Raining Memory Phone Photography Contest

May you be filled with all blessings.

The night was getting colder.
The snow was falling more.
I had to sleep with my body wrapped in blankets. It was
a peaceful night, and I didn't want to get up.
However, when the morning came, I had to wake up to do the day's work.

When the sun shone, it was no longer cold but warm.
I had breakfast and then rode my motorbike to the villages where I were visiting.

Although winter has already arrived, the sky is still covered in clouds.
I also enjoyed the beauty of the clouds while riding my motorcycle.
I took a memorable photo with my phone camera while enjoying the beauty of the white clouds in the blue sky.

The top two and the bottom two are from the same place in the sky.
However, the top two and the bottom two are about 5 miles apart on the ground.
So, my memory of the beauty of the clouds, which I watched for more than 5 minutes, is just a glimpse of the huge, long cloud mass.

မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။

ညက အအေးဓာတ်ပိုလာခဲ့သည်။
နှင်းများလည်း ပိုမိုကျလာခဲ့သည်။
ခန္ဓာကိုယ်ကို စောင် ဖြင့် ခြုံလွှမ်းကာ အိပ်စက်ရသည့် အခြေအနေဖြစ်သည်။
အေးချမ်းသော ည၌ စောင်ခြုံကာ အိပ်စက်ရလျှင် အိပ်ရာမှ မထချင်ပေ။
သို့ပေမယ့်လည်း မနက်လင်းလာလျှင် နေ့တဓူဝအလုပ်တွေ လုပ်ဆောင်ရန် အိပ်ရာမှ နိုးထရပါတော့သည်။

နေရောင်ခြည် တောက်ပလာချိန်မှာတော့ အအေးဓာတ် မရှိတော့ဘဲ ပူနွေးလာပါသည်။
ကျွန်တော်လည်း မနက်စာ စားပြီး သွားရောက်နေကြ ကျေးရွာတွေဆီ ဆိုင်ကယ်ဖြင့် သွားရောက်ဖြစ်ခဲ့ပါသည်။

ဆောင်းရာသီ ဝင်ရောက်လာခဲ့ပြီ ဆိုပေမယ့် ကောင်းကင်၌ တိမ်တွေ ထူထပ်နေဆဲပါ။
ကျွန်တော်လည်း ဆိုင်ကယ် စီးနေရင်း တိမ်တွေ၏အလှကို ရှုစားဖြစ်ခဲ့ပါသည်။
ကောင်းကင်ပြာ ထဲက အဖြူရောင် တိမ်တွေ၏အလှကို ကြည့်မြင်ခံစားရင်း Phone Camera ဖြင့် အမှတ်တရဓာတ်ပုံရိုက်ယူခဲ့ပါသည်။

အပေါ်နှစ်ပုံ နှင့် အောက်နှစ်ပုံသည် ကောင်းကင်တစ်နေရာတည်းက ဖြစ်ပါသည်။
သို့ပေမယ့် အပေါ်နှစ်ပုံ နှင့် အောက်နှစ်ပုံသည် မြေပြင်၌ ၅ မိုင်လောက် ကွာဝေးပါသည်။
သို့ဖြစ်၍ ကြီးမားရှည်လျားသော တိမ်ထုတန်းကြီးကို ၅ မိနစ်ကျော်လောက် ကြည့်ရှုဖြစ်ခဲ့သည့် ကျွန်တော်၏ အမှတ်တ‌ရတိမ်များ၏အလှသာ ဖြစ်ပါတော့သည်။



0
0
0.000
7 comments