ဘဝအရေး အတွေးအပူ
မင်္ဂလာရှိကြပါစေ မိတ်ဆွေတို့ရေ။
ပျော်နေကြပါရဲ့လား။
ကျွန်တော်တော့ မပျော်ဘူး။
Hive ဈေးက ၉ပြားအောက် ရောက်နေတာ အတော် အဆင်မပြေပါ။
ပို့စ်တင်တော့လည်း ၁$ ပြည့်ဖို့တောင် ဆုတောင်းနေရတဲ့ဘဝ။
အကြောင်းအရာ ရှာရတာ မလွယ်တော့ နေ့စဉ် ပို့စ် မတင်နိုင်က ဖြစ်လိုက်သေး။
ဒီတော့ တကယ် ပျော်မနေပါဘူးဗျာ။

အလည်အပတ်ခရီးတွေလည်း မထွက်နိုင်။
သဘာဝအလှရှုခင်းတွေ မမြင်ရတော့ ဓာတ်ပုံမရိုက်ယူနိုင်။
ဓာတ်ပုံမရှိတော့ အကြောင်းအရာက ရှာကြံရေးမတတ်။
အမယ်မင်း ဘဝက ခါးလှချည်လားကွယ်။
ချမ်းသာဖို့ ဘာလုပ်ရမှန်းလည်း မသိ။
ခေတ်ဆိုးကြီးထဲ မကောင်းတာလည်း မလုပ်ချင်။
ဝင်ငွေကောင်းတာလည်း မလုပ်တတ်။
ခက်ရချည်ရဲ့ အနာဂတ်။
ကဲ ဒီနေ့တော့ ဒီလောက်ပဲ ညည်းလိုက်ပါမယ်။
မိတ်ဆွေတွေ ကျုပ်စာဖတ်ပြီး စိတ်ညစ်ပိုသွားမှာစိုးမိပါရဲ့ဗျာ။
ပုံကတော့ သစ်ခွခြံထဲက ရိုက်ယူလာခဲ့တဲ့ လက်ကျန် သစ်ခွပန်းပုံပါ။
0
0
0.000
အတူတူ အဖော်တွေ ရှိပါတယ်လေ။
!LOLZ
!MEME
အားပျော့လည်း ဆက်သွားနေရဦးမယ်
ကြမ္မာရဲ့ ရိုက်ချက်က ပြင်းတယ်ဗျာ 😞
!PIZZA
$PIZZA slices delivered:
@myanmarkoko(3/5) tipped @golden.future
Join us in Discord!