We Lose

Round 29 ၏ နောက်ထပ် ပွဲစဉ် ၅ ပွဲ ကစားခဲ့၏။ ၄ ပွဲက အရှုံးအနိုင် အဖြေပေါ်ခဲ့ပြီး ၁ ပွဲကတော့ သရေ ရလဒ် ထွက်ပေါ်ခဲ့၏။ Chelsea အနေဖြင့် ပြီးခဲ့သော ပွဲစဉ်မှာ Arsenal ကို ရှုံးနိမ့်ခဲ့ပေမဲ့ ဒီပွဲစဉ်မှာတော့ Aston Villa ကို ဂိုးပြတ် သွင်းယူပြီး ပေါက်ကွဲ ပြခဲ့လေ၏။ အဝေးကွင်းမှာ Aston Villa ကို ၁-၄ ဖြင့် အနိုင်ရသွားခဲ့လေ၏။ ပွဲအစ ၂ မိနစ် မှာ ကတည်းက Aston Villa တို့ ဦးဆောင်ဂိုး စတင် သွင်းယူခဲ့၏။ ဒါပေမဲ့ နောက်ပိုင်း ပွဲ ကစားချိန်မှာ Chelsea အသင်းက ချေပဂိုး အနိုင်ဂိုးတွေကို သွင်းယူသွားခဲ့၏။ Chelsea ကစားသမား Joao Pedro ၏ Hat Trick သွင်းဂိုး တွေ နှင့်အတူ အနိုင် ၃ မှတ် ရယူသွားခဲ့၏။

Brighton vs Arsenal ပွဲစဉ်မှာတော့ ဧည့်သည် Arsenal အသင်းက Saka ၏ ၉ မိနစ်မှာ သွင်းယူခဲ့သည့် ၁ လုံးထဲသော ဂိုးဖြင့် အနိုင်ရသွားခဲ့လေ၏။ ဆင်ပျံကြီးကတော့ ဖြေးဖြေးမှန်မှန် အနိုင်ရယူပြီး အမှတ်ပေး ဇယားကို ဆက်လက်၍ ဦးဆောင်ထား၏။ Fulham vs West Ham ပွဲစဉ်မှာတော့ ဧည့်သည် West Ham အသင်းက ၀-၁ ဖြင့် အနိုင်ရသွားခဲ့လေ၏။ တန်းဆင်းဇုန်က လွတ်ဖို့ ရုန်းကန်ရမယ့် West Ham တို့ အနိုင် ၃ မှတ်ကို အရယူသွားခဲ့လေ၏။

အဆင့် ၂ ကနေ Arsenal ကို လိုက်လံ ဖိအားပေးနေသည့် Man City အနေဖြင့် အိမ်ကွင်းမှာ Nottm Forest ကို ၂-၂ သရေကျခဲ့လေ၏။ ဦးဆောင်ဂိုး အရင် ရပေမဲ့ Nottm Forest က ပြန်လည်ပြီး ချေပခဲ့သောကြောင့် City တို့ အမှတ် ခွဲပေးလိုက်ရလေ၏။ ကိုယ်က ဖိအား လိုက်ပေးရမယ့်ဟာကို ဖိအားတွေက ကိုယ့်ဆီသာ ပြန်လည်လို့ ကျရောက် လာခဲ့၏။ ယခုပွဲ သရေကျမှုကြောင့် Arsenal နှင့် (၁ ပွဲလျော့) ၇ မှတ်ကွာ အနေအထားသို့ ရောက်သွားခဲ့လေ၏။

Manchester ညီနောင် ဖြစ်သည့် United သည်လည်း အခြေအနေမကောင်းပေ။ New Castle ကို ၂-၁ ဖြင့် ရှုံးနိမ့်သွားခဲ့လေ၏။ အဝေးကွင်း ဆိုပေမဲ့တယောက်လျော့ New Castle ကို အနိုင်မရတာက အတော်လေး ဆိုးလှ၏။ ပထမပိုင်း ၄၅ မိနစ်မှာ ကတည်းက New Castle ကစားသမား တဦး ၂ ဝါ ၁ နီဖြင့် ထုတ်ပယ် ခံထားရပြီး ဖြစ်၏။ ဒုတိယပိုင်း တပိုင်းလုံး တယောက်အသာနဲ့ကို အနိုင်မရခဲ့ခြင်း ဖြစ်၏။

ခု နောက်ပိုင်း United ၏ Tempo က ပြန်လည်ကျလာခဲ့၏။ ၁ ပွဲပြီး ၁ ပွဲ တိုးတက် လာရမဲ့ အစား ၁ ပွဲပြီး ၁ ပွဲ လျော့ရဲလို့လာ၏။ အမြဲတမ်းတော့ အနိုင်မရနေနိုင်ဘူးကို သိပေမဲ့ နိုင်သင့်သည့်ပွဲတွေကိုတော့ အနိုင်ရစေချင်မိ၏။ ယခုပွဲ ရှုံးနိမ့်ခဲ့ပေမဲ့ Aston Villa ကလည်း Chelsea ကို ရှုံးခဲ့တာကြောင့် အဆင့် ၃ နေရာကနေ ဖယ်ပေးလိုက်ရခြင်း‌တော့ မရှိပေ။

(photos from Premier League Page)



0
0
0.000
0 comments