Weekend is Coming

စနေနေ့ ည ၉ နာရီခွဲမှာ EPL ပွဲစဉ် ၃ ပွဲ ကစားသွားမည် ဖြစ်၏။ Aston Villa vs Leeds, Brentford vs Brighton, Chelsea vs Burnley တို့၏ ပွဲစဉ်များ ကစားသွားဖို့ ရှိနေပါ၏။ ရှေ့ရက်က ပွဲစဉ်မှာ Arsenal အနေဖြင့် Wolves ကို အဝေးကွင်းမှာ ၂-၂ သရေကျထားသဖြင့် အမှတ်ကွာဟမှု လျော့ချပြီး ဖိအားပေးနိုင်ဖို့ Aston Villa တို့ ကြိုးစားသွားဖို့ ရှိနေ၏။ Leeds အနေဖြင့်လည်း Aston Villa ထံကနေ အမှတ်ရသလောက် ခွဲဝေယူဖို့ ကြိုးစားပေလိမ့်မည်။ တန်းဆင်းဇုန်နှင့် ဝေးရာ နေရာမှာ လွတ်လွတ်ကျွတ်ကျွတ် ရပ်တည်နိုင်ဖို့ Leeds တို့ အမှတ်ရသလောက် ယူထားနိုင်ဖို့ လိုမည် ဖြစ်၏။
Aston Villa အနေဖြင့် ယခုပွဲ အနိုင်ရခဲ့ရင် အဆင့် ၁ က Arsenal နှင့် ၅ မှတ်ကွာ အနေထားသို့ ရောက်နိုင်မှာမို့ ဒီအခွင့်အရေးကို အကောင်းဆုံး ဖမ်းဆုပ်နိုင်ဖို့ လိုမည် ဖြစ်၏။ Brentford vs Brighton ပွဲစဉ်မှာတော့ အိမ်ရှင် Brentford အသင်း အနိုင်ရသွားဖို့ အခွင့်အလမ်းပိုနေခဲ့၏။ Brighton တို့ အနေဖြင့် နောက်ဆုံးကစားထားသည့် ၅ ပွဲမှာ နိုင်ပွဲ တပွဲမှ မရထားသေးပေ။ ထိုအချက်က အတော်ဆိုးလှ၏။ ၂ သင်းလုံး FA Cup Round 4 ကစားထားရတာမို့ ပွဲပန်းနေနိုင်တာကို ထည့်သွင်း စဉ်းစားဖို့ လိုမည် ထင်၏။

Chelsea အနေဖြင့် Burnley နှင့်တွေ့ဆုံရခြင်းမို့ အတန်ငယ် အသက်ရှူချောင်သည်ဟုတော့ ဆိုရပေလိမ့်မည်။ Burnley အနေဖြင့် တန်းဆင်းသွားရဖို့ သေချာသလောက်နီးနီး ရှိနေပေမဲ့ Wolves က Arsenal ကို ဒုက္ခ ပေးခဲ့သလို Chelsea ကိုလည်း ဒုက္ခပေးသွားနိုင်၏။ ရာသီ သိမ်းဖို့ နီးလာလေလေ EPL ပွဲစဉ်တွေကလည်း အကြိတ်အနယ် ရှိလာ လေလေ ဖြစ်လာ၏။
EPL ပွဲစဉ် နည်းပေမဲ့ Championship ပွဲစဉ်တွေကိုပါ ကြည့်ရှု အားပေးနိုင်ပါ၏။ လက်ရှိ အမှတ်ပေးဇယားကို Coventry အသင်းက ဦးဆောင်ထား၏။ ၃၂ ပွဲ ကစားပြီး ၆၂ မှတ် ရရှိထား၏။ အဆင့် ၂ နေရာကနေ ဖိအားပေးနေတာက Middlesbrough ဖြစ်၏။ ၃၂ ပွဲ ကစားပြီး ၆၁ မှတ် ရရှိထား၏။ အဆင့် ၃ မှသည် ၁၂ ထိ အသင်းတွေ အနေဖြင့် EPL တန်းတက်ခွင့် (play off) ကစားသွားရဖို့ အခွင့်အရေးရှိနေပါ၏။
(photos from Premier League Page)