VPN Error
မနေ့က vpn ပြဿနာက အတော်လေး hot ဖြစ်သွားခဲ့၏။ ယခင် ကတည်းက လိုရမယ်ရဆိုပြီး vpn 4,5 မျိုးလောက် အရံသင့်ဆောင်ထားသူမို့ အဆင်ပြေ၏။ အဆင်မပြေသည့် သူငယ်ချင်းတွေကိုတောင် ကျနော်က လုပ်ပေး ကြည့်ပေးလိုက်သေး၏။ တဦးနှင့် တဦး အပြန်အလှန်ပေါ့လေ။ Express vpn, 1111 vpn တို့လို လူသုံးများတဲ့ vpn တွေ သုံးမရ ဖြစ်ကုန်၏။ vpn ကလည်း တကယ်တမ်းက Facebook အတွက်ပဲ လိုတာပါလေ။
ကျနော်တို့ နိုင်ငံက Facebook အသုံးများသည် မဟုတ်လား။ နိုင်ငံတော် app ဟုပင် ခေါင်းစဉ်တပ်လို့ရမည်ထင်။ Facebook သုံးမရရင် ဘဝကြီးပဲ အဓိပ္ပာယ် မရှိတော့သလိုလို။ Facebook နဲ့ လုပ်ငန်းဘာညာ၊ ဝင်ငွေ ရနေသူတွေဆိုရင် ထားပါလေ။ ထိုသူတွေထက် ဒီအတိုင်း social media သဘောမျိုး သုံးသူတွေက ပိုပြီး ကဲနေကြသလားလို့ပါ။ ကလစ်ကာတွေ အတွက်က Facebook မရမှာထက် စာရင် ကလစ်လို့ မရတော့မှာကိုသာ ပူကြခြင်း ဖြစ်၏။ တကယ်လည်း မနေ့က ကလစ်နေကြ vpn တွေက ချိတ်မရ၊ ပြုမရ ဖြစ်ခဲ့သေးသည်ကိုး။ ကျနော်တောင် vpn 2 ခု ပြောင်းသုံးမှ ကလစ်လို့ရ၏။
တချို့ကကြ စကစက ban တာဟု ပြော၊ တချို့ကကြ cloudflare sever maintenance လုပ်လို့ vpn တွေ လိုင်းကြတာလို့ ပြောလိုပြောနှင့်။ ဘယ်ဟာက အမှန်တော့ ကိုယ်တွေလည်း မသိပေ။ ဒါပေမယ့် vpn တွေ သုံးမရတာကတော့ အမှန်ပင်။ ကိုယ့်ကိုက firmware အသစ်နဲ့ အသားကျဖို့ လုပ်နေပါတယ်ဆိုမှ vpn က ကြားထဲက လာရှုပ်နေသေး၏။ ပြည်သူတွေမှာလည်း ဒုက္ခ။ စားဝတ်နေရေး အတွက် ရုန်းကန် နေရပါတယ်ဆိုမှ vpn က တမှောင့်။
မြန်မာ ငွေဈေးကလည်း စံချိန်တင်ကို ကျနေခဲ့၏။ မကြာခင် 1$ ကို 5000 kyat ထိ ဖြစ်လိမ့်မည်ဟုလည်း ပြောနေကြ၏။ ဖြစ်လည်း ဖြစ်ခါနား နီးနေပါပြီလေ။ လက်ရှိ ရေပန်းစားနေတဲ့ စကား (ကောင်းတဲ့ စကားတော့ မဟုတ်) သုံးရရင် တနိုင်ငံလုံး ခွေး ဖြစ်ကြတော့မည်။ ကျပ်ငွေပဲ စားစား၊ ဒေါ်လာပဲ စားစား ကိုယ်ရှာသလောက် ကိုယ်ရ ကိုယ်သုံး နိုင်တော့မည် မဟုတ်ပေ။ ဒီအချိန် Hive ဈေးလေး အနေအထား တခု ရှိနေခဲ့မယ်ဆိုရင် အနည်းငယ်တော့ အသက်ရှူ ချောင်မယ်ထင်။
Firmware နဲ့အသားကျဖို့ ကြိုးစားနေရင်း လိုရမယ်ရ ဆိုပြီး vpn တွေ ထပ်ရှာ ထားရသေး၏။ ပြောမရဘူးလေ၊ တော်နေကြာ လက်ရှိ vpn တွေ တခုခု ဖြစ်ရင် အရံ backup လေးတော့ ရှိထားဦးမှ မလား။ ခုထိတော့ နေ့စဉ် မပျက် မကွက် ကလစ်နေနိုင်ဆဲပင်။ WOH developer ကိုတွက် ကတော့ ပြည်တွင်း ကလစ်ကာတွေအဖို့ vpn မလိုဘဲ ကလစ်နိုင်အောင် လုပ်ပေးမယ်ဟုတော့ ပြောထား၏။ ဒါဆိုရင်လည်း မဆိုးပေ။ ကျနော်တို့က ဒါပဲ လုပ်ပေးနိုင်တာမို့ ဒါလေးတော့ အဆင်ပြေနေမှ ဖြစ်မည်။
VPN နဲ့တမျိုး ဖုန်း စတိုးပြည့်တာကတမျိုး။
ကျွန်တော်ဖုန့်က ဆမ်ဆောင်ပါ စတို့းပြည့်တာကို
ဘယ်လို လုပ်ရမလဲဗျ။ ကိုဒွန့် ရေ ဆော့ဝဲလ်
တွေမဖျက်ချင်ပဲ စတိုးပြည့်တာကို
ပြုပြင်လို့ရသလားဗျ။
!LOLZ
!MEME
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
Credit: bitandi
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
It's a little bit funny.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(2/8)
မလိုအပ်တဲ့၊ သိပ်မသုံးဖြစ်တဲ့ software တွေ app တွေကို uninstall လုပ်လိုက်ဗျ။ ဓါတ်ပုံတွေ ဗီဒီယိုတွေကိုက phone storage ထဲမှာထက် cloud storage တခုခုမှာ သိမ်းထားလိုက်ဗျ။ ဒါမှမဟုတ်လည်း otg stick လိုမျိုးထဲ ထည့်သိမ်းလိုက်ဗျ။
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Check out our last posts:
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻