We won 3 rd Place
သောကြာနေ့က အုပ်စုပွဲစဉ်များ ကစားပြီးနောက် တရက်နားကာ တနင်္ဂနွေ နေ့မှာ လက်ကျန် အုပ်စုပွဲတွေ၊ တတိယ လုပွဲနှင့် ဗိုလ်လုပွဲတို့ ကစားဖို့ စီစဉ်ထား၏။ ၄ သင်း ပတ်လည်ဆိုတော့ တသင်းကို ၃ ပွဲစီ ကစားကြရမည် ဖြစ်၏။ အုပ်စု ပထမနှင့် ဒုတိယက ဖလားလုပြီး၊ အုပ်စု တတိယနှင့် စတုတ္ထက တတိယ လုပွဲကစားကြမည် ဖြစ်၏။ သို့ပေမယ့် သောကြာနေ့ အုပ်စု ပွဲစဉ်တွေမှာ ၂ သင်းက ၂ ပွဲနိုင်ပြီး ၂ သင်းက ၂ ပွဲ ရှုံးထားခဲ့တော့ ဗိုလ်လုရမယ့် အသင်းနှင့် တတိယ လုရမယ့် အသင်းတွေ အစောကြီး ထွက်ပေါ်လို့ လာခဲ့တော့၏။
သို့နှင့် အားလုံး တိုင်ပင်ပြီး အုပ်စု နောက်ဆုံးပွဲစဉ်ကို မကစားကြတော့ဘဲ တတိယနှင့် ဗိုလ်လုပွဲများကို တန်းပြီး ကစားဖို့ ဆုံးဖြတ် လိုက်ကြ၏။ နှစ်ပွဲလုံး ရှုံးထားသည့် နှစ်သင်းက တတိယလုရမည် ဖြစ်ပြီး နှစ်ပွဲလုံး နိုင်ထားသည့် နှစ်သင်းက ချန်ပီယံ ဆုအတွက် ယှဉ်ပြိုင် ကစားကြရမည် ဖြစ်၏။
တတိယဆိုပေမယ့်လည်း ဂုဏ်သိက္ခာပိုင်းအရမို့ အနိုင်တော့ ကန်မှ ရမည်။ ကစားသမျှ ပွဲ အားလုံး ရှုံးက အဆင်မပြေပေ။ အားကုန်ထုတ်ပြီး အစွမ်းကုန် ကစားမှ ဖြစ်မည်။ ပြောသာပြောရတယ် သောကြာနေ့က ဒဏ်တွေက ကျန်နေသေး၏။ ၂ ပွဲဆက်တိုက် အားကုန်သုံးပြီး ကစားထားရသည် မဟုတ်လား။ ခြေသလုံး ကြွက်သားတွေ နာနေသေး၏။ တက်နိုင်သလောက် ကြိုးစားပြီး ကန်ရုံပေါ့။
(Photo from @wearecygnus post)
တကယ်တမ်း ယှဉ်ပြိုင်ကစားတော့ အတော်လေး အကြိတ်အနယ် ရှိလှ၏။ အားသာချက် အားနည်းချက်တွေကို ပိုလို့ သဘောပေါက်သွားကြပြီမို့ ကစားပုံ၊ ကစားကွက် တော်တော်လေး အဆင်ပြေသည်ဟု ပြောလို့ရ၏။ တဖက်အသင်းက ဦးဆောင်ဂိုး အရင်သွင်း၏။ နောက်ကနေ လိုက်ကစားပြီး ချေပဂိုးနှင့် ဦးဆောင်ဂိုးတွေ တဖန် ပြန်သွင်းယူ၏။ ပထမပိုင်းအပြီးမှာ (၄-၁) ဂိုးဖြင့် ကျနော်တို့ ဦးဆောင်ထားခဲ့၏။ ထို့နောက် (၆-၂) ဂိုး ဖြစ်သွား၏။
ကျနော်တို့ ကစားသမား အပြောင်းအလဲနှင့် ကစားအား ခဏကျသွားချိန်မှာ တဖက်အသင်းက ဂိုးတွေ ဆက်တိုက် သွင်းယူပြီး (၆-၅) ထိ ဖြစ်သွားခဲ့၏။ ပြိုင်ဘက်အသင်း ပိုပြီး အားတက်လို့ လာပြီ ဖြစ်၏။ ကျနော်တို့လည်း ဖိအားတွေ အောက် တဖန် ပြန်ရောက်သွား၏။ သေချာလေး ဖိဖိစီးစီး ပြန်ကစားယူရ၏။ နောက်ပိုင်းမှာ ဂိုးတွေ ထပ်ရပြီး (၁၀-၇) ဖြင့် ပွဲပြီးသွားခဲ့၏။
လိုအပ်နေသည့် နိုင်ပွဲလေးတော့ ရယူနိုင်ခဲ့၏။ တတိယ ဆိုတော့လည်း တတိယပေါ့။ မောပန်းသွားပေမယ့် အုပ်စုပွဲ နေ့ကလောက်တော့ မမောပန်းတော့ပေ။ ဘာပဲ ပြောပြော အကောင်းဆုံး ယှဉ်ပြိုင်ကစားနိုင်ခဲ့တာပဲ ဟုတ်နေပါပြီ။ နောက်ပိုင်း ဝင်ရောက် ယှဉ်ပြိုင်မယ့် ပြိုင်ပွဲတွေ အတွက်လည်း လေ့ကျင့်ပြီးသား ဖြစ်သွားတာပေါ့။
Congratulations 👏!lolz
lolztoken.com
He had no Monet to buy Degas to make the Van Gogh
Credit: reddit
@donjaun, I sent you an $LOLZ on behalf of golden.future
(1/10)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
Thanks
☺️
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻