Peaceful Natural Rural Scenery
Good afternoon Friends...
The weather has been very hot these days.
It has been 3 days without rain.
The sun is very hot.
There are clouds in the sky, but it has not rained.
The heat of the sun makes the ground steam, so we will feel the heat even more .
Anyway, I'm going through my daily life with my daily work.
Even though the weather is hot, looking at the green fields is soothing to the eyes.
I'm going through these green peanut fields.
The peanut plants are laying eggs.
In about a month, the peanuts will be harvested.
After that, I'll see empty fields.
However, there are still palm trees that are green regardless of the season.
Now, I took some memorable photos while admiring the green peanut fields that are only seen during the rainy season.
I would like to say that the natural rural scenery during the rainy season is beautiful.
Friends, may you also feel at peace while looking at my rural scenery photos.
မင်္ဂလာရှိကြပါစေ
ဒီရက်ပိုင်း ရာသီဥတုက အလွန်ပူအိုက်နေသည်။
မိုးရွာမည်လိုလိုနဲ့ မရွာတာ ၃ ရက်ရှိခဲ့ပြီ။
နေမင်းက အတော်ပူပြင်းနေသည်။
တိမ်တွေ ကောင်းကင်၌ ရှိနေပေမယ့် မိုးအုံ့မနေခဲ့ပါ။
နေပူရှိန်ကြောင့် မြေပြင်မှ အခိုးအငွေ့များ ထွက်သောကြောင့် ပူအိုက်သောဒဏ်ကို ပိုမို ခံစားရသည် ဖြစ်မည်။
မည်သို့ပင်ဖြစ်စေ ကျွန်တော်ကတော့ နေ့စဉ်ဘဝကို နေ့စဉ်အလုပ်ဖြင့် ဖြတ်သန်းနေပါသည်။
ရာသီဥတုပူပေမယ့် စိမ်းလန်းနေသော ကွင်းပြင်ကြီးကို ကြည့်မြင်ရသည်မှာ မျက်စိအေးချမ်းရပါသည်။
ကျွန်တော်က ဒီအစိမ်းရောင် မြေပဲခင်းတွေကို ဖြတ်ပြီး သွားလာနေရတာပါ။
မြေပဲပင်တွေက ဥချနေကြပါပြီ။
နောက်တစ်လလောက်ဆိုလျှင်တော့ မြေပဲတွေ ရိတ်သိမ်းကြတော့မှာပါ။
အဲဒီအချိန်ကျော်လွန်သွားလျှင်တော့ မြေကွက်လပ်တွေကို မြင်တွေ့ရတော့မှာပါ။
သို့ပေမယ့် ရာသီမရွေး စိမ်းစိုနေတတ်ကြတဲ့ ထန်းပင်တွေတော့ ရှိနေပါဦးမယ်။
ခုတော့ မိုးရာသီမှာပဲ မြင်ရတဲ့ အစိမ်းရောင် မြေပဲခင်း ကွင်းပြင်ကြီးကို ငေးမောရင်း အမှတ်တရဓာတ်ပုံတွေ ရိုက်ယူဖြစ်ခဲ့ပါတယ်။
မိုးရာသီသဘာဝ ကျေးလက်ရှုခင်းအလှဟုသာ ပြောပြချင်ပါတယ်။
မိတ်ဆွေတို့လည်း ကျွန်တော်၏ ကျေးလက်ရှုခင်းပုံများကို ကြည့်ရှုရင်း စိတ်အေးချမ်းသာယာနိုင်ကြပါစေ။