What happening on Japan


(Photo from Japan Football Facebook Page)

After playing match 2 of Group C and D. Iran and Iraq qualify to knockout stage before playing final matches of Group stage. Both teams won 2 matches. Group D matches are really entertaining for us. Iraq vs Japan and Vietnam vs Indonesia. Iraq won Japan with 2-1 and Indonesia won Vietnam with 1-0.

What happening on Japan, I think they have more famous players than Iraq. Most of their players play at European Clubs as first line up players. But unfortunately they lose Iraq yesterday match. Japan play well than Iraq. They play attacking style most of the time. Iraq only play counter attack and this playing style work. They score 2 goals first and Japan score back only 1 goal at the injury times.

Another match of Group D, Vietnam vs Indonesia both teams from ASEAN Zone. The winner have a chance for knockout stage. The match is really competitive. Vietnam have more football position and Indonesia only play counter attack playing style. Indonesia score the goal by penalty at 1 st half. Vietnam can't score back and they lose the game.

After playing 2 matches Vietnam lose all matches and there is almost no chance for knockout stage. Tonight we will watch Arsenal vs Crystal Palace EPL match.

See you tomorrow guys. Let enjoy your weekend with your favorite football matches.

အုပ်စု D ၏ ဒုတိယမြောက် ပွဲစဉ်များ မနေ့က ကစား၏။ ဥရောပ ရောက် နာမည်ကြီး ကစားသမားတွေ ပါဝင်သည့် ဂျပန် အသင်းကို အီရတ် အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရသွားခဲ့၏။ ဦးဆောင်ဂိုး ၂ ဂိုးလုံးကို အီရတ်က အရင်သွင်း၏။ ပွဲပြီး ခါနီးမှပဲ ဂျပန်တို့ တဂိုး ပြန်သွင်း နိုင်ခဲ့၏။

ယခင် နှစ်ကာလတွေတုန်းက ဆိုရင် ထားတော့။ ထိုစဉ်က ပြည်ပ ထွက် ကစားသည့် ကစားသမားက အတော်လေး နည်းသေး၏။ ခုနှစ် ကာလ ဂျပန် အသင်းကို ကြည့်လိုက် ပြည်ပရောက် ကစားသမားတွေ တော်တော်များများ ပါ၏။ ပြီး သက်ဆိုင်ရာ ကလပ်တွေမှာလည်း ဦးစားပေး ကစားသမား အဖြစ်ကို ကစားနေကြရသူများ ဖြစ်၏။ အဲ့လို ကစားသမားတွေ ပါသည့် အသင်းက အီရတ် အသင်းကို ရှုံးသွားခဲ့၏။

ဂျပန်က ကစားပုံ ပိုကောင်း၏။ ပွဲချိန် တော်တော်များများ သူတို့ကသာ ဖိကစား၏။ ပွဲကိုလည်း စိုးမိုးထားနိုင်၏။ ကစားပုံ ကောင်းပေမည့် ဂိုးမရတာတော့ ဆိုး၏။ တန်ပြန်တိုက်စစ်ကိုသာ ဦးစားပေး ကစားသည့် အီရတ်က ဂိုးတွေ ရသွားခဲ့၏။ ယခုပွဲ အနိုင်ရသည့် အီရတ်ကတော့ ၁၆ သင်း အဆင့်ကို တက်လှမ်း သွားနိုင်ခဲ့ပြီ ဖြစ်၏။ ၂ ပွဲ ကစားပြီး ၂ ပွဲလုံး အနိုင်ရထားသည်ကိုး။

အုပ်စု D ၏ အခြား ပွဲစဉ် တခုကလည်း စိတ်ဝင်စားဖို့ ကောင်း၏။ အာဆီယံဒေသတွင်းက အသင်းတွေ ဖြစ်သည့် ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့၏ ပွဲစဉ် ဖြစ်၏။ ဗီယက်နမ်လည်း ဂျပန် လိုပါပဲ သူက ဖိကစားပြီး သူပဲ ရှုံးသွားရော။ ပထမပိုင်းမှာ ပေးလိုက်ရသည့် ပင်နယ်တီဂိုး တဂိုးလေးနဲ့ပဲ အရှုံး ပေးလိုက်ရ၏။ ၂ ပွဲ ရှုံးထားပြီမို့ ဗီယက်နမ် အဖို့ နောက်တဆင့် တက်ဖို့ မဖြစ်နိုင်တော့ပေ။

ဒီပွဲ အနိုင်ရထားသည့် အသင်းက အကောင်းဆုံး တတိယနေရာကို မှန်းလို့ ရနိုင်သေး၏။ ဒါကြောင့်လည်း ၂ သင်းလုံး ရေကုန်၊ ရေခမ်း ကစားကြ၏။ ဗီယက်နမ်က တိုက်စစ်ဆင် ဖိကစား၏။ အင်ဒိုနီးရှားကတော့ တန်ပြန် တိုက်စစ်နဲ့သာ ကစား၏။ ဖိက ဖိနိုင်ပေမယ့် ဗီယက်နမ် ကစားပုံက ပျာယာခတ်နေသလိုပင်။ တဂိုး သွင်းခံထားရလို့ ဖိအား ရှိနေတာလည်း ပါမယ်။ ငါတို့ ရှုံးလို့ မရဘူး ဆိုသည့် စိတ်က တွန်းအား ဖြစ်စေတာထက် ကျော်လွန်ပြီး ဖိအား အဖြစ် ပြောင်းသွားသည် ထင်၏။

ကဲပါလေ စနေနေ့ည ပွဲစဉ်တွေ ကြည့်လိုက်ပါဦးမယ်။ နောက်နေ့မှ တွေ့ကြတာပေါ့။



0
0
0.000
5 comments