We Won
ဒီနေ့ ညနေမှာ လက်ရှိ ကျနော်တို့ ဝင်ရောက် ယှဉ်ပြိုင်နေသည့် Tai-Ger Sportswear မှ ကြီးမှူး ကျင်းပသည့် Tai-Ger Cup အုပ်စု နောက်ဆုံး ပွဲစဉ်များ ကစားကြရမည် ဖြစ်၏။ ဒီနေ့ ပွဲစဉ်က ကျနော်တို့ အတွက် အရေးကြီး၏။ အနိုင်ရမှသာ ရှုံးထွက် အဆင့်သို့ တက်ရောက် နိုင်မည် ဖြစ်၏။ ကျနော်တို့က ၄ သင်း အုပ်စု ဆိုတော့ ၃ ပွဲ ကစားရ၏။ ရှေ့ ၂ ပွဲမှာ ၂ ပွဲလုံး သရေကျထားတော့ ယခုပွဲစဉ် နိုင်ဖို့ကို လိုနေ၏။
ပထမဆုံး ပွဲစဉ် သရေကျတာကတော့ ထားတော့။ ပါကေး ကွင်း အကြောင်း ကောင်းကောင်းမသိသေးတာကြောင့် ထင်ထားသလောက် မျှော်လင့်ထားသလောက် ကောင်းကောင်း မကစားနိုင်ခဲ့ကြပေ။ ဒုတိယ ပွဲစဉ်ကတော့ နိုင်သင့်သည့် ပွဲစဉ် ဖြစ်၏။ ပြိုင်ဘက်ကို အထင်သေးတာရယ်လို့တော့ မဟုတ်ပေမယ့် တဖက်အသင်းက သိပ်အကောင်းကြီး မဟုတ်နေပေ။ ကျနော်တို့ အသင်းကကို လျော့သွားခြင်း ဖြစ်၏။ ဦးဆောင်ဂိုး ၂ ဂိုး အရင်ရထားပြီးခါမှ ဟိုဘက်က ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်သွင်းသွားခြင်း ဖြစ်၏။ ကိုယ်က ဦးဆောင်သူ အဖြစ်ကနေ နောက်ကလိုက်ပြန်ကစားရသူ ဖြစ်သွားခဲ့ရ၏။ ချေပဂိုး ပြန်သွင်းနိုင်ခဲ့လို့သာ 3-3 နဲ့ ပွဲ ပြီးသွားခဲ့၏။
၂ ပွဲ သရေ ဆိုတော့ 2 မှတ်သာ ရထားသေး၏။ ဒီနေ့တွေ့ရမည့် အသင်းကတော့ ၂ ပွဲ ကစားပြီး ၁ ပွဲနိုင်၊ ၁ ပွဲရှုံး 3 မှတ်ရထား၏။ သူတို့က သရေ ဆိုရင်ကို မျှော်လင့်ချက် ရှိပေမယ့် ကျနော်တို့က နိုင်မှကို ရမည် ဖြစ်၏။ နိုင်မှသာ နောက်တဆင့်ကို တက်ရမည် ဖြစ်၏။ ဒုတိယ ပွဲစဉ်ကိုသာ နိုင်ထားခဲ့ရင် အုပ်စု နောက်ဆုံးပွဲကို သက်တောင့်သက်သာ မဟုတ်တောင် ဖိအားနည်းနည်းနဲ့ ကစားခွင့် ရမည် ဖြစ်၏။ ဘာပဲ ပြောပြော နိုင်ရင် တက်ပြီမို့ အကောင်းဆုံး ကြိုးစား ကစားကြရမည် ဖြစ်၏။
အသင်းအနေနဲ့ ဝင်ပြိုင် ခဲ့သမျှ ပြိုင်ပွဲတွေတိုင်း အနည်းဆုံး ရှုံးထွက်အဆင့်တော့ တက်ရောက်နိုင်နေကြမို့ ယခု ပြိုင်ပွဲမှာလည်း နောက်တဆင့်တော့ တက်မည်ဟု ယုံကြည်ပါ၏။ ယုံကြည်မှုကို အခြေခံပြီး အကောင်းဆုံး ကြိုးစားသွားမှာမို့ Hive က ကျနော့် မိတ်ဆွေများကလည်း ဆုမွန်ကောင်းများတောင်း၍ အားပေးကြပါဦးလို့။
(update :: နိုင်သွားပါတယ်ဗျ။)
!PIZZA
!MEME
Credit: pepe-cash
Earn Crypto for your Memes @ HiveMe.me!
$PIZZA slices delivered:
@htwegyi(1/10) tipped @donjaun
♦️ You got 0.01 FELT for sharing high vibes on Hive.
📋♦️ FELT Info