စိမ်းလန်းငြိမ်းချမ်းသောဘဝ ဆီသို့
မင်္ဂလာပါ။
ကျန်းခန့်သာလို့ မာကြပါရဲ့လား။
ရာသီအကူးအပြောင်းကာလ၌ ကျန်းမာရေးဂရုစိုက်ကြပါလို့ မှာချင်ပါတယ်။
ကျန်းမာမှ ကိုယ်လုပ်ချင်တာတွေ လုပ်နိုင်ပြီး ကိုယ်ဖြစ်ချင်ရချင်တာတွေ ဖြစ်နိုင်ရနိုင်မယ် မဟုတ်လား။
Hive Blockchain ကို အသုံးပြုလာသည်မှာ ၆ နှစ် ကျော်လာခဲ့ပါပြီ။
Internet မရသည့်ရက်ကလွဲလို့ Post တင်ရန် ပျက်ကွက်သည့်ရက် များစွာ မရှိခဲ့ပါ။
လွယ်ကူလွန်းလို့တော့ မဟုတ်ပါ။ ရည်ရွယ်ချက် ပြည့်မြောက်အောင် ဇွဲလုံ့လစိုက်ထုတ်ကာ ကြိုးစားနေရခြင်း ဖြစ်သည်။
စာရေးဆရာ မဟုတ်သည့်အတွက် နှစ်ပေါင်းများစွာ ရက်ပေါင်း ၂၀၀၀ ကျော်ကို နေ့စဉ်လို စာရေးပြီး Post တင်ရသည်မှာ လွယ်ကူသည်တော့ မဟုတ်ပါ။
တွေ့ကရာ မြင်ကရာ ကျေးလက်ရှုခင်းတွေကို ဖုန်း ဖြင့် ဓာတ်ပုံရိုက်ယူပြီး အကြောင်းအရာတစ်ခု ဖန်တီးရသည်မှာ တော်ရုံ ဇွဲဖြင့် မရပါ။
သို့သော် ကျွန်တော်သည် ရင်းနှီးမြှုပ်နှံရန် ငွေအင်အားတောင့်တင်းမှု မရှိသောကြောင့် အားလပ်ချိန်တွေကိုသာ အရင်းပြုပြီး ဉာဏ်စွမ်းရှိသလို အားထုတ်နေရခြင်းသာ ဖြစ်သည်။
ခုလည်း အကြောင်းအရာ ဘယ်လို ရေးရမလဲ ဘာပုံအကြောင်း တင်ပြရမလဲ စဉ်းစားရင်းဖြင့် တွေးမရသည့်အဆုံး စိတ်ထဲရှိတာသာ ချရေးလိုက်ရသည်။
အချိန်အားရပါလျက်နဲ့ ပို့စ်မတင်လိုက်ရမည်ကို ကျွန်တော် မကြိုက်ပါ။
တစ်ရက်တစ်ပို့စ် မတင်လိုက်ရလို့ ထူးပြီး နစ်နာ မသွားပေမယ့် လိုချင်တဲ့ ရည်မှန်းချက် ပြည့်မှီဖို့ နောက်ကျသွားနိုင်ပါသည်။
နေ့စဉ် ပွားများနေမှသာလျှင် ဆပွားစနစ်က အကျိုးပေးမည် ဟုတ်တယ်မလား။
ကဲ မည်သို့ပင်ရှိစေ ဆက်လက် ကြိုးစားကြပါစို့ HIVE-MYANMAR မိတ်ဆွေတို့ရေ။
ကိုယ်တွေလည်း နောက်က ဒရွတ်တိုက် လိုက်ပါမြဲ။
!LOLZ
!MEME
lolztoken.com
You will be mist.
Credit: reddit
@golden.future, I sent you an $LOLZ on behalf of htwegyi
(1/8)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
Credit: burn-cent
Earn Crypto for your Memes @ HiveMe.me!
မကျန်ခဲ့အောင် ပြေးလိုက်ခဲ့ပါ
တရက်တပိုစ့်ရဖို့ ရှာကြံရေးနေရတာပါပဲဗျာ။
မလွယ်ပေမယ့် ဖြစ်အောင် ရှေ့ဆက် ရေးတင်ကြပါစို့
Congratulations @golden.future! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
Your next target is to reach 100000 upvotes.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP