We Draw

နိုင်ပွဲဆက်နေသည့် United အဖို့ ဒီတပတ်မှာတော့ သရေ ရလဒ်နဲ့သာ အဆုံးသတ်သွားခဲ့ရ၏။ Nottm Forest ကစားသွားတာ တကယ် ကောင်း၏။ ဦးဆောင်ဂိုးကို United တို့က အရင်သွင်း၏။ သို့ပေမယ့် ချေပဂိုးနှင့် အနိုင်ဂိုးတွေကိုတော့ Nottm Forest က သွင်းယူသွားခဲ့ခြင်း ဖြစ်၏။ 81 မိနစ်မှာ Amad က ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့လို့သာ မရှုံးတာဟု ဆိုရမည်။ နာကျင် အချိန်ပိုမှာ ပြန်လျှံထွက်လာသည့် ဘောလုံးကို Amad မြေမကျ လှမ်းကန်တာကိုသာ တဖက်အသင်း နောက်တန်း ဂိုးစည်းကနေ မရှင်းထုတ် နိုင်ခဲ့ဘူးဆိုရင် United တို့တောင် အနိုင်ရသွားနိုင်၏။
ဘာပဲ ပြောပြော အရှုံးကနေ သရေရလဒ် ရအောင် ယူနိုင်ခဲ့လို့ မဆိုးဟု ပြောရပေလိမ့်မည်။ နိုင်ခဲ့ရင်တော့ အတိုင်းအထက်လွန်ပေါ့လေ။ သရေနဲ့သာ ပွဲပြီးသွားတာမို့ Frank Ilett တယောက် ဆံပင်ညှပ်ရဖို့ ဝေးကွာနေဦးမည် ဖြစ်၏။ တချိန်က United အဖို့ 5 ပွဲဆက် အနိုင်ရဖို့ မခက်ပေ။ ယခု အခြေအနေမှာတော့ 5 ပွဲဆက် မရှုံးဖို့သာ အာရုံစိုက်ရမယ့် ခြေစွမ်းမျိုး ဖြစ်နေခဲ့၏။ မည်သို့ပင် ဆိုစေကာမူ ရာစီ အစတုန်းကထက်စာရင် United တို့ အတော်လေး ကောင်းလာခဲ့ပြီ ဖြစ်၏။
တန်းဆင်းဇုန် ဖိအားထဲ ရောက်နေသည့် Nottm Forest ထံကနေ သရေတမှတ် ရယူနိုင်ခဲ့တာပဲ မဆိုးပါဘူးဟု ပြောရပေလိမ့်မည်။ ဆင်ပျံကြီး Arsenal ကတော့ Burnley ကို အဝေးကွင်းမှာ 0-2 ဖြင့် အနိုင်ယူပြီး အဆင့် 1 နေရာကနေ အမှတ်တွေ ထပ်ဖြတ်ထားပြန်၏။

Anfield မှာ ဟီးဟီးဟားဟား လုပ်နေကြ Crystal Palace အသင်းကတော့ အိမ်ကွင်းမှာ Brentford ကို 2-0 ဖြင့် အနိုင်ရယူပြီး ဇယားထိပ်နား ပြန်တက်လာခဲ့၏။ Tottenham vs Chelsea ပွဲစဉ်မှာတော့ အိမ်ရှင် Tottenham ကို ဧည့်သည် Chelsea က 0-1 ဖြင့် အနိုင်ရသွားခဲ့၏။
စနေနေ့ ပွဲစဉ်များထဲမှာ United ၏ ပွဲစဉ်ကလွဲလို့ ကျန်ပွဲစဉ်များ အရှုံးအနိုင်ရလဒ်တွေ ထွက်ပေါ်ခဲ့သည်ဟု ဆိုရပေလိမ့်မည်။ တနင်္ဂနွေဘက် ကူးသွားသည့် Liverpool vs Aston Villa ပွဲစဉ်မှာတော့ Liverpool က ဖြင့် အနိုင်ရသွားခဲ့၏။ ရှုံးပွဲတွေ ဆက်နေမှုကို Liverpool တို့ ရပ်တန့်နိုင်ခဲ့ပြီ ဖြစ်၏။ တပွဲတလေ ပြန်နိုင်တာလား နောက်ပွဲစဉ်တွေမှာပါ တကယ် ပြန်လာပြီလားကတော့ လာမယ့်ပွဲစဉ်တွေကို ဆက်လက်စောင့်ကြည့်ရပေလိမ့်ဦးမည်။
(photos from Premier League Page)
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOPCheck out our last posts: