစားရသည်က ကြာမြင့်လှသည်။

မပြည့်စုံသည့်ဘဝမှာ နွေ နေ၏ အပူကို ဘယ်လို အံတုနိုင်ပါမလဲ။
ပူသည့်ကြားကပဲ ဘဝရှင်သန်ရေး ရုန်းကန်နေကြရသည်။
အပူဒဏ်ကို ကြိတ်မှိတ်ခံစားရင်း စားဝတ်နေရေးအတွက် ကြိုးစားနေရသူ ပဖို့ နွေ၏ အလှကို ဘယ်လို ခံစားကြည့်နေနိုင်မလဲ။
ခဏတာ အခိုက်အတန့်လေးသာပါပဲ။
နွေ ရောက်ပြီလေ။



0
0
0.000
14 comments
avatar

!hiqvote
!DHEDGE
!LUV
!LOLZ

0
0
0.000
avatar

ပူလာပီပေါ့...
!LOLZ
!MEME

0
0
0.000