Yeah! We Got Three Points

United ကတော့ ရိုးရာမပျက်ပေ။ နိုင်တလှည့် ရှုံးတလှည့် အစဉ်အလာကို ဆက်ထိန်းထား၏။ ရှေ့တပတ်က Brentford ကို ရှုံးထားတော့ ဒီတပတ်မှာ နိုင်မယ်ပေါ့။ ဒါပေမယ့် ယတိပြတ် မပြောရဲသေး။ တဖက်မှာက ခြေစွာနေသည့် Sunderland နဲ့ တွေ့ရမှာ မလား။ ကံများ ကောင်းချင်တော့ 2-0 နဲ့ နိုင်သွားခဲ့၏။ ခြေစွမ်းကတော့ သိပ်အကောင်းကြီး မဟုတ်နေသေးပေ။ ခုထိ ကစားပုံ ကစားကွက်က တိုင်ပတ်နေဆဲပင်။

အသင်းငယ်မို့ နိုင်တာ အသင်းကြီးတွေနဲ့ဆိုရင် လည်ထွက်နေရောဟု အချို့ကလည်း ဆိုကြ၏။ လက်ရှိ United အခြေအနေက အသင်းတိုင်းက သူ့ထက် ကြီးသည့် အသင်းတွေ ချည်းပင်။ ဘယ်အသင်းနဲ့တွေ့တွေ့ ရေကုန်ရေခန်း ကစားနေရ၏။ လွယ်လွယ် ရသည့် 3 မှတ်ရယ်လို့ မရှိနေပေ။

United fan အချို့ကတော့ ခုပွဲကို ရှုံးစေချင်ကြ၏။ နည်းပြ Amorim ရဲ့ ခုံလှုပ်အောင်ပေါ့။ အကယ်လို့သာ ဒီတပွဲ ရှုံးရင် pressure ထပ်ပိမှာ မှန်ပေမယ့် အထုတ်ခံရနိုင်သည် အထိတော့ မဖြစ်လောက်သေးပေ။ နို့ပေမယ့် နိုင်တလှည့် ရှုံးတခါ ကြပြန်တော့လည်း မဟုတ်သေးပေ။ ဘာပဲ ပြောပြော နိုင်ပွဲ ပြန်ရှာတွေ့လို့ တော်သေးသည် ဆိုရမည်။

Mount & Sesko တို့က United အတွက် ဂိုးတွေ သွင်းယူပေးခဲ့၏။ 2 ဂိုးလုံး ပထမပိုင်း ကတည်းက သွင်းယူခဲ့ခြင်း ဖြစ်၏။ ဒုတိယပိုင်းမှာတော့ ထပ်မံ သွင်းယူနိုင်ခြင်း မရှိခဲ့ပေ။ ဂိုးသမား သစ် Senne Lammens ပွဲထွက်ကစားခဲ့ပြီး လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်ပြသွားခဲ့၏။

နည်းပြ Amorim ရဲ့ နည်းစနစ်က ပြဿနာ မဟုတ်ပေ။ ပြဿနာက ကစားသမားတွေ အနေနဲ့ အဆိုပါ နည်းစနစ်နဲ့ အံဝင်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတာ ဖြစ်၏။ ပြီး စိတ်အားထက်သန်မှု အနေနဲ့ကောပေါ့။

United Women အသင်း အနေဖြင့် ဒီတပတ် WSL Round 5 မှာ Chelsea women အသင်းကို အိမ်ကွင်းမှာ 1-1 သရေ ကစားပြီး အမှတ်ခွဲဝေယူထား၏။ ချန်ပီယံလိဂ် ချန်ပီယံ Arsenal women အသင်းက Man City women အသင်းကို 3-2 ဖြင့် ရှုံးသွားခဲ့၏။ လက်ရှိမှာ အမှတ်ပေး ဇယားကို Chelsea women အသင်းကပဲ ဆက်လက် ဦးဆောင်ထား၏။

Chelsea က 13 မှတ်နဲ့ အဆင့် 1, Man City က 12 မှတ်နဲ့ အဆင့် 2, United က 11 မှတ်နဲ့ အဆင့် 3 နေရာမှာ အသီးသီး ရပ်တည်နေ၏။

(photos from Premier League Page)



0
0
0.000
4 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Our Hive Power Delegations to the September PUM Winners
Feedback from the October Hive Power Up Day
Hive Power Up Month Challenge - September 2025 Winners List
0
0
0.000