ခရမ်းဖြူပန်းလေးတွေနဲ့
မင်္ဂလာရှိကြပါစေ။
ကျန်းခန့်သာလို့ မာကြပါရဲ့လား မိတ်ဆွေတို့။
ဆောင်းရာသီ ဝင်လာပြီ ထင်ရပြီး မိုး မကုန်သေးလို့ ထင်ရသည် ရာသီဥတုက အေးမလာသေးပါ။
ကပ္ပလီပင်လယ်ပြင်၌ မုန်တိုင်းရှိသေးသည် ဆိုလား အလယ်ပိုင်းဒေသ၌ မိုးရွာနိုင်သည်ဟု မြင်သိရသည်။
ကျွန်တော် နေထိုင်ရာဒေသက တောင်သူတွေကတော့ မိုးရွာစေချင်ကြသေးသည်။

ခရစ်ပတိုကာရန်စီ ရှာယူရဖို့ စာရေး ပို့စ်တင်နေသော်လည်း ခရစ်ပတိုအကြောင်း စာတွေ မဖတ်ဖြစ် မရေးဖြစ်နေပါ။
နားလည်တတ်ကျွမ်းမှုလည်း မရှိပဲကိုး။
ဒီတော့ ကျေးလက်သဘာဝရှုခင်းတွေကိုသာ ဓာတ်ပုံရိုက်ယူပြီး အကြောင်းအရာသာ အနည်းငယ် ရေးသားကာ တင်ပြနေရသည်။
ဒီတော့ နေ့စဉ် အကြောင်းအရာ ဓာတ်ပုံတွေ မတူမထပ်ရအောင် တကယ် မလွယ်လှပါ။

ဒါကြောင့်သာပဲ ဒီနေ့တော့ အိမ် ဘေးနားက မြက်ပင်တွေကြားမှာ ပွင့်ဝေနေသော ပန်းလေးတွေကို ဖုန်း ကင်မရာဖြင့် ဓာတ်ပုံရိုက်ယူကာ ဖော်ပြပေးလိုက်ပါသည်။
ခရမ်းဖြူရောင် ပန်းလေးတွေက ချစ်စရာပါ။
ဘာပန်းလဲ အမည်မသိတော့ တောပန်း အရိုင်းပန်းလေးတွေဟုသာ ပြောရပါမည်။

ကဲ မည်သို့ပင်ရှိစေ၊ ရှေ့ဆက်လျှောက်ကြရအောင်ပါ မိတ်ဆွေတို့ရေ။
ဓာတ်ဖမ်းစရာတွေ များချက် မနာလိုစရာကောင်း။
!LOLZ
!MEME
lolztoken.com
She still thinks it's going to be a fishpond.
Credit: reddit
@golden.future, I sent you an $LOLZ on behalf of htwegyi
(3/8)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
ဦးထွေး ခြံထဲလည်း ပေါမှာပါ။